ကိုရိုနာဗိုင်းရတ်စ် (COVID-19) ထိတွေ့မှု အန္တရာယ်ကို စီမံကွပ်ကဲခြင်း- အသားနှင့် ကြက်ငှက် စီမံထုတ်လုပ

အသားနှင့် ကြက်ငှက် စီမံထုတ်လုပ်ရေး လုပ်ငန်းကဏ္ဍများတွင် ကိုရိုနာဗိုင်းရတ်စ် (COVID-19) နှင့် အလုပ်သမားများ၏ အထိအတွေ့ကို တားဆီးခြင်းနှင့် ထိန်းချုပ်ခြင်း။

အဆင့် ၄ ပိတ်ပင်ကန့်သတ်ချက်များ ဗစ်တိုးရီးယားပြည်နယ် တစ်ဝန်း အသား စီမံထုတ်လုပ်သည့် အဆောက်အအုံများအတွက် သက်ဆိုင်သည်

အဆင့် ၄ ‘အိမ်၌နေပါ’ ဆိုသည့် ပိတ်ပင်ကန့်သတ်ချက်များကို ချမှတ်ထားစဥ် အသားထုတ်လုပ်ငန်းနှင့် ပင်လယ်အစားအစာ စီမံထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေး လုပ်ငန်းများသည် ကန့်သတ်ထားသည့် လုပ်ငန်းလည်ပတ်မှုများနှင့် သီးခြား တာဝန်များအတွက် လမ်းညွှန်များအပေါ် မူတည်ပါသည်။

၎င်းတွင် ထုတ်လုပ်ရေး စွမ်းဆောင်ရည်ကို ကန့်သတ်ခြင်း၊ အလုပ်နေရာ တစ်ခုစီ၌ အလုပ်လုပ်ရန် အလုပ်သမားများအား ကန့်သတ်ခြင်းနှင့် COVIDSafe အစီအစဉ်တစ်ရပ် ထူထောင်ခြင်းတို့ပါဝင်သည်။

ဤပိတ်ပင်ကန့်သတ်ချက်များကို အချိန်မရွေး ပြောင်းလဲပြင်ဆင်ကောင်း ပြင်ဆင်နိုင်သည်။ သင်သည် သင့် လုပ်ငန်းကဏ္ဍအတွက် ပြောင်းလဲချက် တစ်ရပ်ရပ်နှင့်ပတ်သက်ပြီး နောက်ဆုံးသတင်း သိနေအောင်လုပ်ရမည်။

အန္တရာယ် မြင့်မားသော COVIDSafe အစီအစဥ် တစ်ရပ်ကို ပြင်ဆင်ပါ

ဗစ်တိုးရီးယားပြည်နယ်ရှိ လုပ်ငန်းလည်ပတ်နေသော အသား စီမံထုတ်လုပ်ရေး အဆောက်အအုံ အားလုံးသည် COVIDSafe အစီအစဉ်ကို ထပ်ဆင့်၍ အန္တရာယ် မြင့်မားသော COVIDSafe အစီအစဉ် တစ်ရပ်ကို ထားရှိရန် လိုအပ်ပါသည်။

အန္တရာယ် မြင့်မားသော COVIDSafe အစီအစဉ် တစ်ရပ်အားဖြင့် စီးပွားလုပ်ငန်းများအား ဗစ်တိုးရီးယားပြည်နယ် ကျန်းမာရေး အရာရှိချုပ် (Victorian Chief Health Officer (CHO)) က ထုတ်ပြန်သည့် လမ်းညွှန်ချက်များအရ ၎င်းတို့ လိုက်နာရမည့် သတ်မှတ်ချက်များနှင့် ကိုက်ညီစေပါသည်။

Business Victoria တွင် COVIDSafe အစီအစဥ်များနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ရှိသည်၊ ပုံစံများနှင့် လမ်းညွှန် အပါအဝင်ဖြစ်သည်။

ပိတ်ပင်ကန့်သတ်ချက်များကြောင့် သက်ရောက်ခံရမည့် ကျွန်ုပ်၏ OHS တာဝန်များမှာ မည်သို့ရှိမည်နည်း။

ပိတ်ပင်ကန့်သတ်ချက်များကြောင့် အလုပ်ခွင် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး အက်ဥပဒေ ၂၀၀၄ ခုနှစ် (Occupational Health and Safety Act 2004 (OHS Act)) နှင့် အလုပ်ခွင် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး စည်းမျဉ်းများ ၂၀၁၇ ခုနှစ် (Occupational Health and Safety Regulations 2017 (OHS Regulations)) တို့အရ သင့် တာဝန်များအပေါ် ပြောင်းလဲချက် မရှိပါ။

COVIDSafe အစီအစဉ်တစ်ရပ် ပြင်ဆင်ရေးဆွဲခြင်းသည် ဘေးကင်းလုံခြုံသော အလုပ်စနစ် တစ်ရပ် ထူထောင်ခြင်း၏အစိတ်အပိုင်း ဖြစ်စေသည်၊ သို့သော်လည်း COVIDSafe အစီအစဥ်တစ်ရပ်ထားရှိခြင်းနှင့် CHO လမ်းညွှန်ချက်များကိုလိုက်နာခြင်းသည် သင့်အနေဖြင့် OHS အက်ဥပဒေနှင့် OHS စည်းမျဥ်းများအရ သင့် တာဝန်များကို သင် လိုက်နာခဲ့ပြီးဖြစ်သည်ဟု သေချာပေါက် မဆိုလိုပါ။

သင့်စီးပွားလုပ်ငန်းကို မည်သို့လုပ်ငန်းလည်ပတ်ရမည်ဟု ချမှတ်ထားသည့် ကျန်းမာရေး လမ်းညွှန်ချက် တစ်စုံတစ်ရာကို လိုက်နာရမည့်အပြင် OHS အက်ဥပဒေအရ သင့်တာဝန်များနှင့် သင် လိုက်နာနေသည်ဖြစ်သည်ကိုလည်း သေချာစေရမည်။ အလုပ်သမားများကလည်း OHS အက်ဥပဒေအရ ၎င်းတို့၏ တာဝန်များကို လိုက်နာရမည်။

ကိုရိုနာဗိုင်းရတ်စ် (COVID-19) နှင့် အသားနှင့် ကြက်ငှက် စီမံထုတ်လုပ်ရေး လုပ်ငန်းကဏ္ဍ

ကိုရိုနာဗိုင်းရတ်စ် (COVID-19) ကူးစက်မှုသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ နာမကျန်းမှု အပျော့စားမှ အပြင်းစားအထိ ဖြစ်ပွားစေနိုင်သည်။ သတင်းပို့ထားသော အဖြစ်အများဆုံး ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရောဂါလက္ခဏာများမှာ-

  • ကိုယ်ပူအဖျားတက်ခြင်း
    • ချမ်းဖျားခြင်း သို့မဟုတ် ချွေးထွက်ခြင်း
      • ချောင်းဆိုးခြင်း
        • လည်ချောင်းနာခြင်း
          • အသက်ရှူကျပ်ခြင်း
            • နှာရည်ယိုခြင်း
              • အနံ့ခံမရခြင်း
                • ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် မောပန်းခြင်း

                  ကိုရိုနာဗိုင်းရတ်စ် (COVID-19) သည် လူတစ်ဦးမှ တစ်ဦးသို့ အောက်ပါတို့မှတစ်ဆင့် အများဆုံး ကူးစက်ပျံ့နှံ့နိုင်ဖွယ်ရှိသည်-

                  • ရောဂါကူးစက်ခံရသူ တစ်ဦးနှင့် နီးနီးကပ်ကပ် အထိအတွေ့ရှိခြင်း
                    • ရောဂါကူးစက်ခံထားရသူကြောင့် ရောဂါပိုးများရှိနေသည့် အရာဝတ္ထုပစ္စည်းများ သို့မဟုတ် မျက်နှာပြင်များ (ဥပမာ တံခါးလက်ကိုင်များနှင့် လက်တန်းများ) ကို ထိတွေ့ကိုင်တွယ်ခြင်

                      အသားနှင့် ကြက်ငှက် စီမံထုတ်လုပ်ရေး လုပ်ငန်းကဏ္ဍရှိ အလုပ်သမားများသည် ၎င်းတို့ ကိုင်တွယ်သည့် အသားထုတ်ကုန်များမှတစ်ဆင့် ကိုရိုနာဗိုင်းရတ်စ် (COVID-19) နှင့် ထိတွေ့ကြမည် မဟုတ်ပါ၊ သို့သော်လည်း စီမံထုတ်လုပ်ရေးလိုင်းများနှင့် အလုပ်၏ လျင်မြန်သော သဘောသဘာဝကဲ့သို့ အလုပ်သမားများ အချင်းချင်း အပြန်အလှန် နီးနီးကပ်ကပ် သာမန်အားဖြင့် နေရသည့် အလုပ်တာဝန်ကြောင့် ကိုရိုနာဗိုင်းရတ်စ် (COVID-19) ထိတွေ့မှု ပိုမိုများလာမည့် အန္တရာယ်အလားအလာ ရှိပါသည်။

                      အလုပ်ခွင် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး အက်ဥပဒေ ၂၀၀၄ ခုနှစ် (Occupational Health and Safety Act 2004 (OHS Act)) အရ အလုပ်ရှင်များတွင် ဘေးကင်းလုံခြုံပြီး အလုပ်သမားများ၏ ကျန်းမာရေးအပေါ် အန္တရာယ် မကျရောက်စေသည့် အလုပ်လုပ်ကိုင်ရာ ပတ်ဝန်းကျင်တစ်ခုကို လက်ရှိအချိန်အထိ သင့်တင့်လျောက်ပတ်စွာ လက်တွေ့ကျနိုင်သမျှ ဖန်တီးပေးပြီးထိန်းသိမ်းထားရန် တာဝန်ရှိသည်။ ၎င်းတွင် ကိုရိုနာဗိုင်းရတ်စ် (COVID-19) ထိတွေ့မှုအလားအလာနှင့် ဆက်နွှယ်သည့် ကျန်းမာရေး (စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အပါအဝင်) နှင့် ဘေးကင်းလုံခြုံရေးအန္တရာယ်များအား ကာကွယ်တားဆီးခြင်း ပါဝင်သည်။

                      အလုပ်သမားများတွင် အလုပ်ခွင်၌ မိမိတို့၏ ကိုယ်ပိုင်နှင့် အခြားသူများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးကို သင့်တင့်လျောက်ပတ်စွာ စောင့်ရှောက်ပေးရန် တာဝန်ရှိသည့်အပြင် OHS အက်ဥပဒေ သို့မဟုတ် စည်းမျဉ်းများနှင့် ကိုက်ညီစေရန် အလုပ်ရှင်များက လုပ်ဆောင်သည့် မည်သည့်လုပ်ဆောင်ချက်ကိုမဆို မိမိတို့၏ အလုပ်ရှင်များနှင့်ပူးပေါင်း လုပ်ဆောင်ရန် တာဝန်ရှိသည်။

                      အန္တရာယ်များအား ဖော်ထုတ်ခြင်း

                      အလုပ်ရှင်များသည် မိမိတို့၏ အလုပ်ခွင်တွင် ကိုရိုနာဗိုင်းရတ်စ် (COVID-19) နှင့်ထိတွေ့ရာမှ မိမိ အလုပ်သမားများ၏ ကျန်းမာရေးဆိုင်ရာဘေးအန္တရာယ်များကို ဖော်ထုတ်ပြီး အန္တရာယ် အဆင့်ကို စိစစ်ရမည်။ ၎င်းကို ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး ကိုယ်စားလှယ်များ (HSRs) (အကယ်၍ရှိလျှင်)   နှင့် အလုပ်သမားများတို့နှင့် လက်ရှိအခြေအနေအထိ သင့်တင့်လျောက်ပတ်စွာ လက်တွေ့ကျနိုင်သမျှ တိုင်ပင်ဆွေးနွေးပြီးလုပ်ရမည်။

                      ကုန်ကြမ်းသယ်ယူပို့ဆောင်ရေးမှ နောက်ဆုံးအဆင့် ထုတ်ကုန်အထိ အလုပ်ခွင်ရှိ အလုပ်သမား အုပ်စုတိုင်းကို ထည့်သွင်းစဉ်းစားသင့်သည်။ ၎င်းတွင် သားသတ်နေရာ၊ သားဖျက်နေရာ၊ အရိုးထွင်နေရာ၊ ထုတ်လုပ်ရေး၊ ထုပ်ပိုးရေး၊ သိုလှောင်ရေး၊ ကုန်လှောင်ရုံ၊ ဝန်ချီစက် ရွေ့လျားမှု၊ သန့်ရှင်းရေး၊ ထိန်းသိမ်းရေးနှင့် ကဖီး ဝန်ထမ်းများကဲ့သို့ ပါဝင်နိုင်သည်။

                      အသားနှင့်ကြက်ငှက် အလုပ်သမားများအပေါ် ကိုရိုနာဗိုင်းရတ်စ် (COVID-19) ကူးစက်မှုဖြစ်ပွားစေသည့် အဓိက အကြောင်းခံ အချို့မှာ-

                      1. အလုပ်သမားများအကြား အကွာအဝေး

                        အလုပ်သမားများသည် စီမံထုတ်လုပ်ရေးလိုင်းများပေါ်တွင် တစ်ဦးနှင့်တစ်ဦး များသောအားဖြင့် နီးနီးကပ်ကပ် အလုပ်လုပ်ကြရသည်။ အလုပ်သမားများသည် အခြားနေရာများတွင်လည်း တစ်ဦးနှင့်တစ်ဦး နီးနီးကပ်ကပ် နေနိုင်ဖွယ်ရှိသည်၊ အဆောက်အအုံသို့ ဝင်ပေါက်/ထွက်ပေါက်များ၊ အလုပ်ဝင်/ထွက်မှတ်သည့်နေရာများ၊ နားနေခန်းများ၊ ဆေးကြောခန်းများ၊ ဖိနပ်ထားရာအခန်းများ၊ ပစ္စည်းထားခန်း/အဝတ်လဲခန်းများ၊ ရေချိုးခန်းများနှင့် ရေအိမ်သာခန်းများ၊ နှင့် သားသတ်နေရာများ သို့မဟုတ် စီမံခန်းများသို့ မဝင်မီ ဆေးကြောခန်းများကဲ့သို့ဖြစ်သည်။

                      2. အပြန်အလှန် နီးနီးကပ်ကပ်နေသည့် အချိန်ကာလ

                        အလုပ်သမားများသည် တစ်ဦးနှင့်တစ်ဦး များသောအားဖြင့် အချိန်ကြာမြင့်စွာ နီးနီးကပ်ကပ် အပြန်အလှန် ဆက်ဆံခြင်းရှိကောင်းရှိနိုင်သည်။ ကူးစက်ရန် အလားအလာရှိသူများနှင့် နီးနီးကပ်ကပ် ဆက်တိုက် အပြန်အလှန် ဆက်ဆံခြင်းသည် ကိုရိုနာဗိုင်းရတ်စ် (COVID-19) ကူးစက်မှု အန္တရာယ်ကို တိုးမြင့်စေသည်။

                      3. အပြန်အလှန် နီးနီးကပ်ကပ်နေသည့် အမျိုးအစား

                        အလုပ်သမားများသည် ကူးစက်တတ်သော ဗိုင်းရတ်စ်ပိုးကို လေထဲရှိ အသက်ရှူလမ်းကြောင်းမှ ထွက်သည့် အရည်အစက်များမှတစ်ဆင့် ထိတွေ့ ရကောင်းရနိုင်သည်၊ ဥပမာ အလုပ်ရုံရှိ ဗိုင်းရတ်စ်ရှိသူတစ်ဦး ချောင်းဆိုး သို့မဟုတ် နှာချေသည့်အခါ ဖြစ်သည်။ ကိရိယာများ၊ အလုပ်ရုံများ သို့မဟုတ် နားနေခန်း စားပွဲများကဲ့သို့ ပိုးဖြင့်ညစ်ညမ်းနေသည့် မျက်နှာပြင်များ သို့မဟုတ် အရာဝတ္တုများနှင့် ထိတွေ့ရာမှ ရောဂါနှင့် ထိတွေ့မှုဖြစ်ပွားခြင်းလည်း ဖြစ်နိုင်သည်။

                      4. အသားနှင့် ကြက်ငှက် အလုပ်သမားများအကြား အန္တရာယ် တိုးမြင့်နိုင်သည့် ထင်ရှားသော အခြား အကြောင်းခံများတွင် ပါဝင်သည်မှာ-
                        • သယ်ယူပို့ဆောင်ရေး အတူတကွ မျှစီးရသည့် အလုပ်ခွင်နေရာ အချို့ရှိ လုပ်နေကျ လုပ်ရိုးလုပ်စဉ်၊ ဗင်ကား သို့မဟုတ် အကြိုအပို့ ကားကြီးများ အတူစီးရခြင်း၊ ကားတွင်း မျှစီးခြင်း နှင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးကဲ့သို့ဖြစ်သည်။
                        • အသိုင်းအဝိုင်း ကူးစက်မှုဖြစ်ပွားနေသည့် နေရာများရှိ အသိုင်းအဝိုင်း အနေအထားများမှ ရောင်းရင်း အလုပ်သမားများနှင့် မကြာခဏ အထိအတွေ့ရှိခြင်း။

                      ကိုရိုနာဗိုင်းရတ်စ် (COVID-19) အထိအတွေ့ အန္တရာယ်များကို ထိန်းချုပ်ခြင်း

                      Face masks in workplaces

                      Directions from the Victorian Chief Health Officer about face masks are in place across Victoria. Everyone in Victoria over 12 must wear a fitted face mask outside of their home. For more information see the guidance Managing coronavirus (COVID-19) risks: Face masks in workplaces.

                      အလုပ်ခွင်၌ ကျန်းမာရေးအန္တရာယ်တစ်ခုအား ဖော်ထုတ်သိရှိသည့်ကိစ္စ၌ အလုပ်ရှင်များသည် အဆိုပါ အန္တရာယ်ကို လက်ရှိအချိန်အထိ သင့်တင့်လျောက်ပတ်စွာ လက်တွေ့ကျနိုင်သမျှ ရှင်းလင်း ဖယ်ရှားပစ်ရမည်။ အဆိုပါ အန္တရာယ်ကို ရှင်းလင်းဖယ်ရှားပစ်ရန် မဖြစ်နိုင်သည့်ကိစ္စ၌ ၎င်းအန္တရာယ်ကို လက်ရှိအချိန်အထိ သင့်တင့်လျောက်ပတ်စွာ လက်တွေ့ကျနိုင်သမျှ လျှော့ချပစ်ရမည်။

                      အလုပ်သမားများနှင့် HSRs (အကယ်၍ ရှိလျှင်) တို့အား တိုက်ရိုက် ထိခိုက်စေမည့် သို့မဟုတ် တိုက်ရိုက် ထိခိုက်စေနိုင်ဖွယ်ရှိသည့် ကျန်းမာရေး သို့မဟုတ် ဘေးကင်းလုံခြုံရေးတို့နှင့်ပတ်သက်သော အကြောင်းအရာများနှင့်စပ်လျဉ်း၍ အလုပ်ရှင်များသည် ၎င်းတို့နှင့် လက်ရှိအချိန်အထိ သင့်တင့်လျောက်ပတ်စွာ လက်တွေ့ကျနိုင်သမျှ ဆွေးနွေးတိုင်ပင်ရမည့် တာဝန်တစ်ခုရှိသည်။ ၎င်းတွင် အလုပ်ခွင်၌ ကိုရိုနာဗိုင်းရတ်စ် (COVID-19) နှင့်ဆက်နွှယ်သည့် အန္တရာယ်များကို မည်သို့ ထိန်းချုပ်မည့်အကြောင်း ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ဆွေးနွေးခြင်း ပါဝင်သည်။

                      အလုပ်ခွင် နေရာတိုင်းသည် အမျိုးမျိုးသော ထိန်းချုပ်ရေးဆိုင်ရာ အရေးယူလုပ်ဆောင်ချက်များကို သွတ်သွင်းပေးခြင်းအားဖြင့် အန္တရာယ် အနည်းဆုံးဖြစ်စေရန် သီးခြား အစီအစဉ်တစ်ခု ထူထောင်ရန် လိုအပ်ပါမည်။ လိုအပ်သည့် ထိန်းချုပ်ရန်ဆောင်ရွက်ချက် အမျိုးအစားများမှာ အန္တရာယ်အဆင့်အပေါ် မူတည်သည့်အပြင် တစ်သီးပုဂ္ဂလ အလုပ်လုပ်ရာနေရာများအပါအဝင် အလုပ်ခွင်တစ်ခုချင်းအတွက် ထိန်းချုပ်မှုများ ရရှိနိုင်မှုနှင့် သင့်တော်မှုအပေါ်တွင်လည်း မူတည်ပါသည်။

                      စစ်ဆေးခြင်းနှင့်  အသွားအလာကန့်သတ်စောင့်ကြည့်ခြင်း (quarantining)

                      ကိုရိုနာဗိုင်းရတ်စ် (COVID-19) ထိတွေ့မှုအန္တရာယ်ကို အနည်းဆုံးဖြစ်စေရန် အလုပ်ရှင်များသည် အလုပ်သမားများအား ၎င်းတို့ အလုပ်အဆိုင်း စတင်ရန် အလုပ်ခွင်သို့ မဝင်ရောက်မီ စစ်ဆေးရေး လုပ်ငန်းစဉ်တစ်ခု ဖော်ဆောင်ရန် စဉ်းစားသင့်သည်။ အဆိုပါ လုပ်ငန်းဖြစ်စဉ်တွင် ပါဝင်နိုင်သည်မှာ-

                      • အလုပ်သမားများအား ၎င်းတို့ ခရီးသွားခဲ့ခြင်းရှိမရှိ သို့မဟုတ် ကိုရိုနာဗိုင်းရတ်စ် (COVID-19) အတည်ပြုခံရသူ တစ်ဦးဦးနှင့် ထိတွေ့မှုရှိခဲ့ခြင်း ရှိမရှိ သို့မဟုတ် လွန်ခဲ့သည့် ၄၈ နာရီ အတွင်း ဖြစ်လေ့ရှိသည့် ရောဂါလက္ခဏာများအနက် တစ်ခုခု ရှိခဲ့ခြင်းရှိမရှိ(အထက် စာရင်းကို ကြည့်ပါ) မေးမြန်းခြင်း
                        • ထိတွေ့ရန် မလိုအပ်သည့်- အဖျားတိုင်းကိရိယာဖြင့် ကိုယ်ပူချိန်တိုင်းခြင်း။ အဆိုပါ စစ်ဆေးမှုများသည် လူတစ်ဦး၌ ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရှိသည် ဟုတ်မဟုတ် ပြောမည် မဟုတ်ကြောင်း မှတ်သားသင့်သည်။ လူတစ်ဦးသည် အခြားအကြောင်းရင်းများကြောင့် ကိုယ်ပူချိန်တက်ကောင်း တက်နိုင်သည် သို့မဟုတ် ၎င်းတို့၏ ကိုယ်အပူချိန်ကို လျှော့ချစေသည့် ဆေးဝါးများ သုံးစွဲကောင်း သုံးစွဲထားနိုင်သည် သို့မဟုတ် ရောဂါလက္ခဏာ မပြသခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ အကယ်၍ ကိုယ်အပူချိန်တိုင်းခြင်းကို သုံးခဲ့လျှင် ကိုယ်အပူတိုင်းခြင်းများသည် ဆုံးဖြတ်ချက်ချမှတ်ရန် ပံ့ပိုးသည့် အခြား နည်းလမ်းများနှင့်အတူ လမ်းညွှန်အဖြစ်သာ အသုံးပြုသင့်သည်။

                          ကိုယ်အပူချိန်တိုင်းသည့် ကိရိယာမှာ သန့်ရှင်းပြီး စိတ်ချကောင်းမွန်နေရန် လိုအပ်ကာ ကိုယ်အပူချိန် တက်နေသည့်ကိစ္စ၌ လုပ်ထုံးလုပ်နည်းများကို ချမှတ်ထားသင့်သည်။

                          အလုပ်သမားများအား စစ်ဆေးခြင်းအတွက် မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများကို အလုပ်သမားများ၊ HSRs နှင့် အလုပ်ခွင်ဆိုင်ရာ ဆေးဖက် အတတ်ပညာရှင်များနှင့်အတူ ပြောဆိုဆွေးနွေးပြီး ထူထောင်သင့်သည်။

                          အကယ်၍ အလုပ်သမားတစ်ဦးသည် အလုပ်ခွင်၌ ရှိနေပြီး ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရောဂါလက္ခဏာများ ဖြစ်ပွားလာလျှင် အလုပ်ရှင်သည် ဖြစ်နိုင်ပါက နှာခေါင်းစည်း ပေးသင့်ပြီး အလုပ်သမားသည် ချက်ချင်း အိမ်ပြန်သင့်သည်၊ ကိုရိုနာဗိုင်းရတ်စ် (COVID-19) သတင်းအချက်အလက် ဖုန်းလိုင်း 1800 675 398 ကို ခေါ်ဆိုပြီး DHHS  ဝက်ဘ်ဆိုက်တွင် ရရှိနိုင်သည့် ကိုယ်တိုင်-အထိအတွေ့မဲ့ အထီးကျန်နေခြင်းဆိုင်ရာ လမ်းညွှန်ကို လိုက်နာသင့်သည်။

                          ကိုရိုနာဗိုင်းရတ်စ် (COVID-19) ထိတွေ့မှုနှင့်ဆက်နွှယ်သည့် အန္တရာယ်ကို လက်ရှိအချိန်အထိ သင့်တင့်လျောက်ပတ်စွာ လက်တွေ့ကျနိုင်သမျှ ရှင်းလင်းဖယ်ရှားပစ်ရန် သို့မဟုတ် လျှော့ချပစ်ရန် အလုပ်ရှင်တစ်ဦး၏ တာဝန်မှာ-

                          • အလုပ်သမားများသည် အကယ်၍ ၎င်းတို့ နေထိုင်မကောင်းလျှင် သို့မဟုတ် ၎င်းတို့ ကူးစက်ခံရကြောင်း သံသယဖြစ်လျှင် DHHS ကချမှတ်ပေးထားသည့် သတင်းအချက်အလက်များနှင့်အညီ ဘာလုပ်ရမည် သို့မဟုတ် မည်သူ့အား သတင်းပို့ရမည်ကို သိရှိကြောင်း သေချာစေခြင်း
                            • ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရောဂါရှိမရှိ စစ်ဆေးထားသည့် အလုပ်သမားများ သို့မဟုတ် ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရောဂါရှိကြောင်းအတည်ပြုခံရသူ အလုပ်သမားများအပါအဝင် နေထိုင်မကောင်းသည့် မည်သည့်အလုပ်သမားမှ အလုပ်ခွင်သို့ တက်ရောက်မည် မဟုတ်ကြောင်း သေချာစေခြင်း

                              Notifiable incidents and coronavirus (COVID-19)

                              From 28 July 2020 new temporary regulations under the Occupational Health and Safety Act 2004 specify when employers and self-employed persons must notify WorkSafe of a confirmed diagnosis of coronavirus (COVID-19) in the workplace. For more information see the guidance Notifiable incidents involving coronavirus (COVID-19).

                              လူချင်း ခပ်ခွာခွာနေခြင်း

                              ကိုရိုနာဗိုင်းရတ်စ် (COVID-19) ကူးစက်ပျံ့နှံ့သည့် နည်းလမ်းများအနက် တစ်နည်းမှာ လူများ ချောင်းဆိုးခြင်း သို့မဟုတ် နှာချေခြင်းအားဖြင့် ထွက်ကျလာသည့် အရည်စက်များကြောင့် လူတစ်ဦးမှ အခြားတစ်ဦးသို့ ကူးစက်ခြင်းဖြစ်သည်။ ထို့ကြောင့် အခြားသူများအား ကာကွယ်ပေးရန် အကောင်းဆုံးနည်းလမ်းများအနက် တစ်ခုမှာ လူချင်း ခပ်ခွာခွာနေခြင်းကို ကျင့်သုံးရန်ဖြစ်သည်။

                              လူချင်း ခပ်ခွာခွာနေခြင်းဆိုသည်မှာ ဖြစ်နိုင်သည့်ကိစ္စ၌ လူများအကြား အနည်းဆုံး ၁.၅ မီတာ အကွာအဝေးတွင် နေခြင်းကို ဆိုလိုသည်။ အလုပ်သမားများအကြား အနည်းဆုံး ၁.၅ မီတာ အကွာအဝေး ရှိနေပြီး ထိန်းသိမ်းထားကြောင်း သေချာစေမည့် ကြိုးပမ်းမှုတိုင်းကို လုပ်ဆောင်ရန်လိုသည်။ အကယ်၍ လေဟာပြင် မဟုတ်သည့် ပိတ်နေသည့်နေရာ၌ ၎င်းမှာ မဖြစ်နိုင်လျှင် ပျမ်းမျှအားဖြင့် ကြမ်းခင်းနေရာ ၄ စတုရန်းမီတာလျှင် လူတစ်ဦး ထက်ပို၍ မရှိသင့်ပါ။

                              အသားနှင့် ကြက်ငှက် စီမံထုတ်လုပ်ရေး အလုပ်ခွင်နေရာများ၌ လူချင်း ခပ်ခွာခွာနေခြင်းကို ကျင့်သုံးသင့်ပြီး တိုက်တွန်းသင့်သည်။ ၎င်းတွင် စက်ရုံကြမ်းခင်း၊ ဝင်ပေါက်နှင့် ထွက်ပေါက်နေရာများ၊ အဆင်ပြေအောင်လုပ်ပေးသည့်အရာများ (ရေအိမ်သာများနှင့် အဝတ်လဲလှယ်ခန်းများ) အစာစားခန်းများနှင့် ဆေးလိပ်သောက်ရန်နေရာများ၊ နှင့် အစည်းဝေးခန်းများ ပါဝင်သည်။

                              အလုပ်ရှင်များနှင့် အလုပ်သမားများအနေဖြင့် လူချင်း ခပ်ခွာခွာနေခြင်းကို အားပေးနိုင်သည့် နည်းလမ်းများတွင် ပါဝင်သည်မှာ-

                              • အများသုံး အလုပ်လုပ်ရာနေရာများကို ပြန်လည်နေရာချပေးခြင်း။ သို့မှသာ အလုပ်သမားများအနေဖြင့် ဖြစ်နိုင်လျှင် အနည်းဆုံး ၁.၅ မီတာ အကွာအဝေးခြား၍ နေနိုင်မည်ဖြစ်သည်။
                                • အလုပ်သမားများအကြား ထိုက်သင့်သည့် အကွာအဝေး ထားရှိနိုင်ရန်အတွက် ထုတ်လုပ်ရေး လုပ်ကိုင်ပုံများ၌ အပြောင်းအလဲများ လိုအပ်ကောင်း လိုအပ်နိုင်မည်။
                                  • အလုပ်လုပ်ကိုင်ရာနေရာများအကြား လူချင်း ခပ်ခွာခွာနေခြင်း အနည်းဆုံး အကွာအဝေး လမ်းညွှန် ဖော်ပြထားသည့် ကြမ်းခင်း အမှတ်အသားများကို သုံးပါ။
                                    • အလုပ်သမားများအကြား ၁.၅ မီတာ အကွာအဝေး လူချင်း ခပ်ခွာခွာနေခြင်း မဖြစ်နိုင်သည့်ကိစ္စ၌ အလုပ်သမားတစ်ဦးမှ နောက်တစ်ဦးထံသို့ အရည်စက်များ ကူးစက်မှု အန္တရာယ် အနည်းဆုံး ဖြစ်စေရန်အတွက် လက်တွေ့ကျသည့် ကိစ္စ၌ အကာအရံအပြား သို့မဟုတ် ပလတ်စတစ် လိုက်ကာ တပ်ဆင်ပါ။ အကာအရံမှာ ချောင်းဆိုးခြင်း သို့မဟုတ် နှာချေခြင်းမှ ထွက်ကျလာမည့် အရည်စက်များ အခြားအလုပ်သမားများထံ တိုက်ရိုက်ရောက်ရှိလာနိုင်သည့်အလားအလာမှ တားဆီးရန် လုံလောက်သော အမြင့်ရှိရန် လိုအပ်သည်။
                                      • အလုပ်သမား တစ်ဦးချင်းတွင် ၎င်းတို့၏ ကိုယ်ပိုင် ကိရိယာ/တန်ဆာပလာများရှိကြောင်း သေချာစေပါ။
                                        • သတ်မှတ်ပေးထားသော ဆေးလိပ်သောက်ရန်နေရာများ ရှိသည့်ကိစ္စ၌ ဆေးလိပ်သောက်သူများသည် အနည်းဆုံး ၁.၅ မီတာ အကွာအဝေး ခြားနေစေရန် သေချာစေပါ။ ၎င်းကို ကြမ်းပြင်၌ အမှတ်အသားများ လုပ်ထားခြင်းဖြင့် သေချာစေနိုင်သည်ဖြစ်ပြီး အကယ်၍ လိုအပ်လျှင် ဆေးလိပ်သောက်သည့်နေရာကို တိုးချဲ့ပေးပါ။
                                          • အလုပ်ခွင် ဝင်ပေါက်နှင့် ထွက်ပေါက်တို့အပြင် အခြားသော အလုပ်ခွင် အစိတ်အပိုင်း အမျိုးမျိုးတွင် အလုပ်သမားများ စုစည်းစောင့်ဆိုင်းနေခြင်းကို အောက်ပါတို့အားဖြင့် အနည်းဆုံးဖြစ်အောင်လုပ်ပါ-
                                            • ဖြစ်နိုင်သည့်ကိစ္စ၌ အလုပ်ခွင်သို့ ဝင်ပေါက်နှင့် ထွက်ပေါက်အတွက် မတူညီသောတံခါးများ သတ်မှတ်ပေးခြင်း
                                            • ဖြစ်နိုင်သမျှ အထိအတွေ့မဲ့စွာနှင့် မြန်မြန် အဝင် အထွက် လုပ်စေမည့် လုပ်ငန်းခွင်နေရာ အဝင် အထွက် စနစ်ကို အသုံးပြုခြင်း
                                            • ဝင်ပေါက်များနှင့် ထွက်ပေါက်များတွင် လူချင်း ခပ်ခွာခွာနေခြင်းအတွက် အနည်းဆုံး အကွာအဝေး လမ်းညွှန်များလုပ်ပေးရန် ကြမ်းပြင် အမှတ်အသားများ အသုံးပြုခြင်း
                                          • မတ်တပ်ပန်ကာများ သို့မဟုတ် နံရံကပ်ပန်ကာများကဲ့သို့ ပန်ကာများ အလုပ်ခွင်နေရာ၌ အသုံးပြုလျှင် အလုပ်သမားတစ်ဦးမှ အခြားတစ်ဦးသို့ ပန်ကာများမှ လေတိုက်ရိုက်မှုတ်ခြင်းကို အနည်းဆုံးဖြစ်အောင်လုပ်ပါ။
                                            • ဖြစ်နိုင်လျှင် အလုပ်အဖွဲ့များအတွက် သီးသန့် နေ့လယ်စာစားခန်းများ စီစဉ်ပေးပါ။
                                              • အလုပ်သမားများအတွက် လေ့ကျင့်ရေးအခန်းများနှင့် အစည်းအဝေးခန်းများ သို့မဟုတ် သယ်ယူနိုင်သည့် အဆောက်အဦးငယ်များကဲ့သို့ ထပ်တိုး သို့မဟုတ် အခြား အားလပ်ချိန်နှင့် နေ့လယ်စာစားသည့်နေရာများကို သတ်မှတ်ပါ။
                                                • နေ့လယ်စာစားခန်းတွင် အလုပ်သမားတစ်ဦးစီကို အမြဲထိုင်မည့် ကုလားထိုင်တစ်လုံးစီ သတ်မှတ်ပေးပါ။ ၎င်းမှာ လက်တွေ့မကျနိုင်သည့်ကိစ္စဖြစ်လျှင် အလုပ်ရှင်သည် နေ့လယ်စာစားခန်းသို့ ဝင်ရောက်သည့် မျိုးမတူ အုပ်စုများအကြား သင့်တော်သော သန့်ရှင်းရေးနှင့် ပိုးသတ်သန့်စင်ရေးလုပ်ရန်ကို သေချာစေရမည်။
                                                  • နေ့လယ်စာစားခန်းများ၌ စားပွဲများနှင့် ကုလားထိုင်များ တစ်ခုနှင့်တစ်ခုအကြား အကာအရံများ တပ်ဆင်ထားပါ။
                                                    • ပိုမို ကွာခြားသော အကွာအဝေး မရနိုင်လျှင် စားပွဲတစ်လုံးတွင် စားပွဲအစွန်း နှစ်ဖက်၌ တစ်ယောက်စီဖြင့် လူနှစ်ယောက် သတ်မှတ်ပေးပါ၊ (ကုလားထိုင် အပိုများကို ဖယ်ရှားပါ) ၊ ထိုမှမဟုတ်လျှင် စားပွဲများအကြား အကာအရံများ တပ်ဆင်ထားပါ။
                                                      • လူထူထပ်မှုကို ရှောင်ကြဉ်ရန် လက်တွေ့ကျမည့်ကိစ္စ၌ ရောက်ချိန်၊ ပြန်ချိန်နှင့် အားလပ်ချိန်များကို အချိန်လွှဲ၍ လုပ်ပေးပါ။
                                                        • အလုပ်အဆိုင်းများအကြား ခြားထားမည့်အချိန်ကို တိုးမြှင့်ရန် စဉ်းစားပါ။
                                                          • အလုပ်နေရာ၌ အသုံးအဆောင်နေရာများ (ရွေ့လျားနိုင်သည့် ရေအိမ်သာများနှင့် ဆေးကြောရာနေရာများ) ကို ပို၍လုပ်ပေးပါ၊ လိုအပ်လျှင် ၁.၅ မီတာ အကွာအဝေးကို ထိန်းသိမ်းထားပါ။
                                                            • အတန်းလိုက် ခုံတန်းရှည်များကို ၁.၅ မီတာ အကွာအဝေး သေချာစေရန် ခြားထားပေးပါ။
                                                              • လက်ဆေးကြောရန်နေရာအရေအတွက် တိုးချဲ့ပေးပါ။
                                                                • အဝတ်အစားလဲရန် နေရာ အရေအတွက်ကို တိုးပေးပါ သို့မဟုတ် အဝတ်လဲရန် အချိန် ပိုပေးပါ ၎င်းအပြင် လက်တွေ့ကျမည့်ကိစ္စ၌ အဝတ်လဲရန်အချိန်များကို အချိန်လွှဲပေးရန် စဉ်းစားပါ။
                                                                  • ဖိနပ်ဆေးကြောခန်း၊ အဝတ်လဲခန်းနှင့် ဘီရိုခန်းများ၌ လူပြည့်ကျပ်ခြင်းကို လျှော့ချရန်အတွက် အချိန်ပို ဖန်တီးရန်အလို့ငှါ ထုတ်လုပ်ရေးကို အရှိန်လျှော့ပေးပါ။
                                                                    • အလုပ်ခွင်ရှိ ရေပိုက်ခေါင်းများကို ဒူးဆစ် သို့မဟုတ် ခြေထောက်ဖြင့် ဖွင့်ပိတ်လုပ်ရသည့်ပုံစံသို့ ပြောင်းပေးပါ၊ ရေပိုက်ခေါင်းများနှင့် ရေပန်းပိုက်များ တစ်ခုနှင့်တစ်ခုအကြား အကာအရံများ ဖန်တီးပေးပါ၊ ၎င်းအပြင် စိုထိုင်းဆမြင့်မားမှုကို လျှော့ချရန် လေစုပ်ပန်ကာများကို သုံးပါ။
                                                                      • ၁.၅ မီတာတိုင်းတွင် အမှတ်အသားများဖြင့် ရှေ့နောက် တစ်ယောက်ချင်း သွားသည့်လမ်းကြောင်းများ ဖန်တီးပါ။
                                                                        • ကြီးကြပ်ရေးမှူးများ သို့မဟုတ် သတ်မှတ်ထားသည့် ပုဂ္ဂိုလ်များက ခြားနေရမည့် အကွာအဝေးကို စောင့်ကြပ်ကြည့်ရှုရန်၊ တိုက်တွန်းရန်နှင့် ပံ့ပိုးရန် သေချာစေပါ၊ အထူးသဖြင့် စီမံထုတ်လုပ်ရေး အခန်းများနှင့် လက်ဆေးကြောခြင်းနှင့် ပိုးသတ်သန့်စင်ရေးခန်းများတွင် ဖြစ်သည်။
                                                                          • ဖြစ်နိုင်လျှင် ကားအတူမျှစီးခြင်းကို ရှောင်ကြဉ်ရန် အလုပ်သမားများအား တိုက်တွန်းပါ။
                                                                            • သာမန်အားဖြင့် အလုပ်အဆိုင်း တစ်ခုဖြင့်သာ လုပ်ငန်းလည်ပတ်ပါက ဖြစ်နိုင်လျှင် အဆိုင်းနှစ်ဆိုင်းခွဲ၍ အလုပ်သမားများအား ခွဲခြားပေးခြင်းကို စဉ်းစားပါ။
                                                                              • COVID-19 ကြောင့် ခွင့်ပေးရန်လိုအပ်သည့်ကိစ္စ၌ အပိုခွင့်များ ပေးခြင်းကို စဉ်းစားပါ။ ဤသို့ဖြင့် အလုပ်သမားများအနေဖြင့် နေထိုင်မကောင်းဖြစ်နေလျက် ငွေကြေးလိုအပ်မှုကြောင့် အလုပ်လာရောက်ခြင်းကို လျှော့ချကောင်း လျှော့ချနိုင်သည်။
                                                                                • အလုပ်လုပ်သည့် အဖွဲ့များကို အဖွဲ့ခွဲများအဖြစ် ခွဲခြားပေးခြင်းကို စဉ်းစားပါ၊ အလုပ်သမားတစ်ဦးချင်း ဘေးတွင် တိုက်ရိုက်အလုပ်လုပ်သည့် မတူညီသည့်လူ အရေအတွက်ကို လျှော့ချရန်ဖြစ်သည်။ ၎င်းသည် အကယ်၍ အလုပ်ခွင်၌ ကိုရိုနာဗိုင်းရတ်စ် (COVID-19) ပျံ့နှံ့မှုရှိလျှင် ပျံ့နှံ့မှုကို အနည်းဆုံးဖြစ်စေနိုင်သည်၊ အကယ်၍ အသွားအလာ ကန့်သတ်စောင့်ကြည့်ရန် လိုအပ်လျှင် အသွားအလာ ကန့်သတ် စောင့်ကြည့်ရန်လိုသည့် အလုပ်သမား အရေအတွက်ကို အနည်းဆုံးဖြစ်စေနိုင်သည်၊ ၎င်းအပြင် ပြောင်းလဲလိုက်သည့် အလုပ်စနစ်တစ်ခုခု (ခွဲပေးလိုက်သည့် အလုပ်အဆိုင်းများကဲ့သို့) ၏ ထိရောက်မှုကို တိုးမြှင့်ပေးနိုင်သည်။
                                                                                  • ပြန်လည်၍ လိုက်လံခြေရာခံရန် ရည်ရွယ်ချက်များအတွက် နေ့စဉ် လုပ်သားဝန်ထမ်းများ၏ အနေအထားများကို မှတ်တမ်းတင်ပါ။
                                                                                    • လူချင်း ခပ်ခွာခွာနေခြင်းနှင့် အခြားသော ထိန်းချုပ်ရေးဆိုင်ရာ အရေးယူလုပ်ဆောင်ချက်များကို ထိန်းသိမ်းရန်လိုအပ်ချက်အား အားဖြည့်ပေးရန် ပုံမှန် ဆက်သွယ်ရေးကို ထူထောင်ထားပါ။ မရှိမဖြစ် လိုအပ်သည် မဟုတ်သော မည်သည့်မျက်နှာချင်းဆိုင် အစည်းအဝေး သို့မဟုတ် လေ့ကျင့်သင်တန်းကိုမဆို ရွှေ့ဆိုင်းသင့်သည် သို့မဟုတ် ပယ်ဖျက်သင့်သည်။
                                                                                      • အလုပ်သမားများ၏ ထိတွေ့မှု အလားအလာကို အနည်းဆုံး လျှော့ချပေးရန် အလုပ်လုပ်ရာနေရာများ၌ လုံလောက်သော လေဝင်လေထွက်ကောင်းအောင် အပူပေးသည့်၊ လေဝင်လေထွက်နှင့် လေအေးစက် အင်ဂျင်နီယာနှင့် ဆွေးနွေးခြင်းကို စဉ်းစားပါ။
                                                                                        • လေထုများများ ဖြန့်ပြီး စုပ်ထုတ်သည့် လေဝင်လေထွက်စနစ်ကိုလည်း အခြားအလုပ်သမားများ စုပြုံတတ်သည့် နေရာများဖြစ်သော ဖိနပ်ခန်းများနှင့် ဆေးကြောခန်းများတွင် အဆိုပါ ပတ်ဝန်းကျင်၏ လေထုညစ်ညမ်းမှု လျော့ပါးစေရန်နှင့် အန္တရာယ်အလားအလာတစ်ခုခုကို နောက်ထပ် လျှော့ချရန် အသုံးပြုနိုင်ကောင်း အသုံးပြုနိုင်သည်။

                                                                                          အကယ်၍ လူချင်း ခပ်ခွာခွာနေခြင်းဆိုင်ရာ အရေးယူလုပ်ဆောင်ချက်များကြောင့် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ အန္တရာယ် အသစ်များ ပေါ်ပေါက်လာလျှင် အလုပ်ရှင်များသည် အဆိုပါ အန္တရာယ်များကိုလည်း စီမံကွပ်ကဲရမည်။

                                                                                          DHHS နှင့် သြစတြေးလျနိုင်ငံ အစိုးရ ကျန်းမာရေးဌာနတို့တွင် ကိုရိုနာဗိုင်းရတ်စ် (COVID-19) နှင့်ပတ်သက်၍ အများပြည်သူအား ပညာပေးရန် ရည်ရွယ်ထားသည့် ကြော်ငြာများနှင့် ပံ့ပိုးရင်းမြစ်များ ရှိပါသည်။ ၎င်းတို့ကို ဖောက်သည်/အသုံးပြုသူများနှင့် တိုက်ရိုက်ဆက်ဆံရသည့် အလုပ် ပတ်ဝန်းကျင်များတွင် (ဥပမာ- အလုပ်ရုံ ဝင်ပေါက်များ) ချိတ်ဆွဲကပ်ထားနိုင်သည်။

                                                                                          လူချင်း ခပ်ခွာခွာနေခြင်း ကျင့်သုံးပုံနမူနာများ

                                                                                          မကောင်း

                                                                                          အလုပ်သမားများမှာ တစ်ဦးနှင့်တစ်ဦး ၁.၅ မီတာ အတွင်း ဘေးတိုက်၊ သို့မဟုတ် မျက်နှာချင်းဆိုင် အလုပ်လုပ်ရာနေရာများ ရှိနေကြသည်။

                                                                                          Employees are within 1.5 metres of one another, side by side or facing workstations.

                                                                                          ကောင်းသည်

                                                                                          အကာအရံများကဲ့သို့ ရုပ်ဝတ္ထုအတားအဆီးများသည် အလုပ်သမားများအား တစ်ဦးနှင့်တစ်ဦးကို ခြားထားသည်။

                                                                                          အကာအရံများကို စီမံထုတ်လုပ်ရေးလိုင်း သို့မဟုတ် အခြား ထုတ်လုပ်ရေး ကိရိယာတို့နှင့် ဆက်နေရန် ပြန်လည်ချိန်ကိုက်ညှိပေးရန်လိုနိုင်သည်။

                                                                                          Employees are spaced at least 1.5 metres apart, not facing one another.  Other configurations may be used to achieve similar distancing between employees.

                                                                                          ကောင်းသည်

                                                                                          အလုပ်သမားများသည် ၁.၅ မီတာ အကွာအဝေး ခြား၍နေကြသည်၊ တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် မဟုတ်ပါ။

                                                                                          အလုပ်သမားများအကြား အလားတူ အကွာအဝေး ခြားထားစေရန် အခြားသော စီစဉ်ဖွဲ့စည်းမှုများကို သုံးနိုင်သည်။

                                                                                          Physical barriers such as partitions, separate employees from each other.  Partitions may need to be adjusted to integrate with the processing line or other manufacturing equipment.

                                                                                          ကောင်းသည်

                                                                                          အကာအရံများကဲ့သို့ ရုပ်ဝတ္ထု အတားအဆီးများသည် အလုပ်သမားများအား တစ်ဦးနှင့်တစ်ဦးကို ခြားထားသည်။

                                                                                          အကာအရံများကို စီမံထုတ်လုပ်ရေးလိုင်း သို့မဟုတ် အခြား ထုတ်လုပ်ရေး ကိရိယာတို့နှင့် ဆက်နေရန် ပြန်လည်ချိန်ကိုက်ညှိပေးရန် လိုအပ်နိုင်သည်၊ အလုပ်သမားများအနေဖြင့် အလုပ်တာဝန်များကို တစ်ဦးနှင့်တစ်ဦး ရှေ့နောက် အပြိုင် ထမ်းဆောင်ရန်လိုအပ်သည့်ကိစ္စအပါအဝင်ဖြစ်သည်။

                                                                                          ရှေ့နောက် အပြိုင် တစ်ဦးနှင့်တစ်ဦး တစ်ဖက်တစ်ချက် အလုပ်သမားများဖြင့် အလုပ်တာဝန် ထမ်းဆောင်သည့်ကိစ္စအတွက် အကာအရံများကို အရာဝတ္ထုပစ္စည်းများအား ဖြတ်သန်းသွားစေရင်း အလုပ်သမားများကို ကာကွယ်ပေးရန် နေရာချပေးနိုင်သည်။

                                                                                          Image shows employees needing to work in tandem and positions of partitions as recommended.

                                                                                          ရရာဇာစ်မြစ်- ဤပုံများကို အမေရိကန်ပြည်ထောင်စု ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာ (CDC)၊ ကိုရိုနာဗိုင်းရတ်စ် ရောဂါ ၂၀၁၉ (COVID-19) ၊ အသားနှင့် ကြက်ငှက် ထုပ်ပိုးရေး လုပ်ငန်းကဏ္ဍမှ မှီငြမ်းထားသည်- CDC နှင့် အလုပ်ခွင် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး စီမံရေး ဌာန (Occupational Health and Safety Administration (OHSA)) တို့ထံမှ ကြားကာလ လမ်းညွှန်။

                                                                                          တစ်ကိုယ်ရေ သန့်စင်ရေး 

                                                                                          ပတ်ဝန်းကျင် သန့်ရှင်းရေး

                                                                                          သက်မဲ့ အရာဝတ္တုများနှင့် မျက်နှာပြင်များပေါ်တွင် ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရှင်သန်နိုင်သည့် အချိန် ပမာဏမှာ ကွဲပြားခြားနားသည်။ ပတ်ဝန်းကျင် သန့်ရှင်းရေးသည် ဗိုင်းရတ်စ်ကို ဖယ်ရှားပစ်ရန် နည်းလမ်းတစ်ခု ဖြစ်သည်။

                                                                                          သန့်ရှင်းရေးကိစ္စနှင့်ပတ်သက်၍ DHHS အကြံပြုချက်ကို လိုက်နာပါ - ‘COVID-19 ကူးစက်မှု လျှော့ချရန်အတွက် သန့်ရှင်းရေးနှင့် ပိုးသတ်သန့်စင်ရေး’ ('Cleaning and disinfecting to reduce COVID-19 transmission') စာရွက်စာတမ်းကို DHHS စီးပွားရေးလုပ်ငန်းနှင့် လုပ်ငန်းကဏ္ဍ ကိုရိုနာဗိုင်းရတ်စ် ရောဂါ (Business and industry coronavirus disease (COVID-19)) စာမျက်နှာတွင်ကြည့်ပါ။

                                                                                          ပုံမှန် သန့်ရှင်းရေးလုပ်ခြင်းကိစ္စကို တိုးမြှင့်လုပ်သင့်သည်၊ အလုပ်အဆိုင်း တစ်ခုစီ၏ အဆုံးသတ်ချိန်၌ အပါအဝင်ဖြစ်သည်။ ထို့ပြင်-

                                                                                          • မကြာခဏ ထိတွေ့သည့် မျက်နှာပြင်များကို သင့်တော်သော ဆပ်ပြာမှုန့် သို့မဟုတ် ပိုးသတ်သန့်စင်ဆေးရည်ဖြင့် ပုံမှန် သန့်ရှင်းပေးရန် သို့မဟုတ် ပိုးသတ်သန့်စင်ပေးရန် သေချာစေပါ။
                                                                                            • မျက်မှန်များနှင့် ဖုန်းများကဲ့သို့ အလုပ်ခွင်၌ အသုံးပြုသည့် ကိုယ်ရေးကိုယ်တာ ပစ္စည်းများကို မကြာခဏ သန့်ရှင်းပေးပြီး ပိုးသတ်သန့်စင်ပေးပါ။
                                                                                              • အဓိက အားလပ်ချိန် တစ်ခုစီ ပြီးဆုံးပြီးနောက် ဖိနပ်ခန်းများနှင့် ဆေးကြောခန်းများ (ရေဖြန်းပိုက်များ အပါအဝင်) ကို သန့်ရှင်းပေးပါ။
                                                                                                • မီးဖိုချောင်၊ နေ့လယ်စာစားခန်း၊ အများသုံးနေရာများ၊ အဝတ်လဲခန်း၊ ရေအိမ်သာ၊ ရေချိုးခန်း၊ သောက်ရေပိုက်များနှင့် အစားအသောက်ရောင်းစက်များ အပါအဝင် အလုပ်ခွင် အသုံးအဆောင်များကို သန့်ရှင်းပေးသင့်ပြီး ပိုးသတ်သန့်စင်ပေးသင့်သည်၊ ဤသန့်ရှင်းရေးလုပ်ခြင်း အကြိမ်ရေကို တိုးမြှင့်လုပ်သင့်သည်။

                                                                                                  ထပ်ဆောင်းလိုအပ်နိုင်သည့် သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေ သန့်စင်ရေး ထိန်းချုပ်မှုများမှာ-

                                                                                                  • အကယ်၍ အလုပ်သမားတစ်ဦးက အရည်စက်များ ထွက်ကျလိုက်လျှင် (ဥပမာ နှာချေခြင်း၊ ချောင်းဆိုးခြင်း သို့မဟုတ် အန်ခြင်း) အဆိုပါ မျက်နှာပြင်များကို သန့်ရှင်းပေးကြောင်း သေချာစေပါ။
                                                                                                    • သန့်ရှင်းရေးလုပ်ပေးသည့်လူများမှာ လက်အိတ်များ ဝတ်ရန်နှင့် PPE အသုံးပြုမှုအတွက် ထုတ်လုပ်သူ၏ အကြံပြုချက်များကို လိုက်နာကြောင်း သေချာစေပါ။ ဥပမာ အလုပ်သမားများသည် ဓါတုပစ္စည်းများကို အသုံးပြုနေသည့်အခါ အကာအကွယ်ပေး မျက်မှန် ဝတ်ရန်လိုအပ်နိုင်သည်။ ဖြစ်နိုင်သည့်ကိစ္စ၌ သန့်ရှင်းရေး လုပ်ပြီးနောက် လက်များကို ဆပ်ပြာနှင့်ရေဖြင့် ဆေးကြောပါ၊ အကယ်၍ ဆေးကြောရန် မဖြစ်နိုင်လျှင် အယ်ကိုဟောအခြေခံထုတ်လုပ်ထားသော လက်ပိုးသတ်သန့်စင်ဆေးရည်ကို သုံးပါ။
                                                                                                      • အလုပ်ခွင်နေရာ တစ်လျှောက်လုံး အယ်ကိုဟောအခြေခံ လက်ပိုးသတ်သန့်စင်ဆေးရည်ကို ထားရှိပေးပါ။
                                                                                                        • သုံးပြီးသား တစ်ရှူးများကဲ့သို့ အမှိုက်များကို သုံးပြီးပြီးချင်း သန့်စင်စွာဖြင့် စွန့်ပစ်ရန် အလုပ်သမားများအတွက် သင့်တော်သော နေရာများတွင် အဖုံးပိတ် အမှိုက်ပုံးများ ချထားပေးပါ။
                                                                                                          • အလုပ်သမားများ ၎င်းတို့၏ အမှိုက်များကို စွန့်ပစ်ပြီးနောက် သုံးရန် အယ်ကိုဟော အခြေခံထုတ်လုပ်ထားသော လက်ပိုးသတ်သန့်စင်ဆေးရည်များ ထားပေးပါ။
                                                                                                            • အလုပ်သမားများ၏ အလုပ်အဝတ်များကို အလုပ်ရုံ၌ လျှော်ဖွပ်သည့်ကိစ္စ၌ ထိုက်သင့်သော လုပ်ထုံးလုပ်နည်းများကို ချမှတ်ထားသင့်ပြီး ထိရောက်မှု သေချာစေရန် ပြန်လည်သုံးသပ်ပါ။
                                                                                                              • အများသုံးနေရာများတွင် လေကောင်းလေသန့် (ပြင်ပလေ) အသုံးပြုခြင်းကို တိုးမြှင့်ပေးရန်နှင့် ပြန်လည်လှည့်ပတ်သုံးသည့်လေအေး အသုံးပြုခြင်းကို လျှော့ချပေးရန်တို့ကို စဉ်းစားပါ။

                                                                                                                သန့်ရှင်းရေးနှင့် ပတ်သက်သည့် နောက်ထပ်အချက်အလက်များအတွက် ‘COVID-19 ကူးစက်မှု လျှော့ချရန်အတွက် သန့်ရှင်းရေးနှင့် ပိုးသတ်သန့်စင်ရေး’ ('Cleaning and disinfecting to reduce COVID-19 transmission') စာရွက်စာတမ်းကို DHHS စီးပွားလုပ်ငန်းနှင့် လုပ်ငန်းကဏ္ဍ ကိုရိုနာဗိုင်းရတ်စ် ရောဂါ (Business and industry coronavirus disease (COVID-19)) စာမျက်နှာတွင် ကြည့်ပါ။

                                                                                                                အလုပ်သမား တစ်ကိုယ်ရေ သန့်စင်ရေး

                                                                                                                အလုပ်သမား အားလုံးသည် ကောင်းမွန်သော တစ်ကိုယ်ရေ သန့်စင်ရေးကို ကျင့်သုံးရန် သေချာစေပါ၊ အောက်ပါတို့အားဖြင့် အပါအဝင်ဖြစ်သည်-

                                                                                                                • လက်များကို အစာ မစားမီနှင့် စားပြီးနောက် နှင့် အိမ်သာ သွားပြီးနောက်အပါအဝင် မကြာခဏ ဆပ်ပြာနှင့် ရေဖြင့် အနည်းဆုံး ၂၀ စက္ကန့် ဆေးကြောပေးခြင်း
                                                                                                                  • ချောင်းဆိုးခြင်းများနှင့် နှာချေခြင်းများကို သင့် တံတောင်ဆစ် သို့မဟုတ် တစ်ရှူးဖြင့် ဖုံးကာခြင်း
                                                                                                                    • သင့် မျက်လုံးများ၊ နှာခေါင်းနှင့် ပါးစပ်တို့ကို ထိတွေ့ကိုင်တွယ်ခြင်းမှ ရှောင်ကြဉ်ခြင်း
                                                                                                                      • အမှိုက်ပုံးထဲသို့ တစ်ရှူးများကို ချက်ချင်း စွန့်ပစ်ပြီးနောက် လက်များကို ဆေးကြောခြင်း
                                                                                                                        • အယ်ကိုဟောကို အခြေခံ ထုတ်လုပ်ထားသော လက်သန့်စင်ဆေးရည်များကို အသုံးပြုခြင်း
                                                                                                                          • မျက်နှာပြင်များနှင့် ဝေမျှအသုံးပြုသည့်ကိရိယာများကို အသုံးပြုပြီးနောက် သန့်ရှင်းပေးခြင်းနှင့် ပိုးသတ်သန့်စင်ပေးခြင်း
                                                                                                                            • အခြားသူများနှင့် အထိအတွေ့ကို ကန့်သတ်ပေးခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်း အပါအဝင်ဖြစ်သည်

                                                                                                                              အလုပ်ရှင်များက သေချာအောင် လုပ်သင့်သည်မှာ အလုပ်သမားများအတွက် ဆေးကြောခန်းများတွင် ကောင်းမွန်သော တစ်ကိုယ်ရေ သန့်စင်ရေးလုပ်ရန်အတွက် လုံလောက်သော ပစ္စည်းများ ရှိနေရမည်၊ သန့်ရှင်းသောရေ၊ နှင့် လုံလုံလောက်လောက် ပေးထားသည့် ဆပ်ပြာ၊ ရေ၊ တစ်ခါသုံး စက္ကူပဝါ သို့မဟုတ် လက်အခြောက်ခံစက်များနှင့် အိမ်သာသုံးစက္ကူတစ်ရှူးတို့အပါအဝင်ဖြစ်သည်။ ၎င်းပစ္စည်းများကို သန့်ရှင်းအောင်ထားရမည်၊ အသေအချာ သိုလှောင်ထားရမည်ဖြစ်ပြီး ကောင်းကောင်းမွန်မွန် ရှိနေရမည်။

                                                                                                                              အလုပ်ရှင်များအနေဖြင့် အကယ်၍ ဆပ်ပြာနှင့်ရေမှာ ချက်ချင်း မရရှိနိုင်လျှင် အရက်ပျံ အနည်းဆုံး 60% ပါရှိသည့် အယ်ကိုဟောအခြေခံ ထုတ်လုပ်ထားသည့် လက်ပိုးသတ်သန့်စင်ဆေးရည်များကိုလည်း ထားပေးသင့်သည်။ လက်သန့်စင်ရေးကို တိုက်တွန်းရန်အတွက် လက်ပိုးသတ်သန့်စင် ဆေးရည်ကို နေရာမျိုးစုံ၌ ချထားပေးသင့်သည်။ အကယ်၍ ဖြစ်နိုင်လျှင် အထိအတွေ့မဲ့ဖြစ်သည့် လက်ပိုးသတ်သန့်စင်ရေးလုပ်သည့် စင်များကို ရွေးပါ။

                                                                                                                              အလုပ်ရှင်များသည် တစ်ကိုယ်ရေ သန့်စင်ရေးကို တိုးချဲ့ပေးရန် အခြားသော နည်းလမ်းများကိုလည်း စဉ်းစားသင့်သည်၊ အောက်ပါတို့ကဲ့သို့ဖြစ်သည်-

                                                                                                                              • အလုပ်သမားများ ၎င်းတို့၏လက်များကို ဆေးကြောနိုင်သည့် အကြိမ်ရေကို တိုးမြှင့်ပေးရန်အတွက် အလုပ်သမားများ၏ အချိန်ဇယားများတွင် အားလပ်ချိန်တိုလေးများကို အပို ထည့်သွင်းပေးခြင်း
                                                                                                                                • ထိုက်သင့်သော တစ်ကိုယ်ရေ သန့်စင်ရေး လုပ်ထုံးလုပ်နည်းများကို လိုက်နာရန်အတွက် အလုပ်သမားများအား လက်ရှိစီစဉ်ထားသည့် အချိန်ဇယားအရ အားလပ်ချိန်များကို တိုးမြှင့်ပေးခြင်း
                                                                                                                                  • အလုပ်သမားများ အသုံးပြုရန်အတွက် စက္ကူတစ်ရှူးများနှင့် ကိုင်စရာ မလိုသည့်အမှိုက်ပုံးများ (ဥပမာ ခြေထောက်ဖြင့် အဖွင့်အပိတ်လုပ်သည့်) ကို ထားရှိပေးခြင်း
                                                                                                                                    • စီးကရက်များနှင့် မီးခိုးမဲ့ ဆေးရွက်ကြီး သုံးစွဲမှုသည် ညစ်ညမ်းရန်အလားအလာရှိသည့် လက်များနှင့် ပါးစပ်များ အကြား ပိုမို ထိတွေ့မှု များနိုင်ပြီး ဤပစ္စည်းများကို ရှောင်ကြဉ်ခြင်းသည် ကူးစက်မှု အန္တရာယ်အား လျှော့ချနိုင်ကြောင်း အလုပ်သမားများအား ပညာပေးခြင်း
                                                                                                                                      • သောက်ရေ ပုလင်းများနှင့် စီးကရက်များကဲ့သို့ အရာများကို မျှဝေ၍ မသုံးရန် အလုပ်သမားများအား ပညာပေးခြင်း
                                                                                                                                        • အလုပ်သမားများအတွက် ထိတွေ့မည့်နေရာ အရေအတွက်ကို လျှော့ချပေးခြင်း၊ ဥပမာ သင့်တော်မည့်ကိစ္စ၌ အဝင်တံခါးများကို ဖွင့်လျက် ထားခြင်းဖြစ်သည်။

                                                                                                                                          အလုပ်သမားများအား မျက်လုံးများ၊ နှာခေါင်း၊ ပါးစပ် အပါအဝင် ၎င်းတို့၏ မျက်နှာများကို ကိုင်တွယ်ခြင်းမှ ရှောင်ကြဉ်ရန် ပညာပေးသင့်သည်၊ အထူးသဖြင့် အလုပ်ပြီးဆုံးချိန် နှင့်/သို့မဟုတ် တစ်ကိုယ်ရေ အကာအကွယ်ပေးရေး ကိရိယာ (PPE) ဖယ်ရှားပြီးနောက် ၎င်းတို့၏ လက်များကို အသေအချာ မဆေးကြောမချင်း မကိုင်တွယ်ရန်ဖြစ်သည်။

                                                                                                                                          တစ်ကိုယ်ရေ အကာအကွယ်ပေးရေး ကိရိယာ (PPE)

                                                                                                                                          PPE မှာ နောက်ဆုံးအဆင့် အကာအကွယ်ပေးမှုတစ်ခု ဖြစ်သည်။

                                                                                                                                          အချို့ကိစ္စများ၌ အထက်ဖော်ပြပါ ထိန်းချုပ်ရေးများ (လူချင်း ခပ်ခွာခွာနေခြင်းနှင့် အကာအရံ အသုံးပြုခြင်း) ကို ထည့်သွင်းစဉ်းစားပြီး အကောင်အထည်ဖော်ပြီးနောက် သို့မဟုတ် ၎င်းတို့မှာ လက်တွေ့မကျလျှင် ကျန်ရှိနေသော အရည်အစက်များနှင့် ထိတွေ့မှုအန္တရာယ်ကျန်ရှိနေခြင်းကြောင့် သင့်တော်သော နှာခေါင်းစည်းများ သို့မဟုတ် မျက်နှာဖုံးများကို ပေးထားရန် လိုအပ်ပါမည်။ ဥပမာ၊ အိုဟောင်းနေသည့် သို့မဟုတ် ပုံစံ ညံ့ဖျင်းသည့် အလုပ်ခွင်များရှိ အချို့ အလုပ်နေရာများ (ဥပမာ၊ သားသတ်နေရာများ) သည် အချိန်တို ကာလ၌ (ချောင်းဆိုးခြင်းနှင့် နှာချေခြင်းတို့မှကဲ့သို့) အဖိတ်အစင်/အရည်အစက်များ ကူးစက်မှုကို တားဆီးရန် လူချင်း ခပ်ခွာခွာနေခြင်းနှင့် အကာအရံများ လုပ်မပေးနိုင်သည်များ ရှိတတ်သည်။

                                                                                                                                          သင့်တော်သော နှာခေါင်းစည်းများတွင် အသက်ရှူကိရိယာများ (အသက်ရှူ အကာအကွယ် ပစ္စည်းများနှင့် ပတ်သက်၍ သြစတြေးလျ/နယူးဇီလန် စံနှုန်း (AS/NZS 1716:2012) နှင့်ကိုက်ညီသည့် သို့မဟုတ် ၎င်းတို့နှင့် ညီမျှသည့် စံနှုန်းနှင့် ကိုက်ညီသည့်) နှင့် ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းများပါဝင်သည်၊ မှတ်သားရန်မှာ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းများမှာ လုံလောက်မည်ဖြစ်ပြီး အသက်ရှူကိရိယာများမှာ အထူးကု ကျန်းမာရေး စောင့်ရှောက်မှု လုပ်ထုံးလုပ်နည်းများအတွက် အဓိကအားဖြင့် စုဆောင်းထားသင့်သည်။

                                                                                                                                          PPE (နှာခေါင်းစည်းများ သို့မဟုတ် မျက်နှာဖုံးများကဲ့သို့) ကို ထိန်းချုပ်ရေးဆိုင်ရာ အရေးယူလုပ်ဆောင်ချက်အဖြစ် အလေးအနက်ထားသည့် ကိစ္စ၌-

                                                                                                                                          • အလုပ်ရှင်များက သေချာအောင်လုပ်ရမည်မှာ အလုပ်ခွင်၌ လုံလောက်သော PPE ရရှိနိုင်ပြီး အလွယ်တကူ လက်လှမ်းမှီရန်ဖြစ်သည်
                                                                                                                                            • PPE အသုံးချမှုနှင့် ထိန်းသိမ်းမှုဆိုင်ရာ လေ့ကျင့်သင်တန်းကို ပို့ချပေးရန် လိုအပ်သည်၊ ၎င်းတို့ကို အသေအချာ အသုံးပြုကြောင်း သေချာစေရန် ကြီးကြပ်မှုနှင့်တကွ ဖြစ်သည်
                                                                                                                                              • တစ်ခါသုံး နှာခေါင်းစည်းများကို အားလပ်ချိန်ပြီးနောက် စွန့်ပစ်သင့်သည်
                                                                                                                                                • တစ်ခါသုံးမဟုတ်သည့် နှာခေါင်းစည်းများကို အားလပ်ချိန်သွားသည့်အခါ အသေအချာ သန့်စင်ပြီး သိမ်းဆည်းထားရန် လိုအပ်သည်
                                                                                                                                                  • ပြန်လည်အသုံးပြုနိုင်သည့် မျက်နှာဖုံးများ သို့မဟုတ် အကာအကွယ်ပေး မျက်မှန်တို့ကို သုံးပြီးတိုင်း အသေအချာ သန့်ရှင်းပေးပြီး ပိုးသတ်သန့်စင်ပေးရမည်

                                                                                                                                                    ပစ္စည်းလာရောက်ပေးသွင်းခြင်းများ၊ ကန်ထရိုက်လုပ်သူများနှင့် ဧည့်သည်များ အလုပ်ခွင်နေရာသို့ လာရောက်ခြင်း

                                                                                                                                                    • အလုပ်ခွင်နေရာသို့ မဖြစ်မနေမဟုတ်သော လာရောက်မှုများကို ပယ်ဖျက်သင့်သည် သို့မဟုတ် ရွှေ့ဆိုင်းသင့်သည်။
                                                                                                                                                      • ပစ္စည်းလာရောက်ပေးသွင်းခြင်းများနှင့် ကန်ထရိုက်လုပ်သူများကို လက်ခံတွေ့ဆုံသည့် အလုပ်သမား အရေအတွက်ကို တတ်နိုင်သမျှ လျှော့ချပါ။
                                                                                                                                                        • အလုပ်ခွင်သို့ လာရောက်ရန် လိုအပ်သော ပစ္စည်းလာရောက်ပေးသွင်းသည့် ယာဉ်မောင်းများနှင့် ထိန်းသိမ်းရေး သို့မဟုတ် ပြုပြင်ရေး ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးရန် သို့မဟုတ် အခြား မရှိမဖြစ် လိုအပ်သည့် လုပ်ဆောင်မှုများကို ဆောင်ရွက်ရန် အခြား ကန်ထရိုက်ဖြင့်လုပ်သူများအား အလုပ်ရုံ၌ ရှိနေစဉ် လိုက်နာရမည့်သတ်မှတ်ချက်များကို ရှင်းရှင်းလင်းလင်း ညွှန်ကြားပေးသင့်သည်။
                                                                                                                                                          • ပစ္စည်းလာပို့မှုများကို ကိုင်တွယ်ပြီးနောက် လက်ဆေးကြောခြင်းကို ပံ့ပိုးပေးသည့်ပစ္စည်းများ သို့မဟုတ် မဖြစ်နိုင်လျှင် အယ်ကိုဟောကိုအခြေခံထုတ်လုပ်ထားသည့် လက်ပိုးသတ်သန့်စင်ဆေးရည်များ အဆင်သင့်ရရှိနိုင်ကြောင်း သေချာစေပါ။
                                                                                                                                                            • တိုက်ရိုက်လာရောက်သည့် ပစ္စည်းလာရောက်ပို့သော ယာဉ်မောင်းများနှင့် ကန်ထရိုက်ဖြင့်လုပ်သူများသည် ယာဉ်များအတွင်း ဆက်လက်နေပြီး အလုပ်သမားများအား ဆက်သွယ်ရန်အတွက် ဖြစ်နိုင်သည့်ကိစ္စ၌ မိုဘိုင်းဖုန်းကဲ့သို့ အထိအတွေ့မဲ့ နည်းလမ်းများကို သုံးပါ။
                                                                                                                                                              • တိုက်ရိုက်လာရောက်သည့် ပစ္စည်းလာရောက်ပို့သော ယာဉ်မောင်းများနှင့် ကန်ထရိုက်ဖြင့်လုပ်သူများသည် လာရောက်ပို့ဆောင်သည့် ကုန်ပစ္စည်းများကို မကိုင်တွယ်မီ အယ်ကိုဟောအခြေခံ ထုတ်လုပ်ထားသည့် လက်ပိုးသတ်သန့်စင်ဆေးရည်ကို အသုံးပြုရန်ဖြစ်သည်။
                                                                                                                                                                • ပစ္စည်းလာရောက်ပို့သည့် ယာဉ်မောင်းများနှင့် ကန်ထရိုက်ဖြင့်လုပ်သူများအနေဖြင့် လူချင်းထိတွေ့မှုကို အနည်းဆုံးဖြစ်စေရန် ဖြစ်နိုင်သည့်ကိစ္စ၌ လျှပ်စစ်နည်း စာရွက်စာတမ်းကို အသုံးပြုရန် ပြောပါ။ ဖြစ်နိုင်ပါက လက်မှတ်ထိုးရန် အခြားနည်းလမ်းများကို ပြင်ဆင်ထားပါ။ ဥပမာအားဖြင့် အီးမေးလ် အတည်ပြုချက် သို့မဟုတ် ကုန်တင် သို့မဟုတ် ကုန်ချ ဓါတ်ပုံကို လာရောက်ပို့ဆောင်မှု သို့မဟုတ် လာရောက်လက်ခံယူမှု၏ သက်သေခံအဖြစ် လက်ခံနိုင်ခြင်းရှိမရှိကြည့်ပါ(သက်ဆိုင်သည့်အတိုင်း)။

                                                                                                                                                                  ပြောဆိုဆက်သွယ်ရေးများနှင့် အလုပ်သမား ဖူလုံရေး

                                                                                                                                                                  အလုပ်ရှင်များသည် အလုပ်သမားများနှင့် HSRs (အကယ်၍ ရှိလျှင်) တို့နှင့် ၎င်းတို့အား တိုက်ရိုက် ထိခိုက်စေမည့် သို့မဟုတ် တိုက်ရိုက် ထိခိုက်စေနိုင်ဖွယ်ရှိသည့် ကျန်းမာရေး သို့မဟုတ် ဘေးကင်းလုံခြုံရေးတို့နှင့်ပတ်သက်သော အကြောင်းအရာများနှင့်စပ်လျဉ်း၍ လက်ရှိအချိန်အထိ သင့်တင့်လျောက်ပတ်စွာ လက်တွေ့ကျနိုင်သမျှ ဆွေးနွေးတိုင်ပင်ရမည်။ အလုပ်ရှင်များသည် အောက်ပါတို့ကိုလည်း လုပ်ဆောင်သင့်သည်-

                                                                                                                                                                  • ခွင့်သွားနေသော အလုပ်သမားများ၊ ကန်ထရိုက်ဖြင့်လုပ်သူများနှင့် ကျဘမ်းအလုပ်သမားများ အပါအဝင် အားလုံးသော အလုပ်သမားများအား ၎င်းတို့ အဆင်သင့် နားလည်နိုင်သည့် ပုံစံ (ဥပမာ ၎င်းတို့၏ ဘာသာစကားဖြင့်) နှင့် မျိုးစုံပုံစံများ (ဥပမာ အီးမေးလ်၊ ကြော်ငြာ၊ နှုတ်ဖြင့်) ဖြင့် အချိန်နှင့်တစ်ပြေးညီ မှတ်တမ်းတင်ထားသည့် သတင်းအချက်အလက်များကို ပေးသင့်သည်
                                                                                                                                                                    • လိုအပ်သည့်အခါ ဝန်ထမ်း အစားထိုးမှုအတွက် အရေးပေါ် အစီအစဉ်များ ချမှတ်ထားကြောင်း သေချာစေသင့်သည်

                                                                                                                                                                      ဥပဒေဆိုင်ရာ တာဝန်များ

                                                                                                                                                                      အလုပ်ရှင်များတွင် OHS အက်ဥပဒေအရ တာဝန်များရှိသည်၊ ၎င်းတွင် အလုပ်ရှင်များသည် လက်ရှိအချိန်အထိ သင့်တင့်လျောက်ပတ်စွာဖြင့် လက်တွေ့ကျနိုင်သမျှ အောက်ပါတို့ကို လုပ်ရမည်-

                                                                                                                                                                      • အလုပ်သမားများနှင့် ကန်ထရိုက်ဖြင့် သီးခြားလုပ်သူများ၏ ဘေးကင်းလုံခြုံမှုနှင့် ကျန်းမာရေးအပေါ် အန္တရာယ်များ မရှိစေသော အလုပ်လုပ်ကိုင်ရာ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးပြီး ထိန်းသိမ်းထားရမည်။
                                                                                                                                                                        • အလုပ်သမားများနှင့် သီးခြား ကန်ထရိုက်ဖြင့်လုပ်သူများ၏ သာယာဝပြောရေးအတွက် လုံလောက်သော ပံ့ပိုးမှုများ ပေးထားရမည်။
                                                                                                                                                                          • အလုပ်သမားများနှင့် ကန်ထရိုက်ဖြင့်လုပ်သူများအတွက် ဘေးကင်းလုံခြုံပြီး ကျန်းမာရေးအပေါ် အန္တရာယ် မရှိစေသော နည်းလမ်းဖြင့် မိမိတို့၏ အလုပ်ကို ထမ်းဆောင်နိုင်ရန် လိုအပ်သမျှ သတင်းအချက်အလက်များ၊ ညွှန်ကြားချက်များ၊ လေ့ကျင့်သင်တန်းများ သို့မဟုတ် ကြီးကြပ်ပေးမှုများ လုပ်ပေးရမည်
                                                                                                                                                                            • အလုပ်ရှင်၏ အလုပ်သမားများ ကျန်းမာရေးကို စောင့်ကြပ်ကြည့်ရှုရမည်
                                                                                                                                                                              • အလုပ်ရှင်၏ စီမံအုပ်ချုပ်ရေးနှင့် ထိန်းချုပ်မှု အောက်၌ရှိသော အလုပ်ခွင်နေရာ မည်သည့်နေရာမဆိုရှိ အခြေအနေများကို စောင့်ကြပ်ကြည့်ရှုရမည်
                                                                                                                                                                                • အလုပ်သမားများအား အင်္ဂလိပ်စာမဟုတ်သည့် အခြား ဘာသာစကားများဖြင့် အပါအဝင် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးတို့နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ (သင့်တော်သလို) ပေးရမည်
                                                                                                                                                                                  • အလုပ်ရှင်၏ အလုပ်သမား မဟုတ်သော အခြားသူများအပေါ် အလုပ်ရှင်၏ တာဝန်ယူထားသည့် လုပ်ရပ်မှ ပေါ်ပေါက်လာသော ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး အန္တရာယ်များ မကျရောက်စေရန် သေချာစေရမည်
                                                                                                                                                                                    • အလုပ်သမားများနှင့် HSRs ( ရှိလျှင်) တို့နှင့် ၎င်းတို့အားတိုက်ရိုက် ထိခိုက်စေမည့် သို့မဟုတ် တိုက်ရိုက် ထိခိုက်စေနိုင်ဖွယ်ရှိသည့် ကျန်းမာရေး သို့မဟုတ် ဘေးကင်းလုံခြုံရေးတို့နှင့်ပတ်သက်သော အကြောင်းအရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးတိုင်ပင်ရမည်

                                                                                                                                                                                      အလုပ်ခွင်ကို စီမံရသူ သို့မဟုတ် ထိန်းချုပ်ရသူ တစ်ဦးသည် အလုပ်ခွင်နှင့် အလုပ်ခွင်သို့ ဝင်ရောက်ခြင်းနှင့် ထွက်ခွာခြင်း နည်းလမ်းများမှာ ဘေးကင်းလုံခြုံပြီး ကျန်းမာရေးကို အန္တရာယ် မရှိစေကြောင်း လက်ရှိအချိန်အထိ သင့်တင့်လျောက်ပတ်စွာ လက်တွေ့ကျနိုင်သမျှ သေချာစေရမည်။

                                                                                                                                                                                      အလုပ်သမားများတွင်လည်း အဆိုပါ OHS အက်ဥပဒေအရ တာဝန်များ ရှိသည်၊ ၎င်းအရ အလုပ်သမားများ လုပ်ရမည်မှာ-

                                                                                                                                                                                      • ၎င်းတို့၏ ကိုယ်ပိုင် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် သင့်တင့်လျောက်ပတ်စွာ ဂရုစိုက်စောင့်ရှောက်ရမည်
                                                                                                                                                                                        • အလုပ်ခွင်၌ အလုပ်သမား၏ လုပ်ရပ်များ သို့မဟုတ် ပျက်ကွက်မှုများကြောင့် ထိခိုက်နိုင်ဖွယ်ရှိသူများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် သင့်တော်သလို ဂရုစိုက်ရမည်
                                                                                                                                                                                          • အဆိုပါ OHS အက်ဥပဒေ ပြဌာန်းချက်ကြောင့် သို့မဟုတ် အက်ဥဒေအရ သတ်မှတ်ချက်တစ်ခုကို လိုက်နာလုပ်ဆောင်ရန်အတွက် အလုပ်ရှင်မှ လုပ်ဆောင်သည့် လုပ်ရပ်တစ်ခုခုနှင့်ပတ်သက်၍ မိမိတို့၏ အလုပ်ရှင်နှင့် ပူးပေါင်းလုပ်ဆောင်ရမည်

                                                                                                                                                                                            အညွှန်းများ

                                                                                                                                                                                            အမေရိကန်ပြည်ထောင်စု ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာ (CDC)၊ ကိုရိုနာဗိုင်းရတ်စ် ရောဂါ ၂၀၁၉ (COVID-19) အသားနှင့် ကြက်ငှက် ထုပ်ပိုးရေး လုပ်ငန်းကဏ္ဍ- CDC နှင့် အလုပ်ခွင် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး စီမံရေး ဌာန (Occupational Health and Safety Administration (OHSA)) တို့ထံမှ ကြားကာလ လမ်းညွှန်။