COVID-19 ထိတွေ့မှု အန္တရာယ်ကို စီမံကွတ်ကဲခြင်း- ဆောက်လုပ်ရေး လုပ်ငန်းကဏ္ဍ

ဆောက်လုပ်ရေး လုပ်ငန်းနေရာများ၌ COVID-19 ထိတွေ့မှု အန္တရာယ်ကို စီမံကွတ်ကဲခြင်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ

Melbourne မြို့နယ်နိမိတ်ရှိ ဆောက်လုပ်ရေး အလုပ်နေရာများအတွက် အဆင့် ၄ ပိတ်ပင်ကန့်သတ်ချက်များနှင့် ဗစ်တိုးရီးယားပြည်နယ် နယ်စွန်ဒေသအတွက် အဆင့် ၃ ပိတ်ပင်ကန့်သတ်ချက်များ

အဆင့် ၄ ‘အိမ်၌နေပါ’ ဆိုသည့် ပိတ်ပင်ကန့်သတ်ချက်များကို ချမှတ်သည့်ကိစ္စ၌ ဆောက်လုပ်ရေး အလုပ်နေရာများသည် ကန့်သတ်ထားသည့် လုပ်ငန်းလည်ပတ်မှုများနှင့် သီးခြား တာဝန်များအတွက် လမ်းညွှန်များအပေါ်မူတည်သည်။

၎င်းတွင် အလုပ်ခွင်ရှိ တစ်ကြိမ်လျှင် အလုပ်သမား အရေအတွက်ကို ကန့်သတ်ပေးခြင်း၊ အလုပ်နေရာများအကြား လှုပ်ရှားသွားလာမှုကို ကန့်သတ်ပေးခြင်းနှင့် COVIDSafe တစ်ရပ်ကို ထပ်ဆင့်၍ အန္တရာယ် မြင့်မားသော COVIDSafe အစီအစဥ် တစ်ရပ် ထူထောင်ခြင်း ပါဝင်သည်။

ဤပိတ်ပင်ကန့်သတ်ချက်များကို အချိန်မရွေး ပြောင်းလဲပြင်ဆင်ကောင်း ပြင်ဆင်နိုင်သည်။ သင်သည် သင့် လုပ်ငန်းကဏ္ဍအတွက် ပြောင်းလဲချက် တစ်ရပ်ရပ်နှင့်ပတ်သက်ပြီး နောက်ဆုံးသတင်း သိနေအောင်လုပ်ရမည်။

အန္တရာယ် မြင့်မားသော COVIDSafe အစီအစဥ် တစ်ရပ်ကို ပြင်ဆင်ပါ

အဆင့် ၄ 'အိမ်၌နေပါ' ဆိုသည့် ပိတ်ပင်ကန့်သတ်ချက်များအရ လုပ်ငန်းလည်ပတ်နေသည့် ဆောက်လုပ်ရေး အလုပ်နေရာတိုင်းတွင် COVIDSafe အစီအစဉ် တစ်ရပ်ကို ထပ်ဆင့်၍ အန္တရာယ် မြင့်မားသော COVIDSafe အစီအစဉ် တစ်ရပ် ထားရှိရန် လိုအပ်သည်။

အဆင့် ၃ 'အိမ်၌နေပါ' ဆိုသည့် ပိတ်ပင်ကန့်သတ်ချက်များအရ လုပ်ငန်းလည်ပတ်သည့် ဆောက်လုပ်ရေး အလုပ်နေရာများအတွက် COVIDSafe အစီအစဉ် တစ်ရပ် ထားရှိရန် အကြံပြုပါသည်။

COVIDSafe အစီအစဉ်တစ်ရပ်အားဖြင့် စီးပွားလုပ်ငန်းများအား ဗစ်တိုးရီးယားပြည်နယ် ကျန်းမာရေး အရာရှိချုပ် (Victorian Chief Health Officer (CHO)) က ထုတ်ပြန်သည့် လမ်းညွှန်ချက်များအရ ၎င်းတို့ လိုက်နာရမည့် သတ်မှတ်ချက်များနှင့် ကိုက်ညီစေပါသည်။

Business Victoria တွင် COVIDSafe အစီအစဥ်များနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ရှိသည်၊ ပုံစံများနှင့် လမ်းညွှန် အပါအဝင်ဖြစ်သည်။

ပိတ်ပင်ကန့်သတ်ချက်များကြောင့် သက်ရောက်ခံရမည့် ကျွန်ုပ်၏ OHS တာဝန်များမှာ မည်သို့ရှိမည်နည်း။

ပိတ်ပင်ကန့်သတ်ချက်များကြောင့် အလုပ်ခွင် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး အက်ဥပဒေ ၂၀၀၄ ခုနှစ် (Occupational Health and Safety Act 2004 (OHS Act)) နှင့် အလုပ်ခွင် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး စည်းမျဉ်းများ ၂၀၁၇ ခုနှစ် (Occupational Health and Safety Regulations 2017 (OHS Regulations)) တို့အရ သင့် တာဝန်များအပေါ် ပြောင်းလဲချက် မရှိပါ။

COVIDSafe အစီအစဉ်တစ်ရပ် ပြင်ဆင်ရေးဆွဲခြင်းသည် ဘေးကင်းလုံခြုံသော အလုပ်စနစ် တစ်ရပ် ထူထောင်ခြင်း၏ အစိတ်အပိုင်း ဖြစ်စေသည်၊ သို့သော်လည်း COVIDSafe အစီအစဥ်တစ်ရပ် ထားရှိခြင်းနှင့် CHO လမ်းညွှန်ချက်များကို လိုက်နာခြင်းသည် သင့်အနေဖြင့် OHS အက်ဥပဒေနှင့် OHS စည်းမျဥ်းများအရ သင့် တာဝန်များကို သင် လိုက်နာခဲ့ပြီးဖြစ်သည်ဟု သေချာပေါက် မဆိုလိုပါ။

သင့်စီးပွားလုပ်ငန်းကို မည်သို့လုပ်ငန်းလည်ပတ်ရမည်ဟု ချမှတ်ထားသည့် ကျန်းမာရေး လမ်းညွှန်ချက် တစ်စုံတစ်ရာကို လိုက်နာရမည့်အပြင် OHS အက်ဥပဒေအရ သင့်တာဝန်များနှင့် သင် လိုက်နာနေသည်ဖြစ်သည်ကိုလည်း သေချာစေရမည်။ အလုပ်သမားများနှင့် HSRs အကယ်၍ရှိလျှင် တို့နှင့် ၎င်းသူတို့အား တိုက်ရိုက် ထိခိုက်စေမည့် သို့မဟုတ် တိုက်ရိုက် ထိခိုက်စေနိုင်ဖွယ်ရှိသည့် ကျန်းမာရေး သို့မဟုတ် ဘေးကင်းလုံခြုံရေးတို့နှင့်ပတ်သက်သော အကြောင်းအရာများနှင့် စပ်လျဥ်း၍ ဆွေးနွေးတိုင်ပင်ခြင်း ပါဝင်သည်။ အလုပ်သမားများကလည်း OHS အက်ဥပဒေအရ ၎င်းတို့၏ တာဝန်များကို လိုက်နာရမည်။

COVID-19 နှင့် ဆောက်လုပ်ရေး လုပ်ငန်းကဏ္ဍ

ကိုရိုနာဗိုင်းရတ်စ် ကူးစက်မှုသည် အပျော့စား အမျိုးအစားမှ အပြင်းအထန် အမျိုးအစားဖြစ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ နာမကျန်းမှု ဖြစ်ပွားနိုင်သည်။ တင်ပြထားသည့် အဖြစ်အများဆုံး ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရောဂါလက္ခဏာများမှာ -

  • ကိုယ်ပူအဖျားတက်ခြင်း
    • အသက်ရှူရန် အခက်အခဲများနှင့် အသက်ရှူမရခြင်း
      • ချောင်းဆိုးခြင်း
        • လည်ချောင်းနာခြင်း
          • ပင်ပန်းနွှမ်းနယ်ခြင်း သို့မဟုတ် မောပန်းခြင်း။

            COVID-19 သည် လူတစ်ဦးမှ တစ်ဦးသို့ အောက်ပါတို့မှတစ်ဆင့် ကူးစက်ရန် အများဆုံး ဖြစ်နိုင်ခြေရှိသည် -

            • ကူးစက်ခံရသူတစ်ဦးနှင့် နီးနီးကပ်ကပ် အထိအတွေ့ရှိခြင်း။
              • ကူးစက်ခံထားရသူတစ်ဦး၏ လုပ်ရပ်ကြောင့် ညစ်ညမ်းနေသော (တံခါးလက်ကိုင်များ သို့မဟုတ် စားပွဲများကဲ့သို့) ကိုင်တွယ်နေရသည့် အရာပစ္စည်းများ သို့မဟုတ် မျက်နှာပြင်များ။

                အခြားသူများနှင့် နီးနီးကပ်ကပ် အလုပ်လုပ်ရခြင်းနှင့် ညစ်ညမ်းလာနိုင်ဖွယ်အလားအလာပိုရှိနေသော မျက်နှာပြင်များနှင့် အထိအတွေ့ရှိလာမည့် အလားအလာတို့ကြောင့် ဆောက်လုပ်ရေး လုပ်ငန်းကဏ္ဍရှိ အလုပ်သမားများအတွက် အထိအတွေ့ အန္တရာယ်ကို လျှော့ချစေရန် အဆင့်အဆင့် အချက်များကို လုပ်ရမည်။

                အလုပ်ရှင်များတွင် ဘေးကင်းလုံခြုံပြီး အလုပ်သမားများ၏ ကျန်းမာရေးအပေါ် အန္တရာယ် မကျရောက်စေသည့် အလုပ်လုပ်ကိုင်ရာ ပတ်ဝန်းကျင်တစ်ရပ်ကို လက်ရှိအချိန်အထိ သင့်တင့်လျောက်ပတ်စွာ လက်တွေ့ကျနိုင်သမျှ ဖန်တီးပေးပြီး ထိန်းသိမ်းထားရန် တာဝန်ရှိသည်။ ၎င်းတွင် COVID-19 ထိတွေ့မှု အလားအလာနှင့် ဆက်နွှယ်သည့် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ အန္တရာယ်များကို တားဆီးပေးခြင်းနှင့် တားဆီးပေးရန် မဖြစ်နိုင်သည့် ကိစ္စ၌ အန္တရာယ်ကို လျှော့ချပေးခြင်းတို့ ပါဝင်သည်။

                အလုပ်သမားများတွင် အလုပ်ခွင်၌ မိမိတို့၏ ကိုယ်ပိုင်နှင့် အခြားသူများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးကို သင့်တင့်လျောက်ပတ်စွာ စောင့်ရှောက်ပေးရန် တာဝန်တစ်ရပ်ရှိသည့်အပြင် လုပ်ငန်းခွင် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး အက်ဥပဒေ ၂၀၀၄ ခုနှစ် (OHS Act) သို့မဟုတ် လုပ်ငန်းခွင် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး စည်းမျဉ်းများ ၂၀၁၇ ခုနှစ် (OHS စည်းမျဉ်းများ) နှင့်အညီ ဆောင်ရွက်ရန် အလုပ်ရှင်များက လုပ်ဆောင်သည့် အရေးယူလုပ်ဆောင်ချက် မည်သည့်လုပ်ဆောင်ချက်ကိုမဆို မိမိတို့၏ အလုပ်ရှင်များနှင့် ပူးပေါင်းလုပ်ဆောင်ရန် တာဝန်ရှိသည်။

                အလုပ်ရှင်နှင့် အလုပ်သမား တာဝန်များနှင့်ပတ်သက်၍ အချက်အလက်များကို အောက်တွင် ဖော်ပြထားသည် (ဥပဒေအရ တာဝန်များကို ကြည့်ပါ) ။

                COVID-19 ၏ ကူးစက်မှုနှင့် ရောဂါလက္ခဏာများနှင့်ပတ်သက်၍ သတင်းအချက်အလက်များ ပိုမိုသိရှိလိုပါက ကျန်းမာရေးနှင့် လူမှုဝန်ဆောင်မှုများဌာန (Department of Health and Human Services (DHHS)) ဝက်ဘ်ဆိုက်နှင့် အောက်ပါ ဆက်နွှယ်နေသည့် လင့်ဂ်များကို ကြည့်ရှုပါ။

                ဆောက်လုပ်ရေး အလုပ်နေရာများ၌ အန္တရာယ်များကို ဖော်ထုတ်ခြင်း

                အလုပ်ရှင်များသည် ၎င်းတို့၏ အလုပ်ခွင်၌ COVID-19 အထိအတွေ့မှ အလုပ်သမားများ၏ ကျန်းမာရေးအပေါ် ကျရောက်လာမည့် အန္တရာယ်အဆင့်ကို ဖော်ထုတ်ရမည်။

                ၎င်းကို ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး ကိုယ်စားလှယ်များ (HSRs) ၊ အကယ်၍ရှိလျှင်၊ နှင့် အလုပ်သမားများတို့နှင့် တိုင်ပင်ဆွေးနွေးပြီးလုပ်ရမည်။

                COVID-19 နှင့် အထိအတွေ့ကျရောက်နိုင်ဖွယ်ရှိသည့် လုပ်ရပ်အချို့မှာ -

                • ဝန်ထမ်းသုံး ဝန်ချီစက်များနှင့် ဓါတ်လှေခါးများကို စီးခြင်း
                  • အလုပ်သမားများ အခြားသူများနှင့် နီးနီးကပ်ကပ် ထိတွေ့လုပ်ဆောင်ရန်လိုအပ်သည့် အလုပ်
                    • အတူတကွ မျှသုံးသည့် အလုပ်သုံးကိရိယာများ သို့မဟုတ် ကိရိယာကို အသုံးပြုခြင်း
                      • ရေချိုးခန်းများ၊ မီးဖိုချောင်များနှင့် အများသုံး အားလပ်ချိန်နေရာများကဲ့သို့ အဆောက်အအုံများကို မျှသုံးခြင်း။

                        အန္တရာယ်များကို ထိန်းချုပ်ခြင်း

                        အလုပ်ရှင်များတွင် ဘေးကင်းလုံခြုံပြီး အလုပ်သမားများ၏ ကျန်းမာရေးအပေါ် အန္တရာယ် မကျရောက်စေသည့် အလုပ်လုပ်ကိုင်ရာ ပတ်ဝန်းကျင်တစ်ရပ်ကို လက်ရှိအချိန်အထိ သင့်တင့်လျောက်ပတ်စွာ လက်တွေ့ကျနိုင်သမျှ ဖန်တီးပေးပြီး ထိန်းသိမ်းထားရန် တာဝန်ရှိသည်။ ၎င်းတွင် COVID-19 ထိတွေ့မှု အလားအလာနှင့် ဆက်နွှယ်သည့် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ အန္တရာယ်များကို တားဆီးပေးခြင်းနှင့် တားဆီးပေးရန် မဖြစ်နိုင်သည့် ကိစ္စ၌ အန္တရာယ်ကို လျှော့ချပေးခြင်းတို့ ပါဝင်သည်။

                        စစ်ဆေးခြင်း

                        အလုပ်ရှင်များသည် ဆောက်လုပ်ရေး အလုပ်နေရာများတွင် COVID-19 ကူးစက်မှုကို အနည်းဆုံးဖြစ်စေရန် စစ်ဆေးရေး လုပ်ငန်းဖြစ်စဉ်တစ်ရပ်ကို အကောင်အထည်ဖော်ဆောင်သင့်သည်။

                        ဥပမာ၊ အလုပ်သမားများအား ၎င်းတို့၏ အလုပ်အဆိုင်း စတင်ချိန်၌ လုပ်ငန်းနေရာ အဝင်ဝတွင် သူတို့ ခရီးထွက်ခဲ့သည် ဟုတ်မဟုတ်၊ COVID-19 အတည်ပြုခံရသူ တစ်ဦးဦးနှင့် အထိအတွေ့ရှိခဲ့သည် ဟုတ်မဟုတ် သို့မဟုတ် သူတို့တွင် တုပ်ကွေးကဲ့သို့ ရောဂါလက္ခဏာများ ရှိမရှိ မေးမြန်းခြင်းအားဖြင့်ဖြစ်သည်။

                        လူတစ်ဦးမှ တစ်ဦး အထိအတွေ့ကို အနည်းဆုံးလျှော့ချရန် စစ်ဆေးခြင်းကို ဖုန်းဖြင့်လုပ်သင့်သည် သို့မဟုတ် အခြားသော အထိအတွေ့မဲ့ နည်းလမ်းများဖြင့် လုပ်သင့်သည်။

                        အလုပ်ခွင် နေရာဇယားချခြင်း

                        အလုပ်သမားတစ်ဦး COVID-19 ရှိနေကြောင်း အတည်ပြုခံရသည့်ကိစ္စ၌ ထိခိုက်မည့် အလားအလာရှိသော လူများကို အလျင်အမြန် ဖော်ထုတ်ရန် လိုအပ်သည်။

                        အလုပ်ရှင်များသည် အလုပ်သမားများ (ကန်ထရိုက်ဖြင့်လုပ်သူများ အပါအဝင်) အတွက် အချိန်ဇယားနှင့် အလုပ်တည်နေရာများကို မှတ်တမ်းတင်ရန် လုပ်ငန်းဖြစ်စဉ်များကို အကောင်အထည်ဖော်ဆောင်သင့်သည်၊ ရောဂါရှိကြောင်း အတည်ပြုခံရသူနှင့် အထိအတွေ့ရှိလာခဲ့သည့်သူများကို ခြေရာခံနိုင်စေရန်အတွက် ဖြစ်သည်။

                        အဆိုပါ မှတ်တမ်းတွင် ပါဝင်သင့်သည်မှာ -

                        • အလုပ်လုပ်ခဲ့သည့် နေ့ရက်နှင့်အချိန်
                          • အတူတူလုပ်ခဲ့သည့် အဖွဲ့များ၏ အဖွဲ့ဝင်များ
                            • ဆောက်လုပ်ရေး အလုပ်နေရာရှိ သီးခြား အလုပ်နေရာ
                              • ယူခဲ့သည့် အားလပ်ချိန်များ တစ်ခုခု၊ အချိန်နှင့် တည်နေရာ အပါဝင်ဖြစ်သည်။

                                ကျယ်ပြန့်သော အလုပ်နေရာများ အတွင်းရှိ နေရာများ သို့မဟုတ် နယ်မြေများအကြား ပြောင်းရွှေ့သွားလာမှုကို တတ်နိုင်သမျှ အနည်းဆုံး လုပ်သင့်သည်။

                                အလုပ်နေရာ မျိုးစုံ (ဥပမာ HSRs, ရှေးဦးသူနာပြုစုသူများ၊ အရေးပေါ်အခြေအနေ အဆောင်မှူးများအတွက်) သို့ သွားရောက်ရန် လိုအပ်သည့် ကိစ္စ၌ အလုပ်နေရာများအကြား ရွှေ့လျားသွားလာမှုကို အလုပ်ခွင် နေရာဇယားချခြင်း၌ မှတ်တမ်းတင်ထားသင့်သည်။

                                လူချင်း ခပ်ခွာခွာနေခြင်း

                                အနည်းဆုံး ၁.၅ မီတာ အကွာအဝေး လူချင်း ခပ်ခွာခွာနေခြင်းကို ဖြစ်နိုင်သည့် နေရာတွင် အကောင်အထည်ဖော်သင့်သည်။ အလုပ်ရှင်များသည် အလုပ်တာဝန် တစ်ခုချင်းကို စဉ်းစားသင့်ပြီး အဆိုပါ အလုပ်တာဝန်ကို အလုပ်သမားများအကြား ပိုမိုဝေးသည့်အကွာအဝေးဖြင့် အလုပ်လုပ်ရန် ဘေးကင်းလုံခြုံသည့် အခြားနည်းလမ်းတစ်ရပ် ရှိမရှိ စဉ်းစားသင့်သည်။

                                • လုံခြုံစိတ်ချရသည့် အကွာအဝေးများကို အလုပ်ခွင်၊ ကူးပြောင်းနေရာနှင့် အားလပ်ချိန် နေရာများ၌ (ဥပမာ ကြမ်းပြင်နှင့် နံရံများ) အမှတ်အသားလုပ်ပါ။
                                  • အလုပ်နေရာရှိ အလုပ်သမားများ၏ အရေအတွက်ကို အနည်းဆုံးဖြစ်စေရန် အလုပ်အဆိုင်း ပုံစံအမျိုးမျိုးကို စဉ်းစားပါ (ဥပမာ မနက်ပိုင်း/ညပိုင်း အလုပ်အဆိုင်းများ) ။
                                    • အဝင်အထွက်များသည့်နေရာများ၌ လူထူထပ်မှုကို ရှောင်ကြဉ်ရန် အလုပ်စချိန်များ၊ နားချိန်များနှင့် အလုပ်ပြီးဆုံးချိန်များကို အချိန်ခွဲထားပေးပြီး အလုပ်သမားများအား သူတို့ အလုပ်နေရာ တစ်ဝိုက် သွားလာနေသည့်အလျောက် အချင်းချင်း အထိအတွေ့ရှိလာခြင်းကို အနည်းဆုံးဖြစ်အောင်လုပ်ပါ။
                                      • ဆိုးရွားသော ရာသီဥတု အချိန်အခါအတွင်း လူချင်း ခပ်ခွာခွာနေခြင်းအား မည်သို့ ထိန်းသိမ်းမည်ကို စီစဉ်ပါ (ဥပမာ နေ့လယ်စာစားခန်း၊ ကလေးထိန်းခန်းများနှင့် ရေချိုခန်း အိမ်သာခန်းများ)။
                                        • အလုပ်နေရာများအကြား ယာယီရုပ်ဝတ္ထုအတားအဆီးများ (ဥပမာ ခြံစည်းရိုးများ၊ လိုက်ကာများ) ကို သင့်တော်သည့်ကိစ္စ၌ တပ်ဆင်ပါ။

                                          အလုပ်တာဝန်ကို ထမ်းဆောင်ရန်နှင့် လူချင်း ခပ်ခွာခွာနေခြင်းကို ထိန်းသိမ်းထားရန် မဖြစ်နိုင်သည့် ကိစ္စ၌ အခြားသော ထိန်းချုပ်ရေးဆိုင်ရာ အရေးယူလုပ်ဆောင်ချက်များကို အကောင်အထည်ဖော်ဆောင်ရန် လိုအပ်သည်။ ဥပမာ -

                                            • ၁.၅ မီတာအတွင်း တစ်ဦးနှင့် တစ်ဦး အပြန်အလှန် ပြောဆိုလုပ်ကိုင်ရန် လိုအပ်သည့် လူအရေအတွက်ကို အနည်းဆုံးဖြစ်အောင်လုပ်ပါ။
                                              • တစ်ဦးနှင့် တစ်ဦးကြား ၁.၅ မီတာအတွင်း ဆောင်ရွက်ရန်လိုအပ်သည့် လှုပ်ရှားဆောင်ရွက်မှုများ၌ ပါဝင်သည့် လူအရေအတွက်ကို အနည်းဆုံးဖြစ်အောင်လုပ်ပါ။
                                                • တစ်ကိုယ်ရေကာကွယ်ရေးကိရိယာ (PPE) (ဥပမာ လက်အိတ်များ၊ နှာခေါင်းစည်းများ၊ မျက်မှန်များ) ထောက်ပံ့ပေးပါ။

                                                  အောက်တွင် PPE ကို ဘေးကင်းလုံခြုံစွာ အသုံးချမှုနှင့်ပတ်သက်သည့် အချက်အလက်များကို ဖော်ပြထားသည်။

                                                  ပိတ်ပင်ကန့်သတ်ထားသည့်နေရာများ၌ (ဥပမာ ပင့်မသည့်ဝင်ရိုးများ၊ အလုပ်သမားသုံး ဝန်ချီစက်များ၊ ပင့်မစက်များ) မရှိမဖြစ် လုပ်ရမည့် လုပ်စရာအလုပ်များ လုပ်ရန်လိုအပ်သည့်ကိစ္စ၌ အဆိုပါ နေရာ၌ လုပ်ကိုင်မည့် အလုပ်သမား အရေအတွက်ကို အနည်းဆုံးဖြစ်စေသင့်သည်။

                                                  တစ်ကိုယ်ရေ သန့်စင်ရေး 

                                                  • အလုပ်သမား အားလုံးသည် ကောင်းမွန်သော တစ်ကိုယ်ရေ သန့်စင်ရေး လုပ်ကိုင်ပုံများကို လိုက်နာရန် သေချာဆောင်ရွက်ပါ၊ လက်များကို မကြာခဏ ဆပ်ပြာနှင့်ရေဖြင့် အနည်းဆုံး စက္ကန့် ၂၀ ဆေးကြောခြင်း၊ ချောင်းဆိုးခြင်းများနှင့် နှာချေခြင်းများကို ဖုံးအုပ်ပေးခြင်း သို့မဟုတ် ၎င်းတို့၏ တံတောင်ကွေး သို့မဟုတ် ပခုံးထဲ ချောင်းဆိုးခြင်းနှင့် မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့ကို ကိုယ်တွယ်ခြင်းမှ ရှောင်ကြဉ်ခြင်းတို့ အပါအဝင်ဖြစ်သည်။
                                                    • ဆောက်လုပ်ရေး အလုပ်နေရာများရှိ မြင်သာသည့်နေရာများတွင် တစ်ကိုယ်ရေ သန့်စင်ရေး အချက်အလက်များကို ပြသထားပါ၊ အစာစားခန်းများ၊ အလုပ်နေရာ ရုံးခန်းများ၊ အိမ်သာခန်းများ၊ အဝင်ခန်းမများ၊ ဓါတ်လှေကားများနှင့် အလုပ်နေရာ အဝင်ဝများကဲ့သို့ နေရာများဖြစ်သည်။
                                                      • လက်ပိုးသတ်သန့်စင်ဆေးရည်များကို အလုပ်နေရာ အဝင်ဝများနှင့် ထွက်ပေါက်များ၊ အားလုံးသော ဝန်ချီစက်များအတွင်း၊ ရေချိုးခန်း အိမ်သာများနှင့် အခြားအလုပ်နေရာ၏ အဝင်အထွက်များသည့် နေရာများတွင် ချပေးထားပါ။ လက်သန့်ပိုးသတ်ဆေးရည်များ ထားရှိသည့်နေရာများအကြောင်း ဝန်ထမ်းများနှင့် ဆွေးနွေးပြီး ပုံမှန် အသုံးပြုရန် တိုက်တွန်းပါ။

                                                        အလုပ်ရှင်များသည် အလုပ်သမားများအနေဖြင့် သင့်တော်သော အသုံးအဆောင်ပစ္စည်းများ ရရှိနိုင်ရန် သေချာဆောင်ရွက်ပေးရမည်။ အလုပ်ရှင်များသည် အလုပ်နေရာတစ်ဝိုက် ရွှေ့လျားသွားလာမှုကို လျှော့ချရန် အသုံးအဆောင်ပစ္စည်းများ အရေအတွက်နှင့် တည်နေရာများကို သုံးသပ်ပြီး ပြန်လည် ပြင်ဆင်ပေးသင့်သည်။

                                                        အသုံးအဆောင်ပစ္စည်းများတွင် ပါဝင်လိုသည်မှာ -

                                                        • လက်ဆေးဇလား၊ သန့်ရှင်း စီးကျနေသည့် ရေ၊ ဆပ်ပြာနှင့် စက္ကူပဝါများကဲ့သို့ လက်ဆေးကြောရန် အဆောက်အအုံများ (အမြဲဖြစ်စေ သို့မဟုတ် ယာယီဖြစ်စေ) ကို အလုပ်သမားများ အချိန်မှန် သုံးနိုင်ရန်အတွက် သေချာစေရန် အခရာကျသည့် နေရာများတွင် ချထားပေးပါ။
                                                          • လက်သန့်ပိုးသတ်ဆေးရည်ကို ရယူသုံးစွဲမှု။
                                                            • ကိုင်တွယ်စရာ-မလိုသည့် အဖုံးများပါသည့် အမှိုက်ပုံးများ (ဥပမာ ခြေထောက်ဖြင့် ဖွင့်ပိတ်ရသည့် အမှိုက်ပုံးများ)။
                                                              • နှံ့နှံ့စပ်စပ်နှင့် ပုံမှန် ပိုးသတ်သန့်စင်ပေးခြင်း။
                                                                • သင့်တော်သော အမှိုက် စွန့်ပစ်ခြင်းဆိုင်ရာ စီမံခန့်ခွဲရေး စနစ်များ။

                                                                  မျှသုံးရသည့် ကိရိယာတန်ဆာပလာများ၊ အလုပ်ရုံနှင့် ကိရိယာ

                                                                  ဖြစ်နိုင်သည့် ကိစ္စ၌ မျှသုံးရသည့် ကိရိယာတန်ဆာပလာများ၊ အလုပ်ရုံနှင့် ကိရိယာ အတူမျှဝေသုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။ ဥပမာ၊ ဖြတ်လွှအဝိုင်းများ၊ လွန်များ၊ ကြိတ်စက်များ၊ လှေကားရှင်များ သို့မဟုတ် အပေါ်အောက် မြှင့်တင်နိုင်သည့် အလုပ်လုပ်စင်များတို့ကို လူတစ်ဦးထက်ပို၍ မသုံးသင့်ပါ။

                                                                  အတူတကွ မျှသုံးခြင်းကို ဖယ်ရှားပစ်ရန် မဖြစ်နိုင်သည့် ကိစ္စ၌ -

                                                                  • အများသုံး ကိရိယာတန်ဆာပလာများ၊ အလုပ်ရုံနှင့် ကိရိယာများ ထားရှိသည့်နေရာတွင် သန့်ရှင်းရေးသုံးပစ္စည်းများ (ဥပမာ အရက်ပျံ ဖြန်းဘူးများ သို့မဟုတ် အရည်များ) ကို ချပေးထားပါ။
                                                                    • သန့်ရှင်းရေးသုံး အရာပစ္စည်းများကို ကိရိယာတန်ဆာပလာများနှင့် ကိရိယာတို့နှင့်အတူ ၎င်းတို့ အလုပ်နေရာတစ်ဝိုက် ရွှေ့လျားသည့်အလျောက် ထားရှိပေးပါ။
                                                                      • ကိုင်တွယ်လုပ်ကိုင်မည့်သူများ မသုံးမီနှင့် အသုံးပြုပြီးတိုင်း ၎င်းတို့၏ လက်များကို နှံ့နှံ့စပ်စပ် ဆေးကြောရန် သို့မဟုတ် ပိုးသတ်သန့်စင်ပေးရန် သေချာဆောင်ရွက်ပေးပါ။
                                                                        • ကိရိယာတန်ဆာပလာများ၊ အလုပ်ရုံနှင့် ကိရိယာတို့၏ အစိတ်အပိုင်းအားလုံး (ဥပမာ လက်ကိုင်များ၊ လက်ယမ်းများ) ကို မသုံးမီနှင့် အသုံးပြုပြီးနောက် သုတ်ပေးရန် သေချာဆောင်ရွက်ပါ။

                                                                          ဖုန်းများ၊ စားပွဲများ၊ ရုံးခန်းများ၊ ကွန်ပျူတာများနှင့် အခြားကိရိယာများ အတူမျှသုံးခြင်းကိုလည်း ရှောင်ကြဉ်သင့်သည်။ ဤကိစ္စမှာ မဖြစ်နိုင်လျှင် ဤအရာပစ္စည်းများကို ပုံမှန် ပိုးသတ်သန့်စင်ပေးသင့်သည်။

                                                                          သန့်ရှင်းပေးခြင်း

                                                                          နှံ့နှံ့စပ်စပ်နှင့် ပုံမှန် သန့်ရှင်းပေးခြင်းကို အောက်ပါအရာအားလုံးတို့၌ လုပ်ဆောင်ရန် လိုအပ်သည် -

                                                                          • အလုပ်လုပ်ရာ နေရာများ
                                                                            • ကြားကူးပြောင်းနေရာများ (အလုပ်သမားသုံး ဝန်ချီစက်များနှင့် ဓါတ်လှေကားများအပါအဝင်)
                                                                              • အများသုံးနေရာများနှင့် အားလပ်ချိန် အစာစားခန်းများ
                                                                                • အတူမျှသုံးသည့် နေရာများ (ဥပမာ ရေချိုးခန်းများနှင့် မီးဖိုချောင်များ)
                                                                                  • မျှသုံးရသည့် ကိရိယာ။

                                                                                    သန့်ရှင်းပေးခြင်းကို ဆောက်လုပ်ရေး အလုပ်နေရာများအတွက် သန့်ရှင်းပေးခြင်းနှင့် ပိုးသတ်သန့်စင်ပေးခြင်းတို့နှင့် ပတ်သက်သည့် DHHS အချက်အလက်နှင့်အညီ ဆောင်ရွက်ရန် လိုအပ်သည်။

                                                                                    အလုပ်သမားသုံး ဝန်ချီစက်များ

                                                                                    ဝန်ချီစက်များနှင့် ဓါတ်လှေကားများကိုသုံးသည့် အလုပ်သမားများသည် COVID-19 အထိအတွေ့ အန္တရာယ် ပိုမိုကြီးမားနိုင်သည် အဘယ်ကြောင့်ဆိုသော် သူတို့သည် အခြားသူများအပြင် ညစ်ညမ်းနိုင်ဖွယ် အလားအလာရှိသည့် မျက်နှာပြင်များနှင့် နီးနီးကပ်ကပ်ထိတွေ့ရန် လိုအပ်သောကြောင့်ဖြစ်သည်။

                                                                                    အလုပ်သမားသုံး ဝန်ချီစက်များ၌ အန္တရာယ် လျှော့ချရန် ထိန်းချုပ်ရေးဆိုင်ရာ အရေးယူလုပ်ဆောင်ချက်များတွင် အလုပ်စနစ်များ၊ လူချင်း ခပ်ခွာခွာနေခြင်း၊ တစ်ကိုယ်ရေ သန့်စင်ခြင်း၊ PPE နှင့် သန့်ရှင်းရေးလုပ်ခြင်းတို့ ပါဝင်သင့်သည်။

                                                                                    အားလုံးသော ဝန်ချီစက်များနှင့် ဓါတ်လှေကားများသည် အရွယ်အစား သို့မဟုတ် ထုထည်တို့မှာ တစ်ထေရာတည်း မဟုတ်ကြဘဲ အလေးချိန် ကန့်သတ်ချက်များ အမျိုးမျိုးရှိကြကြောင်း အသိအမှတ်ပြုပါသည်။

                                                                                    အလုပ်သမားသုံး ဝန်ချီစက်တွင် လူချင်း ခပ်ခွာခွာနေခြင်းကို အကောင်အထည်ဖော်ဆောင်ရန် မဖြစ်နိုင်သည့်ကိစ္စ၌ အခြားသော ရရှိနိုင်သည့် ထိန်းချုပ်ရေးဆိုင်ရာ အရေးယူလုပ်ဆောင်ချက်များကို အသုံးပြုရန် လိုအပ်သည်။

                                                                                    ထိန်းချုပ်ရေးဆိုင်ရာ အရေးယူလုပ်ဆောင်ချက်များတွင် ပါဝင်နိုင်သည်မှာ -

                                                                                    • အလုပ်သမားများ၏ လှုပ်ရှားမှုကို အလုပ်နေရာရှိ အလွှာအဆင့်များနှင့် အထပ်များအကြား ဖြစ်နိုင်သလိုလုံခြုံဘေးကင်းသည့်ကိစ္စ၌ ကန့်သတ်ပေးခြင်း။
                                                                                      • အလုပ်နေရာ၌ အသုံးပြုရန် မည်သည့် ဝန်ချီစက်များမှာ ရရှိနိုင်ကြောင်း သုံးသပ်ခြင်းနှင့် အပို ဝန်ချီစက်များကို အသုံးပြုနိုင် မပြုနိုင် ဖော်ထုတ်ခြင်း (ဥပမာ တစ်စိတ်တစ်ပိုင်း လူနေလျက်ရှိသော အဆောက်အဦးကို ဆောက်လုပ်နေဆဲ ကိစ္စတွင် နေထိုင်သူ သုံးသည့်ဓါတ်လှေကားကို ဆောက်လုပ်ရေးလူများအတွက်သာ အသုံးပြုနိုင် မပြုနိုင် စဉ်းစားပါ) ။
                                                                                        • ဝန်ချီစက်ကို စောင့်ဆိုင်းနေသည့်အခါ ၁.၅ မီတာ လူချင်း ခပ်ခွာခွာနေခြင်းနှင့် တစ်ကိုယ်ရေ သန့်စင်ရေး စနစ်များကို လိုက်နာရန်ဖြစ်သည်၊ အထူးသဖြင့် လူထူထပ်သည့် အချိန်အတွင်း လူထူထပ်မှု ပိုမိုများနိုင်သည့် အထပ်များတွင်ဖြစ်သည် (အလုပ်စချိန်၊ အားလပ်ချိန်၊ အလုပ်ပြီးချိန်)။ ဥပမာ မြေညီထပ်၊ အစားအစာ သို့မဟုတ် အားလပ်ချိန် ပြင်ပနေရာများရှိသည့် အထပ်များနှင့် အသုံးအဆောင်ပစ္စည်းများပါရှိသည့် အထပ်များဖြစ်သည်။ အောက်ပါ ပုံကားချပ်တွင် ဝန်ချီစက် စောင့်ဆိုင်းရာနေရာ၌ လူချင်း ခပ်ခွာခွာနေခြင်းကို မည်ကဲ့သို့ အကောင်အထည်ဖော်သင့်ကြောင်း ပြသထားသည်။
                                                                                          Diagram showing marking out floors in hoist waiting areas to maintain physical distancing.
                                                                                          • ဝန်ချီစက် အရွယ်အစား၊ ဤလမ်းညွှန်ချက်ပါ ကန့်သတ်ထားသည့် အချိန်ကာလနှင့် အပို ထိန်းချုပ်ရေးဆိုင်ရာ အရေးယူလုပ်ဆောင်ချက်များတို့ကို ထည့်သွင်းစဉ်းစားလျှက် ဝန်ချီစက်ကို တစ်ကြိမ်လျှင် လူမည်မျှ (ဝန်ချီစက် မောင်းသူအပါအဝင်) သုံးနိုင်ကြောင်း ဆုံးဖြတ်ပါ။
                                                                                            • ဝန်ချီစက် ကြမ်းပြင်များပေါ်တွင် အောက်ပါတို့ကို သတ်မှတ်ပေးထားသည့် အမှတ်အသားများကို လုပ်ထားပါ -
                                                                                              • အလုပ်သမားများ မတ်တပ်ရပ်မည့်နေရာ
                                                                                              • မျက်နှာချင်းဆိုင် အထိအတွေ့ကို ရှောင်ကြဉ်ရန် ဝန်ချီစက်အတွင်းရှိစဉ် ၎င်းတို့ မည်သည့် အရပ်မျက်နှာဖက်သို့ မျက်နှာမူရန်
                                                                                              • အဝင် အထွက်ကို အလှည့်ကျလုပ်ခြင်း။
                                                                                            • လူချင်း ခပ်ခွာခွာနေခြင်းကို ထိန်းသိမ်းထားရန်အတွက် အထပ်တိုင်း၌ ဝန်ချီစက် စောင့်ဆိုင်းရမည့်နေရာကို အမှတ်အသားလုပ်ပါ။
                                                                                              • အလုပ်သမားများအား ပုံမှန် ဆက်သွယ်ပြီး သတိပေးပါ (ဥပမာ ကြော်ငြာများ၊ ဒီဂျစ်တယ် မြင်လွှာများ) -
                                                                                                • လူများကို အသေအချာ နေရာချပေးခြင်းနှင့် လူဝင်ရောက်မှုကို အသေအချာ အလှည့်ကျလုပ်ပေးခြင်း
                                                                                                • ဝန်ချီစက် နံရံများနှင့် တံခါးများကို မကိုင်တွယ်ရန်
                                                                                                • သန့်ရှင်းရေး ကိစ္စ အစီအစဉ် ချမှတ်ထားရန်တို့ဖြစ်သည်။
                                                                                              • လူထူထပ်သည့် အချိန်အတွင်း အလုပ်နေရာသို့ အဝင်အထွက် လုပ်သည့်လူများ၏ ထူထပ်မှုကို ကန့်သတ်သည့် စနစ်များ ချမှတ်ထားပါ။ ဥပမာ-
                                                                                                • ဝန်ချီစက် အသုံးချမှုအတွက် အစီအစဉ် ပြုလုပ်ထားခြင်း
                                                                                                • ဝန်ချီစက်ကို အသုံးပြုနိုင်သည့် အထပ်ရှိလူများကို ခွဲခြားပေးထားခြင်း။

                                                                                              ဝန်ချီစက် မောင်းသူသည် နောက်ထပ်အန္တရာယ်များနှင့် အထိအတွေ့ရှိနိုင်သည်။ သူတို့အား လုပ်ပေးသင့်သည်မှာ -

                                                                                                • လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်မှုနှင့် ညစ်ညမ်းနေသည့် မျက်နှာပြင်များကို ထိတွေ့ခြင်းတို့မှ သူတို့အား ကာကွယ်ပေးရန် PPE (ဥပမာ မျက်နှာဖုံး သို့မဟုတ် ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း/P2 အသက်ရှူကိရိယာနှင့် မျက်မှန်များ) ပံ့ပိုးပေးထားသင့်သည်။
                                                                                                  • ဆပ်ပြာနှင့်ရေဖြင့် လက်ဆေးကြောခြင်းကို မကြာခဏ ပြုလုပ်သင့်သည် သို့မဟုတ် လက်သန့်ပိုးသတ်ဆေးရည်ကို ဝန်ချီစက်အတွင်း တပ်ဆင်ထားသင့်သည်။
                                                                                                    • ဖြစ်နိုင်သည့်ကိစ္စ၌ ဝန်ချီစက် မောင်းနှင်သူကို အခြားအလုပ်တာဝန်သို့ နှစ်နာရီတိုင်းတွင် ပြောင်းရွှေ့လုပ်ခိုင်းသင့်သည်။

                                                                                                      တစ်ကိုယ်ရေကာကွယ်ရေး ကိရိယာ

                                                                                                      အလုပ်ရှင်များသည် ပံ့ပိုးပေးထားသည့် မည်သည့် PPE ကိုမဆို ဘေးကင်းလုံခြုံစွာ အသုံးပြုမှု၊ ပိုးကင်းစင်အောင်လုပ်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် စွန့်ပစ်ခြင်းတို့နှင့်ပတ်သက်ပြီး သတင်းအချက်အလက်များ၊ ညွှန်ကြားချက်နှင့် သင်တန်းတို့ကို ဆောင်ရွက်ပေးသင့်သည်။

                                                                                                      ပံ့ပိုးပေးထားသည့် မည်သည့် PPE ကိုမဆို အလုပ်ပတ်ဝန်းကျင်အတွက် လက်တွေ့ကျရန် (ဥပမာ လိုအပ်သည့် အမြင်ခံနိုင်စွမ်းရှိခြင်းနှင့် ရွှေ့လျားနိုင်စွမ်းရှိခြင်း) နှင့် အလုပ်အဆိုင်း အဆုံးသတ်ချိန်၌ မှန်မှန်ကန်ကန် ပိုးသတ်သန့်စင်ထားပြီးဖြစ်ရန် သို့မဟုတ် စွန့်ပစ်ရန် လိုအပ်ပါသည်။

                                                                                                      အလုပ်ရှင်များသည် PPE မှန်မှန်ကန်ကန် အသုံးပြုခြင်းကို စောင့်ကြပ်ကြည့်ရှုပြီး အားပေးအားမြှောက်ပြုသင့်သည်၊ ဥပမာ နံရံကပ် ကြော်ငြာများနှင့် ဒီဂျစ်တယ် မြင်လွှာများဖြင့် အောက်ပါတို့အကြောင်း သတင်းအချက်အလက်များ ပေးထားခြင်းဖြင့်ဖြစ်သည် -

                                                                                                      • PPE မဝတ်မီ၊ နှင့် မျက်နှာအကာအကွယ်နှင့် လက်အိတ်များ မဝတ်မီ လက်များကို ဆေးကြောခြင်း သို့မဟုတ် ပိုးသတ်သန့်စင်ပေးခြင်း
                                                                                                        • မျက်နှာအကာအကွယ် မချွတ်မီ လက်အိတ်များကို ဖယ်ရှားခြင်း၊ PPE ကို ဖယ်ရှားပြီးနောက်နှင့် သုံးပြီးသား PPE ကို ပိုးသတ်သန့်စင်ခြင်းလုပ်ပြီးနောက် သို့မဟုတ် ဘေးကင်းလုံခြုံစွာ စွန့်ပစ်ပြီးနောက် လက်များကို ဆေးကြောခြင်း သို့မဟုတ် ပိုးသတ်သန့်စင်ပေးခြင်း။

                                                                                                          အကယ်၍ အလုပ်သမားတွင် COVID-19 ရှိလျှင် ဘာလုပ်ရမည်နည်း။

                                                                                                          COVID-19 ရောဂါရှိကြောင်း သံသယဖြစ်ခံရသည့်ကိစ္စ၌ သို့မဟုတ် ရောဂါရှိကြောင်း အတည်ပြုခံရသည့်ကိစ္စ၌ DHHS သည် အဆိုပါ ပုဂ္ဂိုလ်အား နီးနီးကပ်ကပ် အထိအတွေ့ရှိခဲ့သူများနှင့် ရှောင်တခင် အထိအတွေ့ရှိခဲ့သူများကို ဖော်ထုတ်ရန် ဆက်သွယ်ပါမည်။ အကယ်၍ အဆိုပါ အလုပ်သမားသည် သူတို့ ရောဂါကူးစက်ခံနေရသည့် အချိန်အတောအတွင်း အလုပ်တက်ရောက်ခဲ့ပြီး အခြား အလုပ်သမားများနှင့် နီးနီးကပ်ကပ် အထိအတွေ့ရှိခဲ့လျှင် DHHS သည် အလုပ်ရှင်ကို ဆက်သွယ်ပါမည်။

                                                                                                          Notifiable incidents and coronavirus (COVID-19)

                                                                                                          From 28 July 2020 new temporary regulations under the Occupational Health and Safety Act 2004 specify when employers and self-employed persons must notify WorkSafe of a confirmed diagnosis of coronavirus (COVID-19) in the workplace. For more information see the guidance Notifiable incidents involving coronavirus (COVID-19).

                                                                                                          အလုပ်ရှင်သည် သံသယဖြစ်ခံရပြီး အတည်ပြုခံရသည့်ကိစ္စများအတွက် တုံ့ပြန်မည့် အစီအစဉ်နှင့် လုပ်ထုံးလုပ်နည်းကို ထူထောင်သင့်သည်၊ ၎င်းတွင် ပါဝင်သင့်သည်မှာ -

                                                                                                          1. ဆက်သွယ်ရမည့် အသေးစိတ်အချက်များမှာ လက်ရှိဖြစ်နေကြောင်း သေချာအောင်လုပ်ခြင်းအပါအဝင် အလုပ်သမားများနှင့် ကန်ထရိုက်ဖြင့်လုပ်သူများတို့နှင့်အတူ ဆွေးနွေးမှုဆိုင်ရာနှင့် ဆက်သွယ်မှုဆိုင်ရာ အစီအမံများလုပ်ခြင်း။
                                                                                                            1. အလုပ်ခွင် နေရာချဇယား အချက်အလက်များကို ထိန်းသိမ်းထားပါ။
                                                                                                              1. သန့်ရှင်းရေးလုပ်ခြင်းနှင့် ပိုးသတ်သန့်စင်ပေးခြင်းတို့အတွက် အလုပ်နေရာ တည်ရှိရာများကို ဖော်ထုတ်ပါ။
                                                                                                                1. သင့်တော်သော သန့်ရှင်းရေးလုပ်ခြင်းနှင့် ပိုးသတ်သန့်စင်ပေးခြင်း ကိစ္စကို အကောင်အထည်ဖော်ပါ၊ ၎င်းကို တတ်ကျွမ်းသူတစ်ဦးက ကြီးကြပ်သင့်သည်၊ ဥပမာ အလုပ်ခွင်ဆိုင်ရာ သန့်စင်ရေးပညာရှင်။
                                                                                                                  1. တတ်ကျွမ်းသည့် ပုဂ္ဂိုလ်တစ်ဦးမှ သန့်ရှင်းရေးလုပ်ခြင်းနှင့် ပိုးသတ်သန့်စင်ရေးလုပ်ခြင်း ကိစ္စကို ထိခိုက်ခံရသည့် နေရာအား ပြန်ဝင်ရောက်ရန်အတွက် လုပ်ပြီးကြောင်း အကြောင်းကြားသင့်သည်။
                                                                                                                    1. အလုပ််သမားများနှင့် ကန်ထရိုက်လုပ်သူများသို့ အဆိုပါ အလုပ်နေရာကို ပြန်မဝင်မီနှင့် အလုပ် ပြန်မလုပ်မီ သက်ဆိုင်သည့် သတင်းအချက်အလက်များကို ပေးအပ်ပါ။
                                                                                                                      1. အန္တရာယ်များကို ထိထိရောက်ရောက် ထိန်းချုပ်ထားကြောင်း သေချာစေရန် စနစ်များကို DHHS နှင့် အလုပ်သမားများတို့နှင့် ဆွေးနွေး၍ ပြန်လည်သုံးသပ်ပြီး ပြင်ဆင်ပေးပါ။

                                                                                                                        အလုပ်သမားများ ဘာလုပ်ရမည်ကို သိရှိအောင် သေချာဆောင်ရွက်ပါ

                                                                                                                        အကယ်၍ အလုပ်သမားတစ်ဦးသည် COVID-19 ရောဂါလက္ခဏာများ ဖြစ်လာလျှင် သူတို့သည် သူတို့ကိုယ်တိုင် ချက်ချင်း အထိအတွေ့မဲ့ အထီးကျန်နေသင့်သည်၊ ကိုရိုနာဗိုင်းရတ်စ် အချက်အလက်ဖုန်းလိုင်း 1800 675 398 ကို ခေါ်သင့်သည် ၎င်းပြင် DHHS ဝက်ဘ်ဆိုက်တွင် ရရှိနိုင်သော ကိုယ်တိုင်-အထိအတွေ့မဲ့ အထီးကျနေခြင်းဆိုင်ရာ လမ်းညွှန်ကို လိုက်နာသင့်သည်။

                                                                                                                        ကိုရိုနာဗိုင်းရတ်စ် (COVID-19) ထိတွေ့မှုနှင့်ဆက်နွှယ်သည့် အန္တရာယ်ကို လက်ရှိအချိန်အထိ သင့်တင့်လျောက်ပတ်စွာ လက်တွေ့ကျကျ သုတ်သင်ရှင်းလင်းပစ်ရန် သို့မဟုတ် လျှော့ချပစ်ရန် အလုပ်ရှင်တစ်ဦး၏ တာဝန်မှာ-

                                                                                                                        • အလုပ်သမားများသည် အကယ်၍ သူတို့ နေထိုင်မကောင်းလျှင် သို့မဟုတ် သူတို့ ကူးစက်ခံရကြောင်း သံသယဖြစ်လျှင် DHHS (အောက်ပါ လင့်ခ်ကို ကြည့်ပါ) က ချမှတ်ပေးထားသည့် သတင်းအချက်အလက်များနှင့်အညီ ဘာလုပ်ရမည် သို့မဟုတ် မည်သူ့အား သတင်းပို့ရမည်ကို သိရှိအောင် သေချာဆောင်ရွက်ပေးခြင်း
                                                                                                                          • ကိုရိုနာဗိုင်းရတ်စ် (COVID-19) စစ်ဆေးမှု ခံယူထားသည့် အလုပ်သမားများ သို့မဟုတ် ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရောဂါရှိကြောင်း အတည်ပြုခံရသည့် အလုပ်သမားများအပါအဝင် နေထိုင်မကောင်းသည့် အလုပ်သမားများ မည်သူမျှ အလုပ်ခွင်သို့ တက်ရောက်မည် မဟုတ်ကြောင်း သေချာဆောင်ရွက်ပေးခြင်း

                                                                                                                            ဥပဒေဆိုင်ရာ တာဝန်များ

                                                                                                                            အလုပ်ရှင်များတွင် OHS အက်ဥပဒေ အရ တာဝန်များရှိသည်၊ ၎င်းတွင် အလုပ်ရှင်များသည် လက်ရှိအချိန်အထိ သင့်တင့်လျောက်ပတ်စွာဖြင့် လက်တွေ့ကျနိုင်သမျှ အောက်ပါတို့ကို လုပ်ရမည် -

                                                                                                                            • ဘေးကင်းလုံခြုံပြီး အလုပ်သမားများနှင့် ကန်ထရိုက်ဖြင့် သီးခြားလုပ်သူများ၏ ကျန်းမာရေးအပေါ် အန္တရာယ်များ မရှိစေသော အလုပ်လုပ်ကိုင်ရာ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးပြီး ထိန်းသိမ်းထားရမည်။
                                                                                                                              • အလုပ်သမားများနှင့် သီးခြား ကန်ထရိုက်ဖြင့်လုပ်သူများ၏ သာယာဝပြောရေးအတွက် လုံလောက်သော အသုံးအဆောင်ပစ္စည်းများ ပံပိုးပေးရမည်။
                                                                                                                                • အလုပ်သမားများနှင့် ကန်ထရိုက်ဖြင့်လုပ်သူများအတွက် ကျန်းမာရေးအပေါ် ဘေးကင်းလုံခြုံပြီး အန္တရာယ် မရှိစေသော နည်းလမ်းဖြင့် မိမိတို့၏ အလုပ်ကို ထမ်းဆောင်နိုင်ရန် လိုအပ်သမျှ သတင်းအချက်အလက်များ၊ ညွှန်ကြားချက်များ၊ လေ့ကျင့်သင်တန်းများ သို့မဟုတ် ကြီးကြပ်ပေးမှုများ ပံ့ပိုးပေးရမည်။
                                                                                                                                  • မိမိ အလုပ်သမားများ၏ ကျန်းမာရေးကို စောင့်ကြပ်ကြည့်ရှုရမည်။
                                                                                                                                    • မိမိ၏ စီမံအုပ်ချုပ်ရေးနှင့် ထိန်းချုပ်မှု အောက်၌ရှိသော အလုပ်ခွင်နေရာ မည်သည့်နေရာမဆိုရှိ အခြေအနေများကို စောင့်ကြပ်ကြည့်ရှုရမည်။
                                                                                                                                      • အလုပ်သမားများအား ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးတို့နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ (သင့်တော်သလို) အင်္ဂလိပ်စာမှလွဲ၍ အခြား ဘာသာစာများဖြင့် အပါအဝင် ပေးအပ်ရမည်။
                                                                                                                                        • အလုပ်ရှင်၏ အလုပ်သမားများ မဟုတ်သော အခြားသူများမှာ ၎င်းတို့၏ ကျန်းမာရေးအပေါ် အလုပ်ရှင်၏ တာဝန်ယူလုပ်ကိုင်သည့် လုပ်ရပ်မှ ပေါ်ပေါက်လာသော အန္တရာယ်များ မကျရောက်စေရန် သေချာစေရမည်။
                                                                                                                                          • အလုပ်သမားများနှင့် HSRs (အကယ်၍ ရှိလျှင်) တို့နှင့် ၎င်းသူတို့အား တိုက်ရိုက် ထိခိုက်စေမည့် သို့မဟုတ် တိုက်ရိုက် ထိခိုက်စေနိုင်ဖွယ်ရှိသည့် ကျန်းမာရေး သို့မဟုတ် ဘေးကင်းလုံခြုံရေးတို့နှင့်ပတ်သက်သော အကြောင်းအရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးတိုင်ပင်ရမည်။

                                                                                                                                            OHS ဥပဒေ၏ ရည်ရွယ်ချက်များအရ ၎င်းတို့မှာ ‘အလုပ်ရှင်’ ဖြစ်သည် မဖြစ်သည်ကို ထည့်သွင်းမစဉ်းစားဘဲ အလုပ်ခွင်ကို စီမံရသူ သို့မဟုတ် ထိန်းချုပ်ရသူ လူတစ်ဦးသည် အလုပ်ခွင်နှင့် အလုပ်ခွင်သို့ ဝင်ရောက်ခြင်းနှင့် ထွက်ခွာခြင်း နည်းလမ်းများမှာ ဘေးကင်းလုံခြုံပြီး ကျန်းမာရေးကို အန္တရာယ် မရှိစေကြောင်း လက်ရှိအချိန်အထိ သင့်တင့်လျောက်ပတ်စွာ လက်တွေ့ကျနိုင်သမျှ သေချာဆောင်ရွက်ရမည်။

                                                                                                                                            အလုပ်သမားများတွင်လည်း အဆိုပါ OHS အက်ဥပဒေအရ တာဝန်များ ရှိသည်၊ ၎င်းအရ အလုပ်သမားများ လုပ်ရမည်မှာ -

                                                                                                                                            • အလုပ်ခွင်၌ အလုပ်သမား၏ လုပ်ရပ်များ သို့မဟုတ် ပျက်ကွက်မှုများကြောင့် မိမိကိုယ်တိုင်၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအပြင် ထိခိုက်နိုင်ဖွယ်ရှိသည့်သူများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် သင့်တော်သလို ဂရုစိုက်ရမည်။
                                                                                                                                              • အဆိုပါ အက်ဥပဒေ (OHS Act) ပြဌာန်းချက် သို့မဟုတ် အက်ဥဒေအရ ချမှတ်ထားသော သတ်မှတ်ချက်တစ်ခုကို လိုက်နာလုပ်ဆောင်ရန်အတွက် အလုပ်ရှင်မှ လုပ်ဆောင်သည့် လုပ်ရပ်တစ်ခုခုကိုလေးစားလိုက်နာ၍ မိမိတို့၏ အလုပ်ရှင်နှင့် ပူးပေါင်းလုပ်ဆောင်ရမည်။