(COVID-19) အထိအတွေ့ အန္တရာယ်ကို စီမံခန့်ခွဲခြင်း စိုက်ပျိုးရေး လုပ်ငန်းကဏ္ဍ

စိုက်ပျိုးရေး လုပ်ငန်းကဏ္ဍတွင် အလုပ်သမားများ ကိုရိုနာဗိုင်းရတ်စ် (COVID-19) နှင့်အထိအတွေ့ကို တားဆီးခြင်းနှင့် ထိန်းချုပ်ခြင်း

အဆင့် ၄ ပိတ်ပင်ကန့်သတ်ချက်များကို Melbourne မြို့နယ်နိမိတ်နှင့် အဆင့် ၃ ပိတ်ပင်ကန့်သတ်ချက်များကို ဗစ်တိုးရီးယားပြည်နယ် နယ်စွန်ဒေသတို့တွင် သက်ဆိုင်သည်

သင့် လုပ်ငန်းကဏ္ဍအပေါ်မူတည်ပြီး အဆင့် ၄ 'အိမ်၌နေပါ' ဆိုသည့် ပိတ်ပင်ကန့်သတ်ချက်များကို ချမှတ်သည့်ကိစ္စ၌ သင့်အလုပ်နေရာတွင် လုပ်ရန်လိုအပ်နိုင်ဖွယ်ရာရှိသည်မှာ -

  • အလုပ်ခွင်၌ လုပ်သည့်အလုပ်ကို ပိတ်ထားကောင်း ပိတ်ထားရနိုင်သည်
    • ချမှတ်ထားသည့် COVIDSafe အစီအစဥ်နှင့်အတူ အလုပ်ခွင်နေရာ၌ လုပ်သည့်အလုပ်ကို ဆက်လက် ဖွင့်ထားကောင်း ဖွင့်ထားနိုင်သည်
      • ပိတ်ပင်ကန့်သတ်ထားသည့် လုပ်ငန်းလည်ပတ်မှုများ သို့မဟုတ် လုပ်ငန်းကဏ္ဍ သီးခြား တာဝန်များအပေါ် မူတည်ကောင်း မူတည်နိုင်သည်။

        ဤပိတ်ပင်ကန့်သတ်ချက်များကို အချိန်မရွေး ပြောင်းလဲပြင်ဆင်ကောင်း ပြင်ဆင်နိုင်သည်။ သင်သည် သင့် လုပ်ငန်းကဏ္ဍအတွက် ပြောင်းလဲချက် တစ်ရပ်ရပ်နှင့်ပတ်သက်ပြီး နောက်ဆုံးသတင်း သိနေအောင်လုပ်ရမည်။

        COVIDSafe အစီအစဥ်တစ်ရပ်ကို ပြင်ဆင်ပါ

        အဆင့် ၄ 'အိမ်၌နေပါ' ဆိုသည့် ပိတ်ပင်ကန့်သတ်ချက်များအရ အလုပ်ခွင်၌ လုပ်ငန်းလည်ပတ်သည့် အလုပ်နေရာတိုင်းအတွက် COVIDSafe အစီအစဉ်တစ်ရပ် ထားရှိရန်မှာ မဖြစ်မနေလုပ်ရမည့်ကိစ္စဖြစ်သည်။ အဆင့် ၃ 'အိမ်၌နေပါ' ဆိုသည့် ပိတ်ပင်ကန့်သတ်ချက်များအရ အလုပ်ခွင်၌ လုပ်ငန်းလည်ပတ်သည့် အလုပ်နေရာများအတွက် COVIDSafe အစီအစဉ်တစ်ရပ် ထားရှိရန် အကြံပြုပါသည်။

        COVIDSafe အစီအစဉ်တစ်ရပ်အားဖြင့် စီးပွားလုပ်ငန်းများအား ဗစ်တိုးရီးယားပြည်နယ် ကျန်းမာရေး အရာရှိချုပ် (Victorian Chief Health Officer (CHO)) က ထုတ်ပြန်သည့် လမ်းညွှန်ချက်များအရ ၎င်းတို့ လိုက်နာရမည့် သတ်မှတ်ချက်များနှင့် ကိုက်ညီစေပါသည်။

        Business Victoria တွင် COVIDSafe အစီအစဥ်များနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ရှိသည်၊ ပုံစံများနှင့် လမ်းညွှန် အပါအဝင်ဖြစ်သည်။

        ပိတ်ပင်ကန့်သတ်ချက်များကြောင့် အလုပ်ခွင် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး အက်ဥပဒေ ၂၀၀၄ ခုနှစ် (Occupational Health and Safety Act 2004 (OHS Act)) နှင့် အလုပ်ခွင် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး စည်းမျဉ်းများ ၂၀၁၇ ခုနှစ် (Occupational Health and Safety Regulations 2017 (OHS Regulations)) တို့အရ သင့် တာဝန်များအပေါ် ပြောင်းလဲချက် မရှိပါ။

        COVIDSafe အစီအစဉ်တစ်ရပ် ပြင်ဆင်ရေးဆွဲခြင်းသည် ဘေးကင်းလုံခြုံသော အလုပ်စနစ် တစ်ရပ် ထူထောင်ခြင်း၏ အစိတ်အပိုင်း ဖြစ်စေသည်၊ သို့သော်လည်း COVIDSafe အစီအစဥ်တစ်ရပ် ထားရှိခြင်းနှင့် CHO လမ်းညွှန်ချက်များကို လိုက်နာခြင်းသည် သင့်အနေဖြင့် OHS အက်ဥပဒေနှင့် OHS စည်းမျဥ်းများအရ သင့် တာဝန်များကို သင် လိုက်နာခဲ့ပြီးဖြစ်သည်ဟု သေချာပေါက် မဆိုလိုပါ။

        သင့်စီးပွားလုပ်ငန်းကို မည်သို့လုပ်ငန်းလည်ပတ်ရမည်ဟု ချမှတ်ထားသည့် ကျန်းမာရေး လမ်းညွှန်ချက် တစ်စုံတစ်ရာကို လိုက်နာရမည့်အပြင် OHS အက်ဥပဒေအရ သင့်တာဝန်များကို သင် လိုက်နာနေသည်ဖြစ်သည်ကိုလည်း သေချာစေရမည်။ အလုပ်သမားများကလည်း OHS အက်ဥပဒေအရ ၎င်းတို့၏ တာဝန်များကို လိုက်နာရမည်။

        စိုက်ပျိုးရေး လုပ်ငန်းကဏ္ဍရှိ ကိုရိုနာဗိုင်းရတ်စ် (COVID-19) နှင့် အလုပ်သမားများ

        ကိုရိုနာဗိုင်းရတ်စ် (COVID-19) သည် အသက်ရှူလမ်းကြောင်း နာမကျန်းမှု အပျော့စားမှ အပြင်းစားကို ဖြစ်ပွားနိုင်သည်။ တင်ပြထားသည့် အဖြစ်အများဆုံး ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရောဂါလက္ခဏာများမှာ-

        • ကိုယ်ပူအဖျားတက်ခြင်း
          • ချမ်းဖျားခြင်း သို့မဟုတ် ချွေးထွက်ခြင်း
            • ချောင်းဆိုးခြင်း
              • လည်ချောင်းနာခြင်း
                • အသက်ရှူကျပ်ခြင်း
                  • နှာရည်ယိုခြင်း
                    • အနံ့ခံမရခြင်း သို့မဟုတ် အရသာခံမရခြင်း

                      အချို့ အခြေအနေများ၌ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာခြင်း၊ နှာပိတ်ခြင်း၊ အော့အန်ချင်စဖွယ်ဖြစ်ခြင်း၊ အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းတို့လည်း ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရောဂါလက္ခဏာများအဖြစ် မှတ်ယူနိုင်သည်။

                      ကိုရိုနာဗိုင်းရတ်စ် (COVID-19) သည် လူတစ်ဦးမှ တစ်ဦးသို့ အောက်ပါနည်းများမှတစ်ဆင့် အများဆုံး ကူးစက်နိုင်ခြေရှိသည်-

                      • ကူးးစက်ခံရသူနှင့် နီးနီးကပ်ကပ် အထိအတွေ့ရှိခြင်း
                        • ကူးစက်ခံရသူ၏ လုပ်ရပ်ကြောင့် ပိုးဖြင့်ညစ်ညမ်းနေသော (တံခါးလက်ကိုင်များ သို့မဟုတ် စားပွဲများ ကဲ့သို့) အရာပစ္စည်းများ သို့မဟုတ် မျက်နှာပြင်များကို ကိုင်တွယ်ခြင်း

                          ကိုရိုနာဗိုင်းရတ်စ် (COVID-19) ကူးစက်မှုနှင့် ရောဂါလက္ခဏာများအကြောင်း ပိုမိုသိရှိလိုသော သတင်းအချက်အလက်များကို ကျန်းမာရေးနှင့် လူမှုဝန်ဆောင်မှုများဌာန (Department of Health and Human Services (DHHS)) ဝက်ဘ်ဆိုက်နှင့် အောက်ပါ ဆက်နွှယ်သည့် အချိတ်အဆက်လင့်ဂ်များကို ကြည့်ပါ။

                          စိုက်ပျိုးရေး လုပ်ငန်းကဏ္ဍအတွင်းတွင် ရာသီအလိုက်၊ ကန်ထရိုက် နှင့် ကျဘမ်း အလုပ်သမားများသည် အလုပ်နေရာ အများအပြား၏ မရှိမဖြစ်သည့် အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။ ဤအလုပ်သမားများသည် အောက်ပါတို့ကြောင့် ကိုရိုနာဗိုင်းရတ်စ် (COVID-19) နှင့် အထူးသဖြင့် အထိအတွေ့လွယ်နိုင်သည်-

                          • အခြားသူများနှင့် နီးနီးကပ်ကပ် အလုပ်လုပ်ခြင်း၊ နေထိုင်ခြင်းနှင့် ခရီးသွားခြင်း
                            • အလုပ်နှင့် နေထိုင်ရာ နေရာများအကြား မကြာခဏ သွားလာနေရနိုင်သည့် ရာသီအလိုက် အလုပ်အနေအထားများ၊ နှင့် ဗိုင်းရတ်စ်ပိုး ပျံ့နှံ့ခြင်း၏ ပိုမိုများသော အန္တရာယ်
                              • အလုပ်၏ အချိန်တို သဘောသဘာဝသည် အလုပ်သမားများအနေဖြင့် အောက်ပါတို့ကို မယဥ်ပါးစေရန် ပေါ်ပေါက်နိုင်သည်-
                                • အလုပ်ခွင် မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများ
                                • အရေးပေါ် အခြေအနေ လုပ်ထုံးလုပ်နည်းများ
                                • ကိုရိုနာဗိုင်းရတ်စ် (COVID-19) အတွက် သီးခြား လေ့ကျင့်သင်တန်း
                                • ကူးစက်မှု ထိန်းချုပ်ရေး မူဝါဒများ
                                • လက်သန့်စင်ရေး
                                • သူတို့ နေထိုင်မကောင်းသည့်အခါ လုပ်ရမည့်အရာ
                                • စိုးရိမ်ပူပန်မှုများကို တင်ပြပုံ

                              အလုပ်ခွင် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး အက်ဥပဒေ ၂၀၀၄ ခုနှစ် (Occupational Health and Safety Act 2004 (OHS Act)) အရ၊ အလုပ်ရှင်များတွင် ဘေးကင်းလုံခြုံပြီး အလုပ်သမားများ၏ ကျန်းမာရေးအပေါ် အန္တရာယ် မကျရောက်စေသည့် အလုပ်လုပ်ကိုင်ရာ ပတ်ဝန်းကျင်တစ်ရပ်ကို လက်ရှိအချိန်အထိ သင့်တင့်လျောက်ပတ်စွာ လက်တွေ့ကျနိုင်သမျှ ဖန်တီးပေးပြီးထိန်းသိမ်းထားရန် တာဝန်ရှိသည်။ ၎င်းတွင် ပါဝင်သည်မှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အပါအဝင် ကျန်းမာရေးအပေါ် အန္တရာယ်များနှင့် ကိုရိုနာဗိုင်းရတ်စ် (COVID-19) အထိအတွေ့ အလားအလာတို့နှင့် ဆက်နွှယ်သည့်ဘေးကင်းလုံခြုံရေး ပါဝင်သည်။

                              အလုပ်သမားများတွင် အလုပ်ခွင်၌ ၎င်းတို့၏ ကိုယ်ပိုင်နှင့် အခြားသူများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးကို သင့်တင့်လျောက်ပတ်စွာ စောင့်ရှောက်ပေးရန် တာဝန်ရှိသည့်အပြင် OHS အက်ဥပဒေ သို့မဟုတ် စည်းမျဥ်းများနှင့် ကိုက်ညီစေရန် အလုပ်ရှင်များက လုပ်ဆောင်သည့် အရေးယူလုပ်ဆောင်ချက် တစ်စုံတစ်ရာကို ၎င်းတို့၏ အလုပ်ရှင်များနှင့်ပူးပေါင်း လုပ်ဆောင်ရန် တာဝန်ရှိသည်။

                              စိုက်ပျိုးရေး လုပ်ငန်းကဏ္ဍတွင် အန္တရာယ်များကို ဖော်ထုတ်ခြင်း

                              အလုပ်ရှင်များသည် ၎င်းတို့၏ အလုပ်ခွင်၌ ဘေးအန္တရာယ်များကို ဖော်ထုတ်ရမည်ဖြစ်ပြီး အကယ်၍ လိုအပ်လျှင် ကိုရိုနာဗိုင်းရတ်စ် COVID-19 အထိအတွေ့မှ အလုပ်သမားများ၏ ကျန်းမာရေးအပေါ် အန္တရာယ် အဆင့်ကို ဖော်ထုတ်ရမည်။

                              ၎င်းကို အကယ်၍ရှိလျှင် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး ကိုယ်စားလှယ်များ (HSRs) ၊ နှင့် အလုပ်သမားများတို့နှင့် တိုင်ပင်ဆွေးနွေးပြီးလုပ်ရမည်။

                              စိုက်ပျိုးရေး လုပ်ငန်းကဏ္ဍရှိ အလုပ်သမားများအတွက် အန္တရာယ်များမှာ-

                              • ရေချိုးခန်းများ၊ မီးဖိုချောင်များနှင့် အများသုံး အားလပ်ချိန်နေရာများကဲ့သို့ အလုပ်ခွင်ရှိ အခန်းများနှင့် အုပ်စုလိုက် နေထိုင်စရာများကို အတူမျှသုံးခြင်း
                                • မျှစီးရသော သယ်ယူပို့ဆောင်ရေး သို့မဟုတ် အုပ်စုလိုက် စီးရသည့် သယ်ယူပို့ဆောင်ရေး၊ ဥပမာ နေထိုင်စရာနှင့် အလုပ်နေရာများအကြား ခရီးသွားခြင်း
                                  • အခြားသူများနှင့် နီးနီးကပ်ကပ် အထိအတွေ့ရှိနေရန် အလုပ်သမားများအတွက် လိုအပ်သည့်အလုပ်
                                    • ကိရိယာတန်ဆာပလာများ၊ အလုပ်ရုံ သို့မဟုတ် ကိရိယာကို ဝေမျှသုံးခြင်း

                                      ကိုရိုနာဗိုင်းရတ်စ် (COVID-19) ကူးစက်ပျံ့နှံ့မှု၏ ပိုမိုများသည့် အန္တရာယ် ဖြစ်ပွားနိုင်သည့် အချိန်မှာ-

                                      • အလုပ်သမားများမှာ နာမကျန်းခွင့် မရထိုက်ဘဲ (ကျဘမ်း အလုပ်သမားများကဲ့သို့) ၎င်းတို့ နေထိုင်မကောင်းလျှင် ဆက်လက်၍ အလုပ်လုပ်ကိုင်နိုင်နေသည့်အခါ
                                        • အလုပ်သမားများသည် သူတို့ နေထိုင်မကောင်းဖြစ်လျှင် ဆေးကုသမှု မတောင်းခံသည့်အခါ၊ ဥပမာ ရာသီအလိုက်၊ ကန်ထရိုက်အလုပ်နှင့် ကျဘမ်း အလုပ်တို့တွင် ဒေသခံ GP နှင့် ဆက်ဆံရေး မရှိကြပါ
                                          • အလုပ်သမားများသည် ကိုရိုနာဗိုင်းရတ်စ် (COVID-19) ဘေးကင်းလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးတို့နှင့်ပတ်သက်သည့် စိတ်ချရသည့် သတင်းအချက်အလက်များ သို့မဟုတ် သင့်တော်သော ဘာသာစကားဖြင့် သတင်းအချက်အလက်များအား မည်သည့်နေရာတွင် ရယူမည်ကို မသိသည့်အခါ

                                            ပိုမိုသိရှိလိုသော အချက်အလက်များအတွက် အောက်ပါ သက်ဆိုင်သည့် အချိတ်အဆက်လင့်ဂ်ကို ရည်ညွှန်းပါ။

                                            စိုက်ပျိုးရေး လုပ်ငန်းကဏ္ဍတွင် ပင်ပန်းနွှမ်းနယ်မှုဆိုင်ရာအန္တရာယ်များ

                                            ကိုရိုနာဗိုင်းရတ်စ် (COVID-19) ကမ္ဘာအနှံ့ပျံ့နှံ့သည့်ရောဂါကပ်ဘေးကြီးသည် စိုက်ပျိုးရေး လုပ်ငန်းကဏ္ဍရှိ အလုပ်သမား အများအပြားအတွက် အလုပ်လုပ်ကိုင်ရာနှင့် နေထိုင်ရာ ပတ်ဝန်းကျင်များကို ပြောင်းလဲပေးခဲ့သည်။ အလုပ်ခွင်နှင့် ကိုယ်ရေးကိုယ်တာ ဘဝတွင် များပြားလာသည့် စိတ်သောက၊ အလုပ်လုပ်ကိုင်ရာ ပတ်ဝန်းကျင်များအပေါ် ပြောင်းလဲမှုများနှင့် ပိုမိုများပြားလာသည့် အလုပ်ခိုင်းစေမှုများကဲ့သို့ အကြောင်းခံများသည် အလုပ်ခွင်၌ ပင်ပန်းနွှမ်းနယ်မှုဆိုင်ရာ အန္တရာယ်ကို ပိုမိုတိုးပွားစေနိုင်သည်။ ပင်ပန်းနွှမ်းနယ်မှုသည် လူတစ်ဦး၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး အလုပ်ခွင် ထိခိုက်ဒဏ်ရာများ ရရှိရန်အခွင့်အလမ်းကို တိုးမြှင့်စေနိုင်သည်။ 

                                            အန္တရာယ်များကို ထိန်းချုပ်ခြင်း

                                            အလုပ်ခွင်၌ ကျန်းမာရေးအပေါ် အန္တရာယ်တစ်ရပ်ကို ဖော်ထုတ်သည့်ကိစ္စ၌ အလုပ်ရှင်များသည် အဆိုပါ အန္တရာယ်ကို လက်ရှိအချိန်အထိ သင့်တင့်လျောက်ပတ်စွာ လက်တွေ့ကျနိုင်သမျှ သုတ်သင်ရှင်းလင်းပစ်ရမည်။ အဆိုပါ အန္တရာယ်ကို သုတ်သင်ရှင်းပစ်ရန် မဖြစ်နိုင်သည့်ကိစ္စ၌ ၎င်းကို လက်ရှိအချိန်အထိ သင့်တင့်လျောက်ပတ်စွာ လက်တွေ့ကျနိုင်သမျှ ထိန်းချုပ်ထားရမည်။

                                            အလုပ်သမားများနှင့် ဆွေးနွေးပါ

                                            အလုပ်ရှင်များတွင် အလုပ်သမားများ၊ သီးသန့် ကန်ထရိုက်နှင့်လုပ်သူများနှင့် HSRs တစ်စုံတစ်ယောက်တို့နှင့် အကယ်၍ ၎င်းသူတို့အား တိုက်ရိုက် ထိခိုက်စေမည့် သို့မဟုတ် တိုက်ရိုက် ထိခိုက်စေနိုင်ဖွယ်ရှိသည့် ကျန်းမာရေး သို့မဟုတ် ဘေးကင်းလုံခြုံရေးတို့နှင့်ပတ်သက်သော အကြောင်းအရာများနှင့်စပ်လျဥ်း၍ လက်ရှိအချိန်အထိ သင့်တင့်လျောက်ပတ်စွာ လက်တွေ့ကျနိုင်သမျှ ဆွေးနွေးတိုင်ပင်ရန် တာဝန်ရှိသည်။ ၎င်းတွင် ဘေးအန္တရာယ်များ သို့မဟုတ် အန္တရာယ်များကို ဖော်ထုတ်ခြင်းနှင့် ကိုရိုနာဗိုင်းရတ်စ် (COVID-19) နှင့် ဆက်နွှယ်သည့် အန္တရာယ်များကို မည်သို့ ထိန်းချုပ်ရမည်နှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များအကြောင်း ဆွေးနွေးခြင်း ပါဝင်သည်။ အဆိုပါ ဆွေးနွေးမှုကို သဘောထူထားသည့် ဆွေးနွေးမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ တစ်စုံတစ်ရာနှင့်အညီ ဆောင်ရွက်သင့်သည်။

                                            လိုအပ်သည့် ထိန်းချုပ်ရေး လုပ်ဆောင်ချက် အမျိုးအစားများမှာ ဆက်နွှယ်သည့် အန္တရာယ်များအပေါ် မူတည်သည့်အပြင် အလုပ်နေရာ တစ်ခုစီအတွက် ထိန်းချုပ်မှုများ ရရှိနိုင်မှုနှင့် သင့်တော်မှုအပေါ်တို့လည်း မူတည်ပါသည်၊ တစ်ခုချင်း အလုပ် နယ်ပယ်များအပါအဝင်ဖြစ်သည်။

                                            လုပ်ငန်းဝင် သင်တန်းပို့ချခြင်း

                                            လုပ်ငန်းဝင် သင်တန်းတစ်ခုသည် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအပေါ် အန္တရာယ်ကို လျှော့ချပေးစေနိုင်ပြီး ပါဝင်သင့်သည်မှာ -

                                            • တာဝန်အခန်းကဏ္ဍနှင့် စပ်လျဥ်း၍ အပြည့်စုံ သင်တန်းနှင့် သိရှိအသားကျစေမှုကို ပို့ချပေးခြင်း
                                              • ပံ့ပိုးမှု အဆက်အသွယ်များကို ပေးအပ်ခြင်း
                                                • သက်ဆိုင်ရာ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများကို လေ့ကျင့်ပေးခြင်း၊ ဥပမာ ကူးစက်မှု ထိန်းချုပ်ရေး ဖြစ်ရပ် သတင်းပို့ခြင်း၊ နှင့် ကိုရိုနာဗိုင်းရတ်စ် (COVID-19) နှင့် ပတ်သက်သည့် သီးခြား ထိန်းချုပ်ရေးများ

                                                  အလုပ်သမားများ ဘာလုပ်ရမည်ကို သိရှိကြောင်း သေချာစေပါ

                                                  ကိုရိုနာဗိုင်းရတ်စ် (COVID-19) ထိတွေ့မှုနှင့်ဆက်နွှယ်သည့် အန္တရာယ်ကို လက်ရှိအချိန်အထိ သင့်တင့်လျောက်ပတ်စွာ လက်တွေ့ကျကျ သုတ်သင်ရှင်းလင်းပစ်ရန် သို့မဟုတ် လျှော့ချပစ်ရန် အလုပ်ရှင်တစ်ဦး၏ တာဝန်မှာ -

                                                  • အလုပ်သမားများသည် အကယ်၍ သူတို့ နေထိုင်မကောင်းလျှင် သို့မဟုတ် သူတို့ ကူးစက်ခံရကြောင်း သံသယဖြစ်လျှင် DHHS (အောက်ပါ အချိတ်အဆက်လင့်ခ်ကို ကြည့်ပါ) ကချမှတ်ပေးထားသည့် သတင်းအချက်အလက်များနှင့်အညီ ဘာလုပ်ရမည် သို့မဟုတ် မည်သူ့အား သတင်းပို့ရမည်ကို သိရှိကြောင်း သေချာစေခြင်း
                                                    • ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရောဂါရှိကြောင်း စစ်ဆေးမှုအဖြေထွက်သည့် အလုပ်သမားများ သို့မဟုတ် ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရောဂါရှိကြောင်းအတည်ပြုခံရသည့် အလုပ်သမားများအပါအဝင် နေထိုင်မကောင်းသည့် အလုပ်သမားများဖြစ်သည့် မည်သူကမျှ အလုပ်ခွင်သို့ တက်ရောက်မည် မဟုတ်ကြောင်း သေချာစေခြင်း

                                                      အကယ်၍ အလုပ်သမားတစ်ဦးတွင် ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရောဂါလက္ခဏာများအနက် တစ်ခုခု ဖြစ်လာလျှင်၊ မည်မျှပင် အပျော့စား ဖြစ်စေကာမူ၊ ၎င်းတို့ လုပ်သင့်သည်မှာ -

                                                      • ချက်ချင်း ကိုယ်တိုင်-အထိအတွေ့မဲ့ အထီးကျန်နေရန်၊ ၎င်းတို့၏ ဆရာဝန်ထံမှ အကြံဉာဏ် တောင်ခံရန် သို့မဟုတ် DHHS 24 နာရီ ကိုရိုနာဗိုင်းရတ်စ် တိုက်ရိုက်ဖုန်းလိုင်း 1800 675 398 ကို ဆက်သင့်သည်၊ ၎င်းပြင် စစ်ဆေးမှု ခံယူသင့်သည်
                                                        • မိမိတို့၏ အလုပ်ရှင်ကို အမြန်ဆုံး ပြောသင့်သည်၊ မိမိတို့၏ အလုပ်ခွင်၌ ချမှတ်ထားသည့် လုပ်ထုံးလုပ်နည်းများကို လိုက်နာသင့်သည်ဖြစ်ပြီး အကယ်၍ မိမိတို့၏ အခြေအနေ ပြောင်းလဲလျှင် မိမိတို့၏ အလုပ်ရှင်ကို ပြောပြသင့်သည် (ဥပမာ၊ အကယ်၍ မိမိတို့ ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရှိကြောင်း ရောဂါဖော်ထုတ်မှု လက်ခံရရှိလျှင်ဖြစ်သည်)

                                                          Notifiable incidents and coronavirus (COVID-19)

                                                          From 28 July 2020 new temporary regulations under the Occupational Health and Safety Act 2004 specify when employers and self-employed persons must notify WorkSafe of a confirmed diagnosis of coronavirus (COVID-19) in the workplace. For more information see the guidance Notifiable incidents involving coronavirus (COVID-19).

                                                          စစ်ဆေးခြင်း

                                                          အလုပ်ရှင်များသည် အလုပ်နေရာတွင် ကိုရိုနာဗိုင်းရတ်စ် (COVID-19) ကူးစက်မှုကို အနည်းဆုံးဖြစ်စေရန် စစ်ဆေးရေး လုပ်ငန်းဖြစ်စဥ် တစ်ရပ်ကို ချမှတ်သင့်သည်။ ၎င်းတွင် အလုပ်သမားများအား ၎င်းတို့ အလုပ်နေရာသို့ မဝင်မီ သူတို့တွင် အောက်ပါတို့ ရှိမရှိ မေးမြန်းခြင်း ပါဝင်နိုင်သည် -

                                                          • ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရောဂါလက္ခဏာများ တစ်စုံတစ်ခု ရှိမရှိ
                                                            • ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရှိကြောင်း အတည်ပြုခံရသူနှင့် အထိအတွေ့ရှိခဲ့သည် ဟုတ်မဟုတ်
                                                              • ကျန်းမာရေး ညွှန်ကြားချက်များ တစ်စုံတစ်ရာ ညွှန်ကြားခံရသည် ဟုတ်မဟုတ် (အထီးကျန်နေခြင်း၊ အထိအတွေ့မဲ့ ခွဲ၍နေခြင်း သို့မဟုတ် ခရီးသွားမှုနှင့် ပတ်သက်ခြင်း ကဲ့သို့)

                                                                လူတစ်ဦး-မှ- တစ်ဦးသို့ အထိအတွေ့ကို အနည်းဆုံးလုပ်ရန် စစ်ဆေးခြင်းကို အလုပ်သမားများအနေဖြင့် အလုပ်အဆိုင်းတစ်ခုစီအတွက် အလုပ်နေရာကို မသွားရောက်မီ ဖြေကြားပေးနိုင်သည့် ကိုယ်တိုင်-စိစစ်မှု ပုံစံဖြင့် ဖြစ်ကောင်း ဖြစ်နိုင်သည်။

                                                                Business Victoria ဝက်ဘ်ဆိုက်ရှိ ဝန်ထမ်း ကိုရိုနာဗိုင်းရတ်စ် (COVID-19) ကျန်းမာရေး မေးခွန်းလွှာများသည် အလုပ်ရှင်များအတွက် အသုံးဝင်သော စစ်ဆေးခြင်းဆိုင်ရာ နည်းတစ်ရပ် ဖြစ်ပါသည် (အချိတ်အဆက်လင့်ဂ် အောက်တွင်ရှိသည်) ။

                                                                အလုပ်ခွင် နေရာဇယားချခြင်း

                                                                အလုပ်သမားတစ်ဦး ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရှိနေကြောင်း အတည်ပြုခံရသည့်ကိစ္စ၌ ထိခိုက်မည့် အလားအလာရှိသော လူများကို အလျင်အမြန် ဖော်ထုတ်ရန် လိုအပ်သည်။

                                                                ရောဂါရှိကြောင်း အတည်ပြုခံရသူနှင့် အထိအတွေ့ရှိလာခဲ့သူများကို ခြေရာခံနိုင်စေရန်အတွက် အလုပ်ရှင်များသည် အလုပ်သမားများအတွက် အချိန်ဇယားနှင့် အလုပ်တည်နေရာများကို မှတ်တမ်းတင်ရန် လုပ်ငန်းဖြစ်စဥ်များ ချမှတ်ထားသင့်သည်။

                                                                အဆိုပါ မှတ်တမ်းတွင် ပါဝင်သင့်သည်မှာ -

                                                                • အလုပ်လုပ်ခဲ့သည့် နေ့ရက်နှင့်အချိန်
                                                                  • အတူတူလုပ်ခဲ့သည့် အဖွဲ့များ၏ အဖွဲ့ဝင်များ
                                                                    • သီးခြား အလုပ် နယ်ပယ်
                                                                      • အချိန်နှင့် တည်နေရာ အပါဝင် ယူခဲ့သည့် အားလပ်ချိန် တစ်ခုခု

                                                                        ကျယ်ပြန့်သော အလုပ်နေရာများ အတွင်းရှိ နေရာများ သို့မဟုတ် နယ်မြေများ အကြား လှုပ်ရှားသွားလာမှုကို တတ်နိုင်သမျှ အနည်းဆုံး လုပ်သင့်သည်။

                                                                        တည်နေရာ မျိုးစုံကို သွားရောက်ရန် လိုအပ်သည့်ကိစ္စ၌ တည်နေရာများအကြား လှုပ်ရှားသွားလာမှုကို အလုပ် နေရာဇယားချခြင်း၌ မှတ်တမ်းတင်ထားသင့်သည်။

                                                                        လူချင်း ခပ်ခွာခွာနေခြင်း

                                                                        အနည်းဆုံး ၁.၅ မီတာ အကွာအဝေး လူချင်း ခပ်ခွာခွာနေခြင်းကို ဖြစ်နိုင်သည့် နေရာတွင် အကောင်အထည်ဖော်သင့်သည်။ အလုပ်ရှင်များသည် အလုပ်တာဝန် တစ်ခုချင်းကို စဥ်းစားသင့်ပြီး အလုပ်သမားများ အကြား ပိုမို ဝေးသည့်အကွာအဝေးဖြင့် အလုပ်လုပ်ရန် ဘေးကင်းလုံခြုံသည့် အခြား နည်းလမ်း တစ်ရပ် ရှိမရှိ စဥ်းစားသင့်သည်။

                                                                        အခြား ထိန်းချုပ်ရေးများတွင် ပါဝင်နိုင်သည်မှာ -

                                                                        • လုံခြုံစိတ်ချရသည့် အကွာအဝေးများကို အလုပ်ခွင်၊ ကူးပြောင်းနေရာနှင့် အားလပ်ချိန် နေရာများ၌ (ဥပမာ ကြမ်းပြင်နှင့် နံရံများ) အမှတ်အသားလုပ်ခြင်း။
                                                                          • အလုပ်နေရာတွင် အလုပ်သမား အရေအတွက်ကို အနည်းဆုံးလုပ်ရန် အလုပ်အဆိုင်း အပြင်အဆင် အမျိုးမျိုးကို စဥ်းစားခြင်း (ဥပမာ နေဆိုင်းအလုပ်နှင့် နေ့လယ် အလုပ်ဆိုင်းများကို ဖန်တီးပေးခြင်း)
                                                                            • အဝင်အထွက်များသည့်နေရာများ၌ လူထူထပ်မှုကို ရှောင်ကြဉ်ရန် အလုပ်စချိန်များ၊ နားချိန်များနှင့် အလုပ်ပြီးဆုံးချိန်များကို အချိန်ခွဲထားပေးခြင်းနှင့် အလုပ်သမားများအား ၎င်းတို့ အလုပ်နေရာ တစ်ဝိုက် သွားလာနေသည့်အလျောက် အချင်းချင်း အထိအတွေ့ရှိလာခြင်းကို အနည်းဆုံးဖြစ်အောင်လုပ်ပါ။
                                                                              • ဆိုးရွားသော ရာသီဥတု အချိန်အခါအတွင်း လူချင်း ခပ်ခွာခွာနေခြင်းအား မည်သို့ ထိန်းသိမ်းမည်ကို စီစဥ်ခြင်း (ဥပမာ နေ့လယ်စာစားခန်းနှင့် ရေချိုခန်း အိမ်သာခန်းများ)
                                                                                • အလုပ်နေရာများ အကြား ကိုယ်ထိလက်ရောက် အတားအဆီးများ (ပလတ်စတစ် လိုက်ကာများကဲ့သို့) ကို သင့်တော်သည့်နေရာ၌ တပ်ဆင်ခြင်း
                                                                                  • လူချင်း ခပ်ခွာခွာနေခြင်းဆိုင်ရာ သတ်မှတ်ချက်များကို ထိန်းသိမ်းရန် အများသုံး နေရာများတွင် ပရိဘောဂများကို ဖြန့်ကြဲထားခြင်း။ အလုပ်နေရာ ပကတိ အနေအထားအကို ပြောင်းလဲနေသည့်အခါ နေရာချပုံမှာ လုံခြုံဘေးကင်းစွာ ဝင်ရောက်ခြင်း၊ ထွက်ခွာခြင်းနှင့် အလုပ်နေရာ တစ်ဝိုက် သွားလာြခင်းတို့ကို လုပ်နိုင်စေရန် သေချာစေပါ
                                                                                    • ပစ္စည်းလာရောက်ပို့သော ယာဥ်မောင်းသူများအား ယာဥ်များအတွင်း ဆက်လက်နေရန်နှင့် အလုပ်သမားများအား ဆက်သွယ်ရန် ဖြစ်နိုင်သည့်ကိစ္စ၌ (မိုဘိုင်းဖုန်းကဲ့သို့) အထိအတွေ့မဲ့ နည်းလမ်းများကိုသုံးရန် ညွှန်ကြားခြင်း
                                                                                      • အတူတူ မနေထိုင်သည့် အလုပ်သမားများ အကြား ကိုရိုနာဗိုင်းရတ်စ် (COVID-19) ကူးစက်မှု ဖြစ်နိုင်ခြေကို လျှော့ချရန် နေရာထိုင်ခင်း အတူမျှနေသည့် အလုပ်သမားများအား သတ်မှတ်ပေးသည့် အလုပ်အစုအဝေးထဲ အလုပ်တာဝန်ချဇယားချပေးခြင်း။ သတ်မှတ်ပေးသည့် အလုပ်အစုအဝေးများသည် ဖြစ်နိုင်သည့်ကိစ္စတွင် လူချင်း ခပ်ခွာခွာနေခြင်းကို လုပ်သင့်သေးသည်ဖြစ်ပြီး အခြားသော သတ်မှတ်ပေးသည့် အလုပ်အစုအဝေးများမှ ခွဲခြားထားသင့်သည် (နေထိုင်ရာ အခန်းများ သို့မဟုတ် သယ်ယူပို့ဆောင်ရေး ယာဥ်များကို မျှမသုံးရန် ကဲ့သို့) ။

                                                                                        အလုပ်တာဝန်ကို ထမ်းဆောင်ရန်နှင့် လူချင်း ခပ်ခွာခွာနေခြင်းကို ထိန်းသိမ်းထားရန် မဖြစ်နိုင်သည့် ကိစ္စ၌ အခြားသော ထိန်းချုပ်ရေးဆိုင်ရာ အရေးယူလုပ်ဆောင်ချက်များကို အကောင်အထည်ဖော်ရန် လိုအပ်သည်။ ဥပမာ-

                                                                                        • ၁.၅ မီတာအတွင်း အလုပ်ပြီးအောင် လုပ်ရန်လိုအပ်သည့် တစ်ဦးနှင့် တစ်ဦး အပြန်အလှန် ပြောဆိုမှုများ၏ အရေအတွက်ကို အနည်းဆုံးဖြစ်အောင်လုပ်ခြင်း
                                                                                          • ၁.၅ မီတာ အတွင်း တစ်ဦးနှင့် တစ်ဦး လိုအပ်သည့် လုပ်စရာများ၌ လူအရေအတွက်ကို အနည်းဆုံးဖြစ်အောင်လုပ်ခြင်း
                                                                                            • တစ်ကိုယ်ရေ အကာအကွယ်ပေး ကိရိယာ (PPE) (လက်အိတ်များ၊ နှာခေါင်းစည်းများ၊ မျက်နှာဖုံးများ ကဲ့သို့) ကို ဖြန့်ချီပေးခြင်း

                                                                                              သတိပြုရန်- PPE သည် နောက်ဆုံးအဆင့် အကာအကွယ်ပေးမှု တစ်ခုဖြစ်သည်၊ သီးခြား အခြေအနေများ၌သာ အသုံးပြုသင့်သည်။

                                                                                              အောက်တွင် PPE ကို ဘေးကင်းလုံခြုံစွာ အသုံးချမှုနှင့်ပတ်သက်သည့် အချက်အလက်အပိုများကို ဖော်ပြထားသည်။

                                                                                              ဝန်ထမ်း စုဝေးမှုများနှင့် လေ့ကျင့်သင်တန်း

                                                                                              အကယ်၍ အလုပ်ရှင်များတွင် အလုပ်သမားများနှင့် မျက်နှာချင်းဆိုင် အစည်းအဝေးများ သို့မဟုတ် လေ့ကျင့်သင်တန်း ရှိရမည်ဆိုလျှင် သေချာအောင်လုပ်ရမည်မှာ- 

                                                                                              • အလုပ်သမားများသည် အနည်းဆုံး ၁.၅ မီတာ အကွာအဝေး ခြား၍နေနိုင်ပြီး လူတစ်ဦးလျှင် အနည်းဆုံး ၄ စတုရန်းမီတာ နေရာအကျယ်ရှိနိုင်သည်
                                                                                                • မျက်နှာချင်းဆိုင် အချိန်ကို ကန့်သတ်ထားသည်
                                                                                                  • တက်ရောက်သည့် လူအရေအတွက်ကို ဖြစ်နိုင်သမျှ ကန့်သတ်ထားသည်
                                                                                                    • အိမ်တွင်းဖြစ်လျှင် အဆိုပါ နေရာမှာ လေဝင်လေထွက် ကောင်းသည်
                                                                                                      • ဖြစ်နိုင်သည့်ကိစ္စ၌ မျက်နှာချင်းဆိုင် အစည်းအဝေးများနှင့် လေ့ကျင့်သင်တန်းတို့ကို ဗွီဒီယိုနှင့် တယ်လီအစည်းအဝေးတို့ဖြင့် အစားထိုးသည်။

                                                                                                        တစ်ကိုယ်ရေ သန့်စင်ရေး

                                                                                                        ကောင်းမွန်သော တစ်ကိုယ်ရေ သန့်စင်ရေးကို ထိန်းသိမ်းထားခြင်းသည် ကိုရိုနာဗိုင်းရတ်စ် (COVID-19) ကူးစက်ပျံ့နှံ့မှုကို တားဆီးပေးနိုင်သည်။ အလုပ်ရှင်များ လုပ်သင့်သည်မှာ -

                                                                                                        • အလုပ်သမား အားလုံးသည် ကောင်းမွန်သော တစ်ကိုယ်ရေ သန့်စင်ရေး အလေ့အကျင့်များ လိုက်နာသည်ကို သေချာစေပါ၊ အောက်ပါတို့ အပါအဝင်ဖြစ်သည် -
                                                                                                          • လက်များကို မကြာခဏ ဆပ်ပြာနှင့်ရေဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် ဆေးကြောခြင်း
                                                                                                          • ချောင်းဆိုးခြင်းများနှင့် နှာချေခြင်းများကို ဖုံး၍လုပ်ခြင်း သို့မဟုတ် ၎င်းတို့၏ တံတောင်ကွေးထဲ သို့မဟုတ် ပခုံးထဲ ချောင်းးဆိုးခြင်း
                                                                                                          • မျက်လုံးများ၊ နှာခေါင်းနှင့် ပါးစပ်တို့ကို ထိတွေ့ကိုင်တွယ်ခြင်းမှ ရှောင်ကြဥ်ခြင်း
                                                                                                        • အလုပ်နေရာရှိ မြင်သာသော နေရာများတွင် တစ်ကိုယ်ရေ သန့်စင်ရေး သတင်းအချက်အလက်များကို ပြသထားပါ၊ အားလပ်ချိန် အစာစားခန်းများ၊ အလုပ်ရုံများနှင့် အိမ်သာများနှင့် အလုပ်သမား အားလုံး နားလည်သည့် ရေးသားပုံဖြင့်ဖြစ်သည်။
                                                                                                          • အလုပ်နေရာ ဝင်ပေါက်များနှင့် ထွက်ပေါက်များ၊ နှင့် အားလုံးသော အစာစားခန်းများနှင့် အားလပ်ချိန်နားနေခန်းများတွင် အရက်ပျံ-ကိုအခြေခံ ထုတ်လုပ်ထားသည့် လက်ပိုးသတ်သန့်စင်ဆေးရည်ကို ချပေးထားပါ။
                                                                                                            • လက်ပိုးသတ်သန့်စင်ဆေးရည်များကို ထားရှိသည့်နေရာများ အကြောင်း ဝန်ထမ်းများအား ပြောဆိုပြီး ပုံမှန် အသုံးပြုခြင်းကို တိုက်တွန်းပါ။
                                                                                                              • အလုပ်သမားများနှင့် တစ်ကိုယ်ရေ သန့်စင်ရေး သတ်မှတ်ချက်များကို ပုံမှန် ဆွေးနွေးပြီး ၎င်းသတ်မှတ်ချက်များကို လိုက်နာကြောင်း သေချာစေရန် ကြီးကြပ်ပေးပါ။
                                                                                                                • ပစ္စည်းလာရောက်ပို့သော ယာဥ်မောင်းသူများနှင့် ကန်ထရိုက်ဖြင့်လုပ်သူများအား လာရောက်ပို့ဆောင်သည့် ကုန်ပစ္စည်းများကို မကိုင်တွယ်မီ အရက်ပျံ-အခြေခံ ထုတ်လုပ်ထားသည့် လက်ပိုးသတ်သန့်စင်ဆေးရည်ကို အသုံးပြုရန် ညွှန်ကြားပါ။
                                                                                                                  • ပစ္စည်းလာပို့မှုများကို ကိုယ်ထိလက်ရောက် ကိုင်တွယ်ပြီးနောက် လက်ဆေးကြောခြင်းဆိုင်ရာ အသုံးအဆောင်များ သို့မဟုတ် အကယ်၍ ၎င်းမှာ မဖြစ်နိုင်လျှင် အရက်ပျံ-ကိုအခြေခံထုတ်လုပ်ထားသည့် လက်ပိုးသတ်သန့်စင်ဆေးရည် အလုပ်သမားများအတွက် အဆင်သင့် ရရှိနိုင်ကြောင်း သေချာစေပါ။

                                                                                                                    အသုံးအဆောင်များ

                                                                                                                    အလုပ်ရှင်များသည် အလုပ်သမားများအနေဖြင့် သင့်တော်သော အသုံးအဆောင်များ ရရှိနိုင်ရန် သေချာစေရမည်။ အလုပ်ရှင်များသည် အလုပ်နေရာတစ်ဝိုက် အသွားအလာ လျှော့ချရန် အသုံးအဆောင်များ အရေအတွက်နှင့် တည်နေရာများကို သုံးသပ်ပြီး ပြန််လည် ပြင်ဆင်ပေးသင့်သည်။

                                                                                                                    အသုံးအဆောင်များတွင် ပါဝင်ရန် လိုအပ်သည်မှာ -

                                                                                                                    • အလုပ်သမားများ အချိန်မှန် သုံးနိုင်ရန်အတွက် သေချာစေရန် အခရာကျသည့် ရေရာများတွင် ချထားပေးထားသော လက်ဆေးဇလား၊ သန့်ရှင်း စီးကျနေသည့် ရေ၊ ဆပ်ပြာနှင့် စက္ကူပဝါများကဲ့သို့ လက်ဆေးကြောရန် အသုံးအဆောင်များ (အမြဲဖြစ်စေ သို့မဟုတ် ယာယီဖြစ်စေ)
                                                                                                                      • လက်ပိုးသတ်သန့်စင်ဆေးရည်ကို ရယူသုံးစွဲမှု
                                                                                                                        • ကိုင်တွယ်စရာ-မလိုသည့် အဖုံးများဖြင့် (ဥပမာ ခြေထောက်ဖြင့် ဖွင့်ပိတ်ရသည့် အမှိုက်ပုံးများ) အမှိုက်ပုံးများ
                                                                                                                          • အသေအချာနှင့် ပုံမှန် ပိုးသတ်သန့်စင်ပေးခြင်း
                                                                                                                            • သင့်တော်သော အမှိုက် စွန့်ပစ်ခြင်းဆိုင်ရာ စီမံခန့်ခွဲရေး စနစ်များ

                                                                                                                              မျှသုံးရသည့် ကိရိယာတန်ဆာပလာများ၊ အလုပ်ရုံနှင့် ကိရိယာ

                                                                                                                              ဖြစ်နိုင်သည့်ကိစ္စ၌ မျှသုံးရသည့် ကိရိယာတန်ဆာပလာများ၊ အလုပ်ရုံနှင့် ကိရိယာ အတူမျှဝေသုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။

                                                                                                                              အတူတကွ မျှသုံးခြင်းကို ဖယ်ရှားပစ်ရန် မဖြစ်နိုင်သည့် ကိစ္စ၌ အလုပ်ရှင်များ လုပ်သင့်သည်မှာ -

                                                                                                                              • အများသုံး ကိရိယာတန်ဆာပလာများ၊ အလုပ်ရုံနှင့် ကိရိယာများ ထားရှိသည့်နေရာတွင် သန့်ရှင်းရေးသုံးပစ္စည်းများ (ဥပမာ အရက်ပျံ ဖြန်းဘူးများ သို့မဟုတ် အရည်များ) ကို ချပေးထားသင့်သည်။
                                                                                                                                • သန့်ရှင်းရေးသုံး အရာပစ္စည်းများကို ကိရိယာတန်ဆာပလာများနှင့် ကိရိယာတို့နှင့်အတူ ၎င်းတို့ အလုပ်နေရာတစ်ဝိုက် ရွှေ့လျားသည့်အလျောက် ထားရှိပေးသင့်သည်။
                                                                                                                                  • ကိုင်တွယ်လုပ်ကိုင်မည့်သူများသည် မသုံးမီနှင့် သုံးပြီးတိုင်း ၎င်းတို့၏ လက်များကို အသေအချာ ဆေးကြောရန် သို့မဟုတ် ပိုးသတ်သန့်စင်ပေးရန် သေချာစေသင့်သည်။
                                                                                                                                    • ကိရိယာတန်ဆာပလာများ၊ အလုပ်ရုံနှင့် ကိရိယာတို့၏ အစိတ်အပိုင်း အားလုံး (ဥပမာ လက်ကိုင်များ၊ လက်ယမ်းများ) ကို မသုံးမီနှင့် သုံးပြီးနောက် ပိုးသတ်ဆေးရည်သုတ်ပေးရန် သေချာစေသင့်သည်။

                                                                                                                                      ဖုန်းများ၊ စားပွဲများ၊ ရုံးခန်းများ၊ ကွန်ပျူတာများနှင့် အခြား ကိရိယာများ အတူမျှသုံးခြင်းကို ရှောင်ကြဥ်သင့်သည်။ ဤကိစ္စမှာ မဖြစ်နိုင်လျှင် ဤအရာပစ္စည်းများကို ပုံမှန် ပိုးသတ်သန့်စင်ပေးသင့်သည်။

                                                                                                                                      သန့်ရှင်းပေးခြင်း

                                                                                                                                      အသေအချာနှင့် ပုံမှန် သန့်ရှင်းပေးခြင်းကို အောက်ပါအားလုံးတို့အား လုပ်ရန် လိုအပ်သည် -

                                                                                                                                      • အလုပ်လုပ်ရာ နေရာများ
                                                                                                                                        • ကူးပြောင်းသွားလာသည့် နေရာများ (ကားများ၊ ဘတ်စ်ကားများနှင့် လူ ၁၂ ဦးစီး ဘတ်စ်ကား ကဲ့သို့)
                                                                                                                                          • အများသုံးနေရာများနှင့် အားလပ်ချိန် အစာစားခန်းများ
                                                                                                                                            • အတူမျှသုံးသည့် နေရာများ (ဥပမာ ရေချိုးခန်းများ နှင့် မီးဖိုချောင်များ)
                                                                                                                                              • မျှသုံးရသည့် ကိရိယာ

                                                                                                                                                ဓါတုပစ္စည်းများကို ဘေးကင်းလုံခြုံစွာ အသုံးချမှုနှင့် တစ်ကိုယ်ရေ သန့်စင်ရေး သတ်မှတ်ချက်များတို့နှင့် ပတ်သက်သည့် လေ့ကျင့်သင်တန်းကို သန့်ရှင်းရေးလုပ်မည့် ပုဂ္ဂိုလ် မည်သူမဆိုအား လေ့ကျင့်ပေးရမည်။

                                                                                                                                                သန့်ရှင်းပေးခြင်းကို စီးပွားလုပ်ငန်းနေရာများနှင့် ဆောက်လုပ်ရေး အလုပ်နေရာများအတွက် သန့်ရှင်းပေးခြင်းနှင့် ပိုးသတ်သန့်စင်ပေးခြင်းတိို့နှင့်ပတ်သက်သည့် DHHS အချက်အလက်နှင့်အညီ ဆောင်ရွက်ရန် လိုအပ်သည် (အောက်ပါ အချိတ်အဆက်လင့်ဂ်ကို ကြည့်ပါ) ။

                                                                                                                                                တစ်ကိုယ်ရေ အကာအကွယ်ပေး ကိရိယာ

                                                                                                                                                အလုပ်ရှင်များသည် ဖြန့်ချီပေးထားသည့် မည်သည့် PPE မဆို၏ ဘေးကင်းလုံခြုံစွာ အသုံးပြုမှု၊ ပိုးကင်းစင်အောင်လုပ်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် စွန့်ပစ်ခြင်းတို့နှင့်ပတ်သက်ပြီး သတင်းအချက်အလက်များ၊ ညွှန်ကြားချက်နှင့် သင်တန်းတို့ကို ပေးအပ်သင့်သည်။ အလုပ်ရှင်များသည် လိုအပ်သည့် ကြီးကြပ်မှု တစ်စုံတစ်ရာကိုလည်း လုပ်ပေးရမည်။

                                                                                                                                                ဖြန့်ချီပေးထားသည့် မည်သည့် PPE ကိုမဆို အလုပ်ပတ်ဝန်းကျင်အတွက် လက်တွေ့ကျရန် (ဥပမာ လိုအပ်သည့် အမြင်ခံနိုင်စွမ်းနှင့် ရွှေ့လျားနိုင်စွမ်း ရှိခြင်း) နှင့် အလုပ်အဆိုင်း အဆုံးသတ်ချိန်၌ အသေအချာ ပိုးသန့်စင်ရန် သို့မဟုတ် စွန့်ပစ်ရန် လိုအပ်ပါသည်။

                                                                                                                                                အလုပ်ရှင်များသည် PPE မှန်မှန်ကန်ကန် အသုံးပြုခြင်းကို စောင့်ကြပ်ကြည့်ရှုပြီး အားပေးသင့်သည်၊ ဥပမာ နံရံကပ် ကြော်ငြာများနှင့် ဒီဂျစ်တယ် မြင်လွှာများဖြင့် အောက်ပါတို့အကြောင်း သတင်းအချက်အလက်များ ပေးထားခြင်းဖြင့်ဖြစ်သည် -

                                                                                                                                                • PPE မဝတ်မီ လက်များကို ဆေးကြောခြင်း သို့မဟုတ် ပိုးသတ်သန့်စင်ပေးခြင်း နှင့် လက်အိတ်များ မဝတ်မီ မျက်နှာအကာအကွယ် တပ်ခြင်း
                                                                                                                                                  • မျက်နှာအကာအကွယ် မချွတ်မီ လက်အိတ်များကို ဖယ်ရှားခြင်း၊ PPE ကို ဖယ်ရှားပြီးနောက်နှင့် သုံးပြီးသား PPE ကို ပိုးသတ်သန့်စင်ခြင်းလုပ်ပြီးနောက် သို့မဟုတ် ဘေးကင်းလုံခြုံစွာ စွန့်ပစ်ပြီးနောက် လက်များကို ဆေးကြောခြင်း သို့မဟုတ် ပိုးသတ်သန့်စင်ပေးခြင်း။

                                                                                                                                                    အလုပ်နှင့် ဆက်နွှယ်သည့် ပင်ပန်းနွှမ်းနယ်မှုကို စီမံခြင်း

                                                                                                                                                    အလုပ်ရှင်များသည် အလုပ်နေရာရှိ ပင်ပန်းနွှမ်းနယ်မှု ဘေးအန္တရာယ်များကို ဖော်ထုတ်ရမည်၊ အန္တရာယ်များကို စိစစ်ပြီး ထိန်းချုပ်ရမည်၊ လက်ရှိအချိန်အထိ သင့်တင့်လျောက်ပတ်စွာ လက်တွေ့ကျနိုင်သမျှ လုပ်ရမည်။

                                                                                                                                                    ထိန်းချုပ်ရေးဆိုင်ရာ အရေးယူလုပ်ဆောင်ချက်များတွင် ပါဝင်နိုင်သည်မှာ -

                                                                                                                                                    • ပင်ပန်းနွှမ်းနယ်မှု အန္တရာယ်ကို လျှော့ချရန် အလုပ်သမားများတွင် လုံလောက်သော အိပ်စက်မှုရှိပြီး ပြန်လည်ကောင်းမွန်ရေး အလားအလာရှိကြောင်း သေချာစေခြင်း
                                                                                                                                                      • ပင်ပန်းနွှမ်းနယ်မှုကို အနည်းဆုံးပြုလုပ်ရန် အောက်ပါတို့ပါဝင်သည့် အလုပ်တာဝန်ချဇယား စည်းမျဥ်းများကို ပြဌာန်းပေးခြင်း-
                                                                                                                                                        • အလုပ်အဆိုင်းတစ်ခုနှင့်တစ်ခု အကြား အနည်းဆုံး ၁၀ နာရီ ခြားထားပေးနိုင်ရန်
                                                                                                                                                        • ဆက်တိုက် ညဆိုင်းအလုပ်များကို အနည်းဆုံးဖြစ်အောင်လုပ်ရန်
                                                                                                                                                        • ညဆိုင်းအလုပ် အတွဲလိုက်လုပ်ပြီးနောက် နှစ်ည ဆက်တိုက် ပြန်လည်နိုးကြားမည့် အိပ်စက်မှု ရနိုင်ရန်တို့ဖြစ်သည်။
                                                                                                                                                      • အလုပ်အဆိုင်း ဖလှယ်မှုများနှင့် အချိန်ပိုကဲ့သို့ ပင်ပန်းနွှမ်းနယ်မှု-အခြေခံသည့် စည်းမျဥ်းများ ဖောက်ဖျက်မှုကို အနည်းဆုံးဖြစ်စေရန် စီမံရေးဖြစ်စဥ်များ ချမှတ်ထားကြောင်း သေချာစေခြင်း
                                                                                                                                                        • အလုပ်သမား ပင်ပန်းနွှမ်းနယ်မှုနှင့် စိတ်ပိုင်းဆိုင်ရာ သာယာဝပြောရေး စိစစ်ရန်နှင့် သတင်းပို့ရန် လုပ်ငန်းဖြစ်စဥ်များ။

                                                                                                                                                          အလုပ် အသွားအပြန် အနီးတစ်ဝိုက် လူအများနှင့်အတူ ကားစီးသွားခြင်း

                                                                                                                                                          အလုပ်ရှင်တစ်ဦး သို့မဟုတ် အလုပ်သင် လေ့ကျင့်သင်တန်းပေးသည့် အလုပ်ရှင်တစ်ဦးသည် အလုပ်သမားများအား ကားဖြင့် အကြိုအပို့လုပ်သည့်ကိစ္စ၌ ၎င်းတို့ လုပ်သင့်သည်မှာ -

                                                                                                                                                          • ကားများ သို့မဟုတ် ဘတ်စ်ကားများတွင် လူအများအပြားကို ၎င်းသူတို့မှာ အိမ််ထောင်စုတစ်ခု၌ အတူတကွ နေထိုင်သည် မဟုတ်လျှင် သယ်ဆောင်ပေးခြင်းကို ရှောင်ကြဉ်ပါ။
                                                                                                                                                            • အိမ်ထောင်စု အမျိုးမျိုးမှ အလုပ်သမားများ အတူတကွ ခရီးသွားရမည့် ကိစ္စ၌ သယ်ယူပို့ဆောင်နေစဉ် ခရီးသည်များ အကြား အနည်းဆုံး ၁.၅ မီတာ လူချင်း အကွာအဝေးကို ဖြစ်နိုင်သည့်ကိစ္စ၌ ထိန်းသိမ်းထားပါ။
                                                                                                                                                              • လေအေးစက်အား အပြင်လေ လေကြောင်းကို လှည့်ပတ်သုံးသည့်လေကြောင်း အစား သုံးရန်သတ်မှတ်ပေးထားပါ သို့မဟုတ် သင့်တော်သည့်ကိစ္စ၌ ပြတင်းပေါက်များကို ဖွင့်လျက်ထားပါ။
                                                                                                                                                                • မကြာခဏ ကိုင်တွယ်ရသည့် မျက်နှာပြင်များ (တံခါးလက်ကိုင်များ၊ ထိုင်ခုံခါးပတ်များနှင့် ပြတင်းပေါက်များကဲ့သို့) ကို အကြိုအပို့ အခေါက်တစ်ခုစီ အကြားတွင် သင့်တောသော သန့်ရှင်းရေးဆေးရည်များနှင့် ပိုးသတ်သန့်စင်ရေး ဆေးရည်များဖြင့် သန့်ရှင်းပေးပြီး ပိုးသတ်ပေးပါ။
                                                                                                                                                                  • အကယ်၍ သယ်ယူပို့ဆောင်ရေးကို အလုပ်သမား ငှါးရမ်းဌာနက ဆောင်ရွက်ပေးလျှင် ဤကိစ္စ မည်သို့လုပ်မည်ကို အလုပ်သမား ငှါးရမ်းဌာနနှင့် ဆွေးနွေးပါ။

                                                                                                                                                                    အလုပ်သမားများအား နေရာထိုင်ခင်းချထားပေးခြင်း

                                                                                                                                                                    အလုပ်ရှင်တစ်ဦး သို့မဟုတ် အလုပ်သင် လေ့ကျင့်သင်တန်းပေးသည့် အလုပ်ရှင်တစ်ဦးသည် အလုပ်သမားများအား နေရာထိုင်ခင်းချထားပေးခြင်း လုပ်သည့်ကိစ္စ၌ ၎င်းတို့ လုပ်သင့်သည်မှာ -

                                                                                                                                                                    • လူချင်း ခပ်ခွာခွာနေခြင်းနှင့် ကောင်းမွန်သော တစ်ကိုယ်ရေ သန့်စင်ရေးတို့ကို အကောင်အထည်ဖော်ရန်အတွက် ပံ့ပိုးရန် လုံလောက်ပြီး ရယူသုံးစွဲနိုင်သည့် အသုံးအဆောင်များကို ချပေးထားကြောင်း သေချာသင့်သည် 
                                                                                                                                                                      • အလုပ်သမားများအတွက် အကယ်၍ လိုအပ်ခဲ့လျှင် ကိုယ်တိုင်-အထိအတွေ့မဲ့ အထီးကျန်နေခြင်းဆိုင်ရာ သတ်မှတ်ချက်များကို ကိုက်ညီစေရန် အစီအမံများကို ချမှတ်ထားကြောင်း သေချာသင့်သည်
                                                                                                                                                                        • နေရာထိုင်ခင်းကို အလုပ်သမားများ မရောက်လာမီ၊ ထွက်ခွာပြီးနောက်၊ နှင့် ၎င်းတို့ နေထိုင်စဥ်အတောအတွင်း ဖြစ်နိုင်သမျှ ပုံမှန် အသေအချာ သန့်ရှင်းပေးပြီး ပိုးသတ်ပေးကြောင်း သေချာသင့်သည်
                                                                                                                                                                          • အကယ်၍ နေရာထိုင်ခင်းချထားပေးခြင်းကို အလုပ်သမား ငှါးရမ်းဌာနက ဆောင်ရွက်ပေးလျှင် ဤကိစ္စမည်သို့လုပ်မည်ကို အလုပ်သမား ငှါးရမ်းဌာနနှင့် ဆွေးနွေးပါ။

                                                                                                                                                                            အကယ်၍ အလုပ်သမားတွင် ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရှိလျှင် ဘာလုပ်ရမည်နည်း။

                                                                                                                                                                            ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရောဂါရှိကြောင်း သံသယဖြစ်ခံရလျှင် သို့မဟုတ် ရောဂါရှိကြောင်း အတည်ပြုခံရလျှင် DHHS သည် နီးနီးကပ်ကပ် အထိအတွေ့ရှိသူများကို ဖော်ထုတ်ရန် အဆိုပါ ပုဂ္ဂိုလ်အား ဆက်သွယ်ပါမည်။

                                                                                                                                                                            အကယ်၍ အဆိုပါ အလုပ်သမားသည် ၎င်းတို့ ကူးစက်စေနိုင်သည့် အချိန်အတောအတွင်း အလုပ်တက်ရောက်ခဲ့ပြီး အခြား အလုပ်သမားများနှင့် နီးနီးကပ်ကပ် အထိအတွေ့ရှိခဲ့လျှင် DHHS သည် အလုပ်ရှင်ကို ဆက်သွယ်ပါမည်။ 

                                                                                                                                                                            အလုပ်ရှင်သည် သံသယဖြစ်ခံရသည့်ကိစ္စများအတွက်နှင့် အတည်ပြုခံရသည့်ကိစ္စများအတွက် တုံ့ပြန်မည့် အစီအစဥ်နှင့် လုပ်ထုံးလုပ်နည်းကို ထူထောင်သင့်သည်၊ ၎င်းတွင် ပါဝင်သင့်သည်မှာ -

                                                                                                                                                                            • အလုပ်သမားများနှင့် လုပ်သည့် ဆွေးနွေးမှုနှင့် ဆက်သွယ်မှုအတွက် အစီအမံများ၊ ဆက်သွယ်ရမည့် အသေးစိတ်အချက်များမှာ လက်ရှိဖြစ်နေကြောင်း သေချာအောင်လုပ်ခြင်း အပါအဝင်
                                                                                                                                                                              • အလုပ်ခွင် နေရာချဇယား အချက်အလက်များကို ထိန်းသိမ်းထားခြင်း
                                                                                                                                                                                • သန့်ရှင်းရေးလုပ်ခြင်းနှင့် ပိုးသတ်သန့်စင်ပေးခြင်းတို့အတွက် အလုပ်နေရာ တည်ရှိရာများကို ဖော်ထုတ်ထားခြင်း
                                                                                                                                                                                  • သင့်တော်သော သန့်ရှင်းရေးနှင့် ပိုးသတ်သန့်စင်ရေး အလုပ်ကို အကောင်အထည်ဖော်ခြင်း၊ ၎င်းကို ပိုးဖြင့်ထိခိုက်ခံရသည့်နေရာများအတွင်းသို့ ပြန်မဝင်စေမီ ကျွမ်းကျင်သူတစ်ဦးက ကြီးကြပ်သင့်သည်
                                                                                                                                                                                    • အလုပ််သမားများသို့ အဆိုပါ အလုပ်နေရာသို့ ပြန်မဝင်မီနှင့် အလုပ် ပြန်မလုပ်မီ သက်ဆိုင်သည့် သတင်းအချက်အလက်များကို ပေးအပ်ခြင်း
                                                                                                                                                                                      • အန္တရာယ်များကို ထိထိရောက်ရောက် ထိန်းချုပ်ထားကြောင်း သေချာစေရန် စနစ်များကို DHHS နှင့် အလုပ်သမားများတို့နှင့် ဆွေးနွေး၍ ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ပေးခြင်း။  

                                                                                                                                                                                        ဥပဒေဆိုင်ရာ တာဝန်များ

                                                                                                                                                                                        အလုပ်ရှင်များတွင် OHS အက်ဥပဒေ အရ တာဝန်များရှိသည်၊ ၎င်းတွင် ပါဝင်သည်မှာ အလုပ်ရှင်များသည် လက်ရှိအချိန်အထိ သင့်တင့်လျောက်ပတ်စွာ လက်တွေ့ကျနိုင်သမျှ အောက်ပါတို့ကို လုပ်ရမည် -

                                                                                                                                                                                        • ဘေးကင်းလုံခြုံပြီး အလုပ်သမားများနှင့် ကန်ထရိုက်ဖြင့် သီးခြားလုပ်သူများ၏ ကျန်းမာရေးအပေါ် အန္တရာယ်များ မရှိစေသော အလုပ်လုပ်ကိုင်ရာ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးပြီး ထိန်းသိမ်းထားရမည်။
                                                                                                                                                                                          • အလုပ်နေရာ၌ အန္တရာယ်တစ်ခုကို ဖော်ထုတ်သည့် ကိစ္စ၌ အဆိုပါ အန္တရာယ်ကို သုတ်သင်ရှင်းပစ်ရမည်။ အဆိုပါ အန္တရာယ်ကို သုတ်သင်ရှင်းပစ်ရန် မဖြစ်နိုင်သည့်ကိစ္စ၌ ၎င်းကို လက်ရှိအချိန်အထိ သင့်တင့်လျောက်ပတ်စွာ လက်တွေ့ကျနိုင်သမျှ လျှော့ချပေးရမည်။
                                                                                                                                                                                            • အလုပ်သမားများနှင့် သီးခြား ကန်ထရိုက်ဖြင့်လုပ်သူများ၏ သာယာဝပြောရေးအတွက် လုံလောက်သော အသုံးအဆောင်များ ပေးအပ်ထားရမည်။
                                                                                                                                                                                              • အလုပ်သမားများနှင့် ကန်ထရိုက်ဖြင့်လုပ်သူများအတွက် ကျန်းမာရေးအပေါ် ဘေးကင်းလုံခြုံပြီး အန္တရာယ် မရှိစေသော နည်းလမ်းဖြင့် ၎င်းတို့၏ အလုပ်ကို ထမ်းဆောင်နိုင်ရန် လိုအပ်သမျှ သတင်းအချက်အလက်များ၊ ညွှန်ကြားချက်များ၊ လေ့ကျင့်သင်တန်းများ သို့မဟုတ် ကြီးကြပ်ပေးမှုများ လုပ်ပေးရမည်။
                                                                                                                                                                                                • အလုပ်သမားများအား ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးတို့နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ (သင့်တော်သလို) အင်္ဂလိပ်စာမှလွဲ၍ အခြား ဘာသာစာများဖြင့် အပါအဝင် ပေးအပ်ရမည်။
                                                                                                                                                                                                  • အလုပ်ရှင်၏ အလုပ်သမားများ ကျန်းမာရေးကို စောင့်ကြပ်ကြည့်ရှုရသည်။
                                                                                                                                                                                                    • အလုပ်ရှင်၏ စီမံအုပ်ချုပ်ရေးနှင့် ထိန်းချုပ်မှု အောက်၌ရှိသော အလုပ်ခွင်နေရာ မည်သည့်နေရာမဆိုရှိ အခြေအနေများကို စောင့်ကြပ်ကြည့်ရှုရမည်။
                                                                                                                                                                                                      • အလုပ်ရှင်၏ အလုပ်သမားများ မဟုတ်သော အခြားသူများမှာ ၎င်းတို့၏ ကျန်းမာရေးအပေါ် အလုပ်ရှင်၏ တာဝန်ယူထားသည့် လုပ်ရပ်မှ ပေါ်ပေါက်လာသော အန္တရာယ်များ မကျရောက်စေရန် သေချာစေရမည်။
                                                                                                                                                                                                        • အလုပ်သမားများနှင့် အကယ်၍ ရှိလျှင် HSRs တို့နှင့် ၎င်းသူတို့အား တိုက်ရိုက် ထိခိုက်စေမည့် သို့မဟုတ် တိုက်ရိုက် ထိခိုက်စေနိုင်ဖွယ်ရှိသည့် ကျန်းမာရေး သို့မဟုတ် ဘေးကင်းလုံခြုံရေးတို့နှင့်ပတ်သက်သော အကြောင်းအရာများနှင့် စပ်လျဥ်း၍ ဆွေးနွေးတိုင်ပင်ရမည်။

                                                                                                                                                                                                          ကိုယ်ပိုင်-အလုပ်လုပ်သူများသည် သူတို့၏ စီးပွားလုပ်ငန်းကို သူတို့ဆောင်ရွက်ပုံကြောင့် ပေါ်ပေါက်လာမည့် အန္တရာယ်များသည် လူများအတွက် ၎င်းတို့၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအပေါ် မကျရောက်ကြောင်း လက်ရှိအချိန်အထိ သင့်တင့်လျောက်ပတ်စွာ လက်တွေ့ကျနိုင်သမျှ သေချာစေရမည်။

                                                                                                                                                                                                          အလုပ်ခွင်ကို စီမံရသူ သို့မဟုတ် ထိန်းချုပ်ရသူတစ်ဦးသည် အလုပ်ခွင်နှင့် အလုပ်ခွင်သို့ ဝင်ရောက်ခြင်းနှင့်ထွက်ခွာခြင်းဆိုင်ရာ နည်းလမ်းများမှာ ဘေးကင်းလုံခြုံပြီး ကျန်းမာရေးကို အန္တရာယ် မရှိစေကြောင်း လက်ရှိအချိန်အထိ သင့်တင့်လျောက်ပတ်စွာ လက်တွေ့ကျနိုင်သမျှ သေချာစေရမည်။

                                                                                                                                                                                                          အလုပ်သမားများတွင်လည်း အဆိုပါ OHS အက်ဥပဒေ အရ တာဝန်များရှိသည်၊ ၎င်းတွင် အလုပ်သမားများ လုပ်ရမည့် အောက်ပါတို့ ပါဝင်သည် -

                                                                                                                                                                                                          • ၎င်းတို့၏ ကိုယ်ပိုင် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် သင့်တင့်လျောက်ပတ်စွာ ဂရုစိုက်စောင့်ရှောက်ရမည်
                                                                                                                                                                                                            • အလုပ်နေရာ၌ အလုပ်သမား၏ လုပ်ရပ်များကြောင့် သို့မဟုတ် ပျက်ကွက်မှုများကြောင့် ထိခိုက်နိုင်ဖွယ်ရှိသည့်သူများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် သင့်တော်သလို ဂရုစိုက်ရမည်။
                                                                                                                                                                                                              • အလုပ်ခွင် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး အက်ဥပဒေ (OHS Act) ပြဌာန်းချက်ကြောင့် သို့မဟုတ် အက်ဥဒေအရ သတ်မှတ်ချက်တစ်ခုကို လိုက်နာလုပ်ဆောင်ရန်အတွက် အလုပ်ရှင်မှ လုပ်ဆောင်သည့် လုပ်ရပ်တစ်ခုခုနှင့်ပတ်သက်၍ မိမိတို့၏ အလုပ်ရှင်နှင့် ပူးပေါင်းလုပ်ဆောင်ရမည်။