ကျန်းမာရေး စောင့်ရှောက်မှုနှင့် လူမှုရေးဆိုင်ရာ ပံ့ပိုးမှု လုပ်ငန်းကဏ္ဍတို့၌ ကိုရိုနာဗိုင်းရတ်စ် (COVID-19) အထိအတွေ့ကို ကာကွယ်ရေးနှင့် စီမံကွပ်ကဲရေး

လူနာ သယ်ယူပို့ဆောင်ရေးအပါအဝင် ဆေးဘက်ဆိုင်ရာနှင့် ဆေးဘက်ဆိုင်ရာ-မဟုတ်သော အနေအထားများ၌ COVID-19 အထိအတွေ့ အန္တရာယ်ကို စီမံကွတ်ကဲခြင်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ

အဆင့် ၄ ပိတ်ပင်ကန့်သတ်ချက်များကို Melbourne မြို့နယ်နိမိတ်နှင့် အဆင့် ၃ ပိတ်ပင်ကန့်သတ်ချက်များကို ဗစ်တိုးရီးယားပြည်နယ် နယ်စွန်ဒေသတို့တွင် သက်ဆိုင်သည်

သင့် လုပ်ငန်းကဏ္ဍအပေါ်မူတည်ပြီး အဆင့် ၄ 'အိမ်၌နေပါ' ဆိုသည့် ပိတ်ပင်ကန့်သတ်ချက်များကို ချမှတ်သည့်ကိစ္စ၌ သင့်အလုပ်နေရာတွင် လုပ်ရန်လိုအပ်နိုင်ဖွယ်ရာရှိသည်မှာ -

  • အလုပ်ခွင်၌ လုပ်သည့်အလုပ်ကို ပိတ်ထားကောင်း ပိတ်ထားရနိုင်သည်
    • ချမှတ်ထားသည့် COVIDSafe အစီအစဥ်နှင့်အတူ အလုပ်ခွင်နေရာ၌ လုပ်သည့်အလုပ်ကို ဆက်လက် ဖွင့်ထားကောင်း ဖွင့်ထားနိုင်သည်
      • ပိတ်ပင်ကန့်သတ်ထားသည့် လုပ်ငန်းလည်ပတ်မှုများ သို့မဟုတ် လုပ်ငန်းကဏ္ဍ သီးခြား တာဝန်များအပေါ် မူတည်ကောင်း မူတည်နိုင်သည်။

        ဤပိတ်ပင်ကန့်သတ်ချက်များကို အချိန်မရွေး ပြောင်းလဲပြင်ဆင်ကောင်း ပြင်ဆင်နိုင်သည်။ သင်သည် သင့် လုပ်ငန်းကဏ္ဍအတွက် ပြောင်းလဲချက် တစ်ရပ်ရပ်နှင့်ပတ်သက်ပြီး နောက်ဆုံးသတင်း သိနေအောင်လုပ်ရမည်။

        COVIDSafe အစီအစဥ်တစ်ရပ်ကို ပြင်ဆင်ပါ

        အဆင့် ၄ 'အိမ်၌နေပါ' ဆိုသည့် ပိတ်ပင်ကန့်သတ်ချက်များအရ အလုပ်ခွင်၌ လုပ်ငန်းလည်ပတ်သည့် အလုပ်နေရာတိုင်းအတွက် COVIDSafe အစီအစဉ်တစ်ရပ် ထားရှိရန်မှာ မဖြစ်မနေလုပ်ရမည့်ကိစ္စဖြစ်သည်။ အဆင့် ၃ 'အိမ်၌နေပါ' ဆိုသည့် ပိတ်ပင်ကန့်သတ်ချက်များအရ အလုပ်ခွင်၌ လုပ်ငန်းလည်ပတ်သည့် အလုပ်နေရာများအတွက် COVIDSafe အစီအစဉ်တစ်ရပ် ထားရှိရန် အကြံပြုပါသည်။

        COVIDSafe အစီအစဉ်တစ်ရပ်အားဖြင့် စီးပွားလုပ်ငန်းများအား ဗစ်တိုးရီးယားပြည်နယ် ကျန်းမာရေး အရာရှိချုပ် (Victorian Chief Health Officer (CHO)) က ထုတ်ပြန်သည့် လမ်းညွှန်ချက်များအရ ၎င်းတို့ လိုက်နာရမည့် သတ်မှတ်ချက်များနှင့် ကိုက်ညီစေပါသည်။

        Business Victoria တွင် COVIDSafe အစီအစဥ်များနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ရှိသည်၊ ပုံစံများနှင့် လမ်းညွှန် အပါအဝင်ဖြစ်သည်။

        ပိတ်ပင်ကန့်သတ်ချက်များကြောင့် သက်ရောက်ခံရမည့် ကျွန်ုပ်၏ OHS တာဝန်များမှာ မည်သို့ရှိမည်နည်း။

        ပိတ်ပင်ကန့်သတ်ချက်များကြောင့် အလုပ်ခွင် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး အက်ဥပဒေ ၂၀၀၄ ခုနှစ် (Occupational Health and Safety Act 2004 (OHS Act)) နှင့် အလုပ်ခွင် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး စည်းမျဉ်းများ ၂၀၁၇ ခုနှစ် (Occupational Health and Safety Regulations 2017 (OHS Regulations)) တို့အရ သင့် တာဝန်များအပေါ် ပြောင်းလဲချက် မရှိပါ။

        COVIDSafe အစီအစဉ်တစ်ရပ် ပြင်ဆင်ရေးဆွဲခြင်းသည် ဘေးကင်းလုံခြုံသော အလုပ်စနစ် တစ်ရပ် ထူထောင်ခြင်း၏ အစိတ်အပိုင်း ဖြစ်စေသည်၊ သို့သော်လည်း COVIDSafe အစီအစဥ်တစ်ရပ် ထားရှိခြင်းနှင့် CHO လမ်းညွှန်ချက်များကို လိုက်နာခြင်းသည် သင့်အနေဖြင့် OHS အက်ဥပဒေနှင့် OHS စည်းမျဥ်းများအရ သင့် တာဝန်များကို သင် လိုက်နာခဲ့ပြီးဖြစ်သည်ဟု သေချာပေါက် မဆိုလိုပါ။

        သင့်စီးပွားလုပ်ငန်းကို မည်သို့လုပ်ငန်းလည်ပတ်ရမည်ဟု ချမှတ်ထားသည့် ကျန်းမာရေး လမ်းညွှန်ချက် တစ်စုံတစ်ရာကို လိုက်နာရမည့်အပြင် OHS အက်ဥပဒေအရ သင့်တာဝန်များကို သင် လိုက်နာနေသည်ဖြစ်သည်ကိုလည်း သေချာစေရမည်။ အလုပ်သမားများကလည်း OHS အက်ဥပဒေအရ ၎င်းတို့၏ တာဝန်များကို လိုက်နာရမည်။

        နောက်ကြောင်း ရာဇဝင်

        ၂၀၂၀ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် ဗစ်တိုးရီးယားပြည်နယ် အစိုးရသည် ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရောဂါကူးစက်ပျံ့နှံ့မှုကို လျှော့ပါးသွားစေရန်အတွက် ဗစ်တိုးရီးယားပြည်နယ်တွင် အရေးပေါ် အခြေအနေတစ်ရပ် ကြေညာခဲ့သည်။

        သြစတြေးလျနိုင်ငံ၌ ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရောဂါရှိကြောင်း အတည်ပြုခံရသူ ဦးရေမှာ တိုးပွားနေလျက်ရှိသည်။ အခြေအနေမှာ လျင်မြန်စွာ ပြောင်းလဲနေသည်။

        ကိုရိုနာဗိုင်းရတ်စ် (COVID-19) ကူးစက်မှုသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ နာမကျန်းမှု အပျော့စားမှ အပြင်းစားအထိ ဖြစ်ပွားစေနိုင်သည်။ ကိုရိုနာဗိုင်းရတ်စ် (COVID-19) ၏ အဖြစ်များလေ့ရှိသော ရောဂါလက္ခဏာများမှာ -

        • ကိုယ်ပူအဖျားတက်ခြင်း
          • ချမ်းဖျားခြင်း သို့မဟုတ် ချွေးထွက်ခြင်း
            • ချောင်းဆိုးခြင်း
              • လည်ချောင်းနာခြင်း
                • အသက်ရှူကျပ်ခြင်း
                  • နှာရည်ယိုခြင်း
                    • အနံ့ခံမရခြင်း

                      ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုရေးဆိုင်ရာ ပံ့ပိုးပေးရေး လုပ်ငန်းကဏ္ဍရှိ အလုပ်သမားများတွင် ကိုရိုနာဗိုင်းရစ် (COVID-19) အထိအတွေ့ခံရမည့် အန္တရာယ် မြင့်မားသည်။ ဤအလုပ်သမားများသည် ဆေးရုံဆေးခန်းများနှင့် လူများ၏ အိမ်များ၌ လူနာများနှင့် ဝန်ဆောင်မှုရယူသူများတို့နှင့် နီးနီးကပ်ကပ် အထိအတွေ့ ရှိလာနိုင်ဖွယ်ရှိသည်၊ အဘယ်ကြောင့်ဆိုသော် သူတို့သည် ကူးစက်မှုများသည့် ပတ်ဝန်ကျင်၌ အလုပ်လုပ်သောကြောင့်ဖြစ်သည်။

                      အလုပ်ရှင်များတွင် ဘေးကင်းလုံခြုံပြီး အလုပ်သမားများ၏ ကျန်းမာရေးအပေါ် အန္တရာယ် မကျရောက်စေသည့် အလုပ်လုပ်ကိုင်ရာ ပတ်ဝန်းကျင်တစ်ခုကို လက်ရှိအချိန်အထိ သင့်တင့်လျောက်ပတ်စွာ လက်တွေ့ကျနိုင်သမျှ ဖန်တီးပေးပြီးထိန်းသိမ်းထားရန် တာဝန်ရှိသည်။ ၎င်းတွင် လက်ရှိ အခြေအနေများ၌ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုရေးဆိုင်ရာ ပံ့ပိုးရေးဝန်ဆောင်မှုများကို ဆောင်ရွက်ပေးခြင်းအကျိုးဆက် အဖြစ် ကိုရိုနာဗိုင်းရတ်စ် (COVID-19) အထိအတွေ့ အလားအလာနှင့် ဆက်နွှယ်နေသည့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပါအဝင် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအပေါ် ကျရောက်လာမည့်အန္တရာယ် များကို ကာကွယ်ပေးခြင်းပါဝင်သည်။

                      အလုပ်သမားများတွင် အလုပ်ခွင်၌ မိမိတို့၏ ကိုယ်ပိုင်နှင့် အခြားသူများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးကို သင့်တင့်လျောက်ပတ်စွာ စောင့်ရှောက်ပေးရန် တာဝန်ရှိသည့်အပြင် OHS အက်ဥပဒေ သို့မဟုတ် စည်းမျဉ်းများနှင့် ကိုက်ညီစေရန် အလုပ်ရှင်များက လုပ်ဆောင်သည့် အရေးယူလုပ်ဆောင်ချက် မည်သည့်လုပ်ဆောင်ချက်ကိုမဆို မိမိတို့၏ အလုပ်ရှင်များနှင့်ပူးပေါင်း လုပ်ဆောင်ရန် တာဝန်ရှိသည်။

                      အလုပ်ရှင်နှင့် အလုပ်သမား တာဝန်များနှင့်ပတ်သက်၍ အချက်အလက်များကို အောက်တွင် ဖော်ပြထားသည် (ဥပဒေအရ တာဝန်များကို ကြည့်ပါ)။

                      Notifiable incidents and coronavirus (COVID-19)

                      From 28 July 2020 new temporary regulations under the Occupational Health and Safety Act 2004 specify when employers and self-employed persons must notify WorkSafe of a confirmed diagnosis of coronavirus (COVID-19) in the workplace. For more information see the guidance Notifiable incidents involving coronavirus (COVID-19).

                      ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုရေးဆိုင်ရာ ပံ့ပိုးရေး လုပ်ငန်းကဏ္ဍ၌ ကျန်းမာရေးအပေါ် ကျရောက်မည့် အန္တရာယ်များကို ဖော်ထုတ်ခြင်း

                      အလုပ်ရှင်များသည် မိမိတို့၏ အလုပ်ခွင်တွင် ကိုရိုနာဗိုင်းရတ်စ် (COVID-19) နှင့်အထိအတွေ့မှ မိမိ၏ အလုပ်သမားများ၏ ကျန်းမာရေးအပေါ် အန္တရာယ် အဆင့်ကို ဖော်ထုတ်ရမည်၊ လူများ၏ အိမ်များ၌  စောင့်ရှောက်မှု လုပ်ပေးသည့်ကိစ္စ အပါအဝင်ဖြစ်သည်။ ၎င်းကို ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး ကိုယ်စားလှယ်များ (health and safety representatives (HSRs)) နှင့် အလုပ်သမားများတို့နှင့် တိုင်ပင်ဆွေးနွေးပြီးလုပ်ရမည်။

                      ကိုရိုနာဗိုင်းရတ်စ်နှင့် အထိအတွေ့ကျရောက်နိုင်ဖွယ်ရှိသည့် လုပ်ရှားဆောင်ရွက်မှုအချို့မှာ -

                      • ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရောဂါကူးစက်မှု သံသယဖြစ်ခံရသည့် သို့မဟုတ် အတည်ပြုခံရသည့် လူများအား တိုက်ရိုက် စောင့်ရှောက်မှု သို့မဟုတ် ပံ့ပိုးမှု ဆောင်ရွက်ပေးခြင်း။
                        • ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရောဂါကူးစက်မှု သံသယဖြစ်ခံရသည့် သို့မဟုတ် အတည်ပြုခံရသည့် လူများအား သယ်ယူပို့ဆောင်ပေးခြင်း။
                          • ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရောဂါကူးစက်မှု သံသယဖြစ်ခံရသည့် သို့မဟုတ် အတည်ပြုခံရသည့် လူနာများနှင့် အထိအတွေ့ရှိခဲ့နိုင်ဖွယ်ရှိသည့် အလုပ်သမားများမှ အခြားအလုပ်သမားများသို့ ရောဂါကူးစက်ခြင်း။
                            • ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရောဂါကူးစက်မှု သံသယဖြစ်ခံရသည့် သို့မဟုတ် အတည်ပြုခံရသည့် လူများအား လေဖိအားအသုံးပြု ဆေးကုသမှုများ (aerosol-generating procedures) (ဥပမာ - အဆုတ်ပြွန်အတွင်း ကိရိယာဖြင့် ကြည့်ရှုစစ်ဆေးခြင်း (bronchoscopy)၊ အသက်ရှူပြွန် ထိုးသွင်းတပ်ဆင်ခြင်း (tracheal intubation)၊ ကိုယ်အတွင်း မဖောက်ဘဲ ဆေးစစ်ခြင်း (non-invasive)၊ နှာခေါင်းမှ အောက်စီဂျင် ကောင်းကောင်းစီးဆင်းမှု ကုထုံး (high flow nasal oxygen therapy)၊ လေပြွန်မတပ်ဆင်မီ အခြေခံလက်ညှစ်အသက်ရှူစက် (manual ventilation before intubation)၊ နှလုံးနှင့်အဆုတ် အသက်ပြန်ရှူအောင် ကုသပေးခြင်း (cardiopulmonary resuscitation)၊ ချွဲသလိပ် ဟက်ထုတ်ခြင်း (sputum induction)၊ အချိအချွဲ စုပ်ထုတ်ခြင်း (suctioning)၊ ဆေးအငွေ့ရှူစက်အသုံးပြုမှု (nebuliser use)) ဆောင်ရွက်ပေးခြင်း။
                              • ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရောဂါကူးစက်မှုနှင့် ညီညွတ်နေသော ရောဂါလက္ခဏာများ ပြသလျက်ရှိနေသည့်လူများကို ခန္ဓာကိုယ်ကျန်းမာရေး စမ်းသပ်မှုလုပ်ခြင်း။
                                • ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရောဂါကူးစက်မှု သံသယဖြစ်ခံရသည့် သို့မဟုတ် အတည်ပြုခံရသည့် လူများ အသုံးပြုထားသည့် ဆေးဘက်ဆိုင်ရာ ကိရိယာများကို သန့်ရှင်းဆေးကြောခြင်း။
                                  • ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရောဂါကူးစက်မှု သံသယဖြစ်ခံရသည့် သို့မဟုတ် အတည်ပြုခံရသည့် လူများ၏ အခန်းသို့ ဝင်ရောက်သော သန့်ရှင်းရေးသမားများ၊ အိမ်တွင်းအလုပ်သမားများ သို့မဟုတ် ဧည့်သည်များ။
                                    • ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရောဂါကူးစက်မှု သံသယဖြစ်ခံရသည့် သို့မဟုတ် အတည်ပြုခံရသည့် လူများ သုံးစွဲထားသော ဇွန်းခရင်း၊ ပန်းကန်ခွက်ယောက်များ သို့မဟုတ် အခြားပစ္စည်းများကို သန့်ရှင်းဆေးကြောခြင်း။
                                      • ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရောဂါကူးစက်မှု သံသယဖြစ်ခံရသည့် သို့မဟုတ် အတည်ပြုခံရသည့် လူများ ရောက်ရှိခဲ့သော အခန်းများနှင့် အများပြည်သူနေရာများကို သန့်ရှင်းပေးခြင်း။
                                        • ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရောဂါကူးစက်မှု သံသယဖြစ်ခံရသည့် သို့မဟုတ် အတည်ပြုခံရသည့် လူများ ဖြတ်သန်းသွားလာသည့်နေရာများ (ဥပမာ- အခန်းများ၊ စကြံလမ်းများ၊ စောင့်ဆိုင်းခန်းများ၊ ကဖီးများ၊ နေထိုင်ရာဂေဟာများ၏ အများသုံး နေရာများ)။
                                          • ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရောဂါကူးစက်မှု သံသယဖြစ်ခံရသည့် သို့မဟုတ် အတည်ပြုခံရသည့် လူများ၏ အသက်ရှူလမ်းကြောင်း စစ်ဆေးရန်အရည်စနမူနာများကို ကိုင်တွယ်စီမံခြင်း။
                                            • ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရောဂါကူးစက်မှု သံသယဖြစ်ခံရသည့် သို့မဟုတ် အတည်ပြုခံရသည့် လူများနှင့် အပြန်အလှန်ပြောဆိုရသည့် ဧည့်ကြိုကောင်တာ အလုပ်တာဝန်များ။
                                              • ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရောဂါကူးစက်မှု သံသယဖြစ်ခံရသည့် သို့မဟုတ် အတည်ပြုခံရသည့် လူများကို ပြုစုစောင့်ရှောက်ရသော ဝန်ထမ်းများက သုံးစွဲထားသည့် ညစ်ညမ်းနေသော စွန့်ပစ်ပစ္စည်းများ သို့မဟုတ် တစ်ကိုယ်ရေကာကွယ်ရေး ကိရိယာ (PPE) ကို ကိုင်တွယ်ခြင်း။

                                                အလုပ်ရှင်များအနေဖြင့် အောက်ပါတို့ အပါအဝင် ကိုရိုနာဗိုင်းရတ်စ် (COVID-19) ကြောင့် အခြား တိုးပွားလာမည့် အန္တရာယ်များ ရှိမရှိ ကိုလည်းဖော်ထုတ်ရမည်။

                                                • ဦးစီးဦးဆောင် စီမံခန့်ခွဲရေး ညံ့ဖျင်းမှု၊ မြန်မြန်ဆန်ဆန် ပြောင်းလဲနေသည့် သတင်းအချက်အလက်များ၊ တိုးလာသည့် အလုပ်တာဝန်၊ အစိုးရ ပိတ်ပင်ကန့်သတ်ချက်များကို အကောင်အထည်ဖော်ဆောင်မှုနှင့် ကိုရိုနာဗိုင်းရတ်စ် (COVID-19) နှင့်ပတ်သက်၍ အများပြည်သူ ကြောက်ရွံ့မှုတို့ကြောင့် လုပ်ငန်းခွင် အကြမ်းဖက်မှုနှင့် ခိုက်ရန်ဖြစ်ပွားမှု။
                                                  • တိုးပွားလာသည့် အလုပ်တာဝန်၊ မလုံလောက်သည့် ဝန်ထမ်းချထားရေး အဆင့်များ၊ အပို အလုပ်အဆိုင်းများ သို့မဟုတ် ပိုမိုကြာမြင့်သည့် အလုပ်ဆိုင်းနှင့် အခြား ဖိစီးမှုများကြောင့် ပင်ပန်းနွှမ်းနယ်မှု။
                                                    • အခြားသူထံမှ ကူးစက်လာသည့် စိတ်ဒဏ်သင့်မှု၊ တိုးမြင့်လာသည့် အလုပ်တာဝန်နှင့် ဆက်တိုက် မြင့်မားသည့် အဆင့်ရှိ အာရုံစိုက်မှုတို့ကြောင့် စိတ်သောကရောက်မှု။
                                                      • ပံ့ပိုးပစ္စည်းများ PPE သို့မဟုတ် သန့်ရှင်းရေးသုံး ကိရိယာတို့ကဲ့သို့ ရရှိနိုင်မှု။
                                                        • လုပ်သားထုအင်အားနှင့် ကျွမ်းကျင်မှု လျှော့ပါးမှု၊ အလုပ်သမားတစ်ဦး သာမန်အားဖြင့် လုပ်ကိုင်ရသည့် လုပ်သားထုအင်အား ဖွဲ့စည်းပုံ သို့မဟုတ် အလုပ်တာဝန်များ အပေါ် ပြောင်းလဲမှု အပါအဝင်ဖြစ်သည်။
                                                          • •ရှေ့တန်းပတ်ဝန်းကျင်၌ PPE အသုံးပြုခြင်း၏ လက်တွေ့ကျမှု (လူနာ၏ အိမ်သို့ ဝင်ရောက်ခြင်း၊ လူနာအား အိမ်ကြမ်းပြင်ပေါ်မှာ ကုသပေးခြင်း ကဲ့သို့ဖြစ်သည်)။
                                                            • ပတ်ဝန်းကျင် အကြောင်းခံများကြောင့် PPE ထိရောက်မှု ပျက်ပြားလာခြင်း သို့မဟုတ် ပျက်စီးသွားခြင်း (ဥပမာ၊ လူနာတင်ယာဉ်ဆေးဖက်အကူ၏ ဝတ်ရုံများ လေပြင်းထန်မှုကြောင့် ငြိသွားခြင်း သို့မဟုတ် ပေါက်ပြဲသွားခြင်း)။

                                                              ကျန်းမာရေးအပေါ် အန္တရယ်များကို ထိန်းချုပ်ခြင်း

                                                              စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပါအဝင် အလုပ်ခွင်၌ ကျန်းမာရေးအပေါ် အန္တရာယ်ကို ဖော်ထုတ်သည့်ကိစ္စ၌ အလုပ်ရှင်သည် အဆိုပါအန္တရာယ်ကို လက်ရှိအချိန်အထိ သင့်တင့်လျောက်ပတ်စွာ လက်တွေ့ကျနိုင်သမျှ သုတ်သင်ဖယ်ရှားပစ်ရမည်။ အဆိုပါ အန္တရာယ်ကို သုတ်သင်ဖယ်ရှားရန် မဖြစ်နိုင်သည့်ကိစ္စ၌ ၎င်းကို လက်ရှိအချိန်အထိ သင့်တင့်လျောက်ပတ်စွာ လက်တွေ့ကျနိုင်သမျှ ထိန်းချုပ်ထားရမည်။

                                                              အလုပ်ရှင်များတွင် အလုပ်သမားများနှင့်တကွ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး ကိုယ်စားလှယ်များ (HSRs) (ရှိလျှင်) တို့နှင့် ၎င်းတို့အား တိုက်ရိုက် ထိခိုက်မည့် သို့မဟုတ် တိုက်ရိုက် ထိခိုက်နိုင်ဖွယ်ရှိသည့် ကျန်းမာရေး သို့မဟုတ် ဘေးကင်းလုံခြုံရေးနှင့်ဆက်နွှယ်သည့် ကိစ္စရပ်များကို ဆွေးနွေးတိုင်ပင်ရန်လည်း တာဝန်ရှိသည်။

                                                              ၎င်းတွင် ဘေးအန္တရာယ်များ သို့မဟုတ် အန္တရာယ်များကို ဖော်ထုတ်ခြင်းနှင့် ကိုရိုနာဗိုင်းရတ်စ် (COVID-19) နှင့် ဆက်နွှယ်သည့် အန္တရာယ်များကို မည်သို့ထိန်းချုပ်ရန်နှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များကို ဆွေးနွေးခြင်း ပါဝင်သည် (ဥပမာ ပုံမှန်အလုပ်လုပ်ရာနေရာအစား အခြားနေရာ၌ အလုပ်လုပ်ကိုင်ခြင်း၊ သေဆုံးသူများအား စီမံခန့်ခွဲရေးအတွက် လုပ်ထုံးလုပ်နည်းများ)။

                                                              ထိုကဲ့သို့ လိုအပ်သည့် ထိန်းချုပ်ရေးဆိုင်ရာ အရေးယူလုပ်ဆောင်ချက်များ၏ အမျိုးအစားများမှာ အန္တရာယ်အဆင့်အပေါ် မူတည်သည့်အပြင် တစ်ဦးချင်း အလုပ်နေရာများအပါအဝင် အလုပ်ခွင် တစ်ခုချင်းအတွက် ထိန်းချုပ်မှုများ ရရှိနိုင်မှုနှင့် သင့်တော်မှုတို့အပေါ်တွင်လည်း မူတည်သည်။

                                                              ထိန်းချုပ်ရေးဆိုင်ရာ အရေးယူလုပ်ဆောင်ချက်များတွင် ပါဝင်သည်မှာ -

                                                              အလုပ် စနစ်များ

                                                              • ကိုရိုနာဗိုင်းရတ်စ် (COVID-19) ကြောင့် ဝယ်လိုအား မြင့်တက်လာမှုကို ဖြေရှင်းရန် ဖွဲ့စည်းပုံဆိုင်ရာ- အဆင့် အစီအစဉ်များ တည်ထောင်ခြင်း၊ အလုပ်သမားများအပေါ် အထိအတွေ့ အန္တရာယ်များအား တားဆီးပေးရန် ထိန်းချုပ်ရေးဆိုင်ရာ အရေးယူလုပ်ဆောင်ချက်များအတွက် ပြင်ဆင်ရေးနှင့် သွတ်သွင်းချမှတ်ရေးအပါအဝင်ဖြစ်သည်။ ဤအစီအစဉ်များကို ကျန်းမာရေးနှင့် လူမှုဝန်ဆောင်မှုများ ဌာန (Department of Health and Human Services (DHHS)) ကိုရိုနာဗိုင်းရတ်စ် (COVID-19) ဝက်ဘ်ဆိုက် (အောက်ပါ လင့်ခ်ကို ကြည့်) မှ ချမှတ်ပေးထားသည့် အကြံပြုချက်နှင့်အညီ ပြင်ဆင်သင့်သည်။
                                                                • ရောဂါဖြစ်ပွားလာသည့် ကိစ္စ၌ ပြဌာန်းချမှတ်မည်ဖြစ်သည့် ထိန်းချုပ်ရေးများအား ဖော်ညွှန်းပေးသည့် အဆောင်အအုံအစီအစဉ်များကို DHHS မှ ချမှတ်ပေးထားသည့် အကြံပြုချက်နှင့်အညီ တည်ထောင်ခြင်း (ဥပမာ နေထိုင်သူများအား အထိအတွေ့မဲ့ အထီးကျန်နေစေခြင်း၊ ရေချိုးခန်းနှင့် မီးဖိုချောင် အသုံးအဆောင်များ သုံးစွဲမှု)။
                                                                  • ကိုရိုနာဗိုင်းရတ်စ် (COVID-19) သံသယဖြစ်ခံရသည့် သို့မဟုတ် အတည်ပြုခံရသည့် လူများနှင့် မလိုလားအပ်သည့် အထိအတွေ့ကို တားဆီးပေးခြင်း (ဥပမာ ရောဂါအမျိုးအစား စစ်ဆေးရန် ဖုန်းဖြင့် ကြိုတင် စိစစ်ခြင်း၊ ဖုန်းဖြင့် ဆွေးနွေးခြင်း)။
                                                                    • ကိုရိုနာဗိုင်းရတ်စ် (COVID-19) သံသယဖြစ်ခံရသည့် သို့မဟုတ် အတည်ပြုခံရသည့်သူတို့အား ပြုစုစောင့်ရှောက်သော အဖွဲ့များကို သီးသန့်ခွဲခြားပေးထားခြင်းအားဖြင့် အပြန်အလှန်-ကူးစက်မည့် အန္တရာယ်ကို အနည်းဆုံးဖြစ်အောင်လုပ်ခြင်း။
                                                                      • အလုပ်သမားများအား အလုပ်အဆိုင်း တစ်ခုစီအတွက် တစ်ခုတည်းသော လူနာဆောင် သို့မဟုတ် အဆောက်အအုံတွင် တာဝန်ချထားပေးခြင်းဖြင့် ကူးစက်မှုကို ကန့်သတ်ပေးခြင်း။
                                                                        • စောင့်ရှောက်ရေး-အခြေခံသည့် ဂေဟာများ၌ လူနာများ သို့မဟုတ် ဖောက်သည်များအား အတူတူဖြစ်သော အလုပ်သမားအား အလုပ်အဆိုင်းတစ်ခုစီအတွက် တစ်သမတ်တည်း တာဝန်ချထားပေးခြင်းအားဖြင့် ကူးစက်မှုကို ကန့်သတ်ပေးခြင်း။
                                                                          • အားလုံးသော အလုပ်ခွင်အခြေအနေများ၌ လူချင်း ခပ်ခွာခွာနေခြင်းကို တစ်သမတ်တည်း ကျင့်သုံးခြင်း၊ ဆေးဘက်ဆိုင်ရာနှင့် ဆေးဘက်ဆိုင်ရာ-မဟုတ်သော အနေအထားများ၊ အလုပ်လွှဲပေးခြင်းများ၊ အဝေးရောက်ဆက်သွယ်မှု၊ အိမ်သွားရောက်မှုများနှင့် သာယာကောင်းမွန်ရေး စစ်ဆေးမှုများအချိန်အတွင်းအပါအဝင် ဖြစ်သည်။
                                                                            • ဝန်ထမ်းများ နေထိုင်မကောင်းသည့်အခါ သူတို့ အလုပ်မသွားရန် သေချာအောင် အတိအလင်း ညွှန်ကြားထားရန်ဖြစ်သည်။
                                                                              • ကူးစက်မှုကို တားဆီးရန်အတွက် ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရောဂါကူးစက်မှု သံသယဖြစ်မှုကို စောစီးစွာ ရှာဖွေဖော်ထုတ်နိုင်စေရန် ကျန်းမာရေး အလုပ်သမားများအား စောင့်ကြပ်ကြည့်ပေးခြင်း။
                                                                                • ပျက်ကွက်မည့်ဝန်ထမ်းများအတွက် စီးပွားလုပ်ငန်း ဆက်လက်လုပ်ကိုင်နေစေမည့် အစီအစဉ်များကို ချမှတ်ထားကြောင်း သေချာစေခြင်း၊ ဝန်ထမ်းများအား မိမိ၏ ပုံမှန် အလုပ်နယ်ပယ်ကဏ္ဍ ပြင်ပနယ်ပယ်သို့ နေရာချထားရေးအတွက် သင့်တော်သော လုပ်ငန်းဝင် သင်တန်းနှင့် သက်ဆိုင်ရာ လုပ်ငန်း အသေးစိတ် သင်တန်းအပါအဝင်ဖြစ်သည်။

                                                                                  ဘေးကင်းလုံခြုံသည့် အလုပ်စနစ်များဖြင့် အစီအစဉ်ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကို အထောက်အကူပြုနိုင်ဖွယ်ရာရှိသည့် နည်းလမ်းများအပါအဝင် ကျန်းမာရေး ဝန်ဆောင်မှုများအတွက် DHHS ဝက်ဘ်ဆိုက် သတင်းအချက်အလက်များကို ကိုးကားရည်ညွှန်းပါ။

                                                                                  အလုပ် ပတ်ဝန်းကျင်အနေအထားနှင့် အဆောက်အအုံအနေအထားများ

                                                                                  • ကိုရိုနာဗိုင်းရတ်စ် (COVID-19) သံသယဖြစ်ခံရသည့် သို့မဟုတ် အတည်ပြုခံရသည့် လူများနှင့် မလိုလားအပ်သည့် အထိအတွေ့ကို တားဆီးရန် အလုပ်ပတ်ဝန်းကျင်အနေအထားအား ပြောင်းလဲပေးခြင်း (ဥပမာ သတ်မှတ်ပေးထားသော အဆောက်အအုံများ၊ ဧည့်ကြိုကောင်တာ၌ မှန်ကြည်ပြား အကာအရံအတားအဆီး၊ ကိုရိုနာဗိုင်းရတ်စ် (COVID-19) သံသယဖြစ်ခံရသည့် သို့မဟုတ် အတည်ပြုခံရသည့် လူများအတွက် သီးခြားသတ်မှတ်ပေးထားသည့် ဝင်ပေါက်နှင့် ထွက်ပေါက် နေရာများဖြစ်သည်။
                                                                                    • အလုပ်သမားများအား တစ်ကိုယ်ရေ သန့်စင်ရေး အလေ့အကျင့်များ ထိန်းသိမ်းထားစေရန်အတွက် အဆောက်အအုံများ သို့မဟုတ် ထုတ်ကုန်ပစ္စည်းများကို (ဥပမာ ဆပ်ပြာနှင့် လက်သုတ်ပဝါများပါရှိသည့် လက်ဆေးကြောနေရာများ၊ အရက်ပျံ ၆၀ ရာခိုင်နှုန်းကျော် ပါဝင်သည့် လက်ပိုးသတ်သန့်စင်ဆေးရည်၊ ပိုးသတ်ရန်/သန့်ရှင်းရေးလုပ်ရန်အတွက် အရောင်ချွတ် ဆေးရည်) သုံးစွဲမှုအား ဖြန့်ဖြူးပေးခြင်းနှင့် အားပေးအားမြှောက်ပြုခြင်း။
                                                                                      • ဖုန်းများ၊ စားပွဲများ၊ ရုံးခန်းများ သို့မဟုတ် အခြား အလုပ်ကိရိယာများနှင့် ကိရိယာတို့ကို အတူ ဝေမျှသုံးစွဲခြင်းအား ရှောင်ကြဉ်ခြင်း။
                                                                                        • အလုပ်ခွင်နေရာများကို သေသေချာချာနှင့် ပုံမှန် ပိုးသတ်သန့်စင်ပေးခြင်း။
                                                                                          • ထိုက်သင့်သော အမှိုက်စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေး စနစ်၊ ညစ်ညမ်းနေသော PPE ကို လုံခြုံစွာ စွန်ပစ်ခြင်း အပါအဝင်ဖြစ်သည်။
                                                                                            • အလုပ်သမားများအား ၎င်းတို့၏ အလုပ်အဆိုင်း အဆုံးမသတ်မီ ၎င်းတို့၏ အဝတ်များကို လျှော်ဖွတ်ရန်နှင့် လဲလှယ်ရန် အချိန်ပေးခြင်း။
                                                                                              • အားလုံးသော အလုပ်သမားများတွင် အစာစားချိန်များအတွက် သန့်ရှင်းပြီး ဘေးကင်းလုံခြုံသော နေရာများရှိကြောင်း သေချာစေခြင်း။

                                                                                                PPE

                                                                                                • ကျန်းမာရေး ဝန်ဆောင်မှုများနှင့် အထွေထွေရောဂါကု ဆရာဝန်များအတွက် DHHS ထံမှ လမ်းညွှန်ချက်နှင့်အညီ အလုပ်နှင့်ဆက်နွှယ်သည့် အန္တရာယ်အဆင့်နှင့် လိုက်လျောညီမည့် PPE ကို ဖြန့်ချီပေးထားခြင်း (လင့်ဂ် အောက်တွင်ရှိသည်) ။ သတင်းအချက်အလက်များ၊ ညွှန်ကြားချက်နှင့် လေ့ကျင့်သင်တန်းတို့ ပေးရမည်ဖြစ်ပြီး သတင်းအချက်အလက်များတွင် PPE အဘယ်ကြောင့် လိုအပ်ကြောင်း၊ DHHS လမ်းညွှန်ချက်နှင့်အညီ ၎င်းကို မည်ကဲ့သို့ လုံခြုံအောင် အသုံးပြုနိုင်ကြောင်း နှင့် မည်ကဲ့သို့ ဖယ်ရှားပြီး စွန့်ပစ်ရမည့်အကြောင်း ပါရှိသင့်သည်။
                                                                                                  • ဖြန့်ချီပေးထားသည့် မည်သည့် PPE မဆိုသည် အလုပ်ပတ်ဝန်းကျင်နှင့် လက်တွေ့ကျကြောင်း သေချာစေခြင်း။
                                                                                                    • ခရီးသွားနေစဉ်နင့် အိမ်၌ရှိနေစဉ် အဝတ်အစားမှ အပြန်အလှန်-ရောဂါကူးစက်မှု အန္တရာယ်ကို လျှော့ချရန်အပြင် အတူတကွ ခရီးသွားလာသည့်အခါ အလုပ်ခွင်ဆိုင်ရာ အကြမ်းဖက်မှုအန္တရာယ် လျှော့ချရန်တို့အတွက် အလုပ်ခွင်၌ အလုပ်သမားများ ဝတ်ရန် အဝတ်အစားများကို ဖြန့်ဖြူးပေးခြင်း။
                                                                                                      • အလုပ်သမားများအတွက် PPE နှင့် ညစ်ညမ်းနေသော အဝတ်အစားများကို ဘေးကင်းလုံခြုံစွာ ချွတ်ပြီး စွန့်ပစ်ရန် လုံလောက်သော အခန်းများ ပေးအပ်ထားခြင်း။
                                                                                                        • ညစ်ညမ်းသွားနိုင်သည့် အလားအလာရှိသော အဝတ်အစားများကို သယ်ယူပို့ဆောင်ပြီး ကိုင်တွယ်ရန် လိုအပ်မှုကို လျှော့ချစေရန်အတွက် အလုပ်သမားများအား အဝတ်လျှော် ဝန်ဆောင်မှုများ ဖြန့်ချီပေးထားခြင်း။
                                                                                                          • ဝန်ထမ်းများနှင့် PPE ရရှိနိုင်မှု (ဥပမာ သိုလှောင်ထားမှု အဆင့်) အကြောင်း ပုံမှန် ဆက်သွယ်ပြောဆိုခြင်း။

                                                                                                            ပြောဆိုဆက်သွယ်ရေးများနှင့် အလုပ်သမား သာယာဝဖြိုးရေး

                                                                                                            • အဆိုပြုမည့် ပြောင်းလဲချက်များ တစ်ခုခုနှင့် ပတ်သက်၍ သူတို့၏ အကြံပြုချက်များရရှိစေရန် HSRs နှင့် အလုပ်သမားများတို့နှင့် မကြာခဏ လိုအပ်သလို ဆွေးနွေးခြင်း။
                                                                                                              • အလုပ်သမားများအား ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရောဂါကူးစက်မှု အန္တရာယ် လျှော့ကျစေရန် လူနာများ၊ ဝန်ဆောင်မှုရယူသူများနှင့် ဧည့်သည်များအား ပြောင်းလဲထားသော မျှော်လင့်ချက်များနှင့် အလုပ်လုပ်ကိုင်ရာ အခြေအနေများ တစ်ခုခုကို ဆက်သွယ်ပြောကြားပေးခြင်း။
                                                                                                                • အလုပ်သမားများအနေဖြင့် အဆင့်သင့် နားလည်နိုင်သည့် ပုံစံများနှင့် ဘာသာစကားများဖြင့် သတင်းအချက်အလက်များကို ဖြန့်ဖြူးပေးခြင်း။
                                                                                                                  • ကိုရိုနာဗိုင်းရတ်စ် (COVID-19) အထိအတွေ့နှင့်စပ်လျဉ်း၍ မြင့်မားသော အန္တရာယ်ရှိကြောင်း ယူဆရသည့် အလုပ်သမားများအား ဖြစ်နိုင်သည့်ကိစ္စ၌ အန္တရာယ် နိမ့်ကျသည့် အနေအထားများတွင် အလုပ်လုပ်ရန် အခွင့်အလမ်းများကို ပေးအပ်ရန်ဖြစ်သည်။
                                                                                                                    • ပညာပေးပို့ချမှုများနှင့် ဌာနတွင်း အစည်းအဝေးများအတွက် ဗွီဒီယိုဖြင့်ဆွေးနွေးခြင်းကို အသုံးပြခြင်း။
                                                                                                                      • အလုပ်သမားများအနေဖြင့် ပုံမှန် အားလပ်ချိန်များယူရန်နှင့် အနားယူရန်အားလပ်ချိန်များအတွက် လုံလောက်သော ပံ့ပိုးအရာများ ရရှိအောင် သေချာဆောင်ရွက်ပေးခြင်း။
                                                                                                                        • ခွင့်သွားနေသည့် အလုပ်သမားများအပါအဝင် အားလုံးသော အလုပ်သမားများ၊ ကန်ထရိုက်ဖြင့်လုပ်သူများနှင့် ကျဘမ်းအလုပ်သမားများသို့ အသစ်မွှမ်းမံထားသည့် သတင်းအချက်အလက်များကို ဖြန့်ဖြူးပေးခြင်း။
                                                                                                                          • အလုပ်သမားများအနေဖြင့် အလုပ်ခွင်၌ အသုံးပြုခဲ့သည့် ညစ်ညမ်းရန် အလားအလာရှိသည့် အဝတ်အစားများနှင့် ပစ္စည်းများကို မည်ကဲ့သို့ ကိုင်တွယ်ရမည်၊ သယ်ယူပို့ဆောင်ရမည်နှင့် ပိုးသတ်သန့်စင်ရမည်ကို သိရှိအောင် သေချာဆောင်ရွက်ပေးခြင်း။
                                                                                                                            • အလုပ်သမားများသည် အကယ်၍ သူတို့ နေထိုင်မကောင်းလျှင် သို့မဟုတ် သူတို့ ကူးစက်ခံရကြောင်း သံသယဖြစ်လျှင် DHHS (အောက်ပါ လင့်ခ်ကို ကြည့်ပါ) မှ ချမှတ်ပေးထားသည့် သတင်းအချက်အလက်များနှင့်အညီ မည်သည်ကို လုပ်ဆောင်ရမည် သို့မဟုတ် မည်သူ့အား သတင်းပို့ရမည်ကို သိရှိအောင် သေချာဆောင်ရွက်ပေးခြင်း။
                                                                                                                              • အလုပ်သမားများသည် အကယ်၍ သူတို့ အလုပ်ခွင်၌ မလုံခြုံကြောင်း သို့မဟုတ် အဆင်မပြေကြောင်း ခံစားရလျှင် မည်သည်ကို လုပ်ဆောင်ရမည် သို့မဟုတ် မည်သူ့အား အကြောင်းကြားရမည်ကို သိရှိအောင် သေချာဆောင်ရွက်ပေးခြင်း။

                                                                                                                                အကယ်၍ အလုပ်သမား တစ်ဦးတွင် ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရောဂါလက္ခဏာများ ဖြစ်ပွားလာပါက သူတို့သည် ချက်ချင်း ကိုယ်တိုင်-အထိအတွေ့မဲ့ အထီးကျန်နေရလိမ့်မည်၊ ကိုရိုနာဗိုင်းရတ်စ် သတင်းအချက်အလက် ဖုန်းလိုင်း 1800 675 398 ကို သို့မဟုတ် သူတို့၏ ဆရာဝန်ဆီသို့ ဖုန်းဆက်သင့်ပြီး DHHS ဝက်ဘ်ဆိုက် (လင့်ဂ် အောက်တွင်ရှိသည်) တွင် ရရှိနိုင်သော ကိုယ်တိုင်-အထိအတွေ့မဲ့ အထီးကျန်နေခြင်းဆိုင်ရာ လမ်းညွှန်ကို လိုက်နာရလိမ့်မည်။

                                                                                                                                ကိုရိုနာဗိုင်းရတ်စ် (COVID-19) ထိတွေ့မှုနှင့်ဆက်နွှယ်သည့် အန္တရာယ်ကို သင့်တင့်လျောက်ပတ်စွာ လက်တွေ့ကျကျ သုတ်သင်ရှင်းလင်းပစ်ရန် သို့မဟုတ် လျှော့ချပစ်ရန် အလုပ်ရှင်တစ်ဦး၏ တာဝန်မှာ -

                                                                                                                                • အလုပ်သမားများသည် အကယ်၍ သူတို့ နေထိုင်မကောင်းလျှင် သို့မဟုတ် သူတို့ ကူးစက်ခံရကြောင်း သံသယဖြစ်လျှင် DHHS (အောက်ပါ လင့်ခ်ကို ကြည့်ပါ) မှ ချမှတ်ပေးထားသည့် သတင်းအချက်အလက်များနှင့်အညီ မည်သည်ကို လုပ်ဆောင်ရမည် သို့မဟုတ် မည်သူ့အား သတင်းပို့ရမည်ကို သိရှိအောင် သေချာဆောင်ရွက်ပေးခြင်း
                                                                                                                                  • ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရောဂါရှိကြောင်း စစ်ဆေးမှုအဖြေထွက်သူ အလုပ်သမားများ သို့မဟုတ် ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရောဂါရှိကြောင်းအတည်ပြုခံရသူ အလုပ်သမားများအပါအဝင် နေထိုင်မကောင်းသည့် အလုပ်သမားများ မည်သူမျှ အလုပ်ခွင်သို့ တက်ရောက်ရမည် မဟုတ်ကြောင်း သေချာဆောင်ရွက်ပေးခြင်း

                                                                                                                                    ပုံမှန်အလုပ်လုပ်ရာနေရာအစား အခြားတည်နေရာများမှနေ၍ အလုပ်လုပ်ခြင်း

                                                                                                                                    အချို့ကိစ္စများ၌ အလုပ်ရှင်များသည် အလုပ်သမားများအား သူတို့၏ ပုံမှန်အလုပ်လုပ်ကိုင်ရာနေရာအစား အခြားနေရာတစ်ခုမှနေ၍ အလုပ်လုပ်စေရန် လိုအပ်ကောင်း လိုအပ်နိုင်သည်။

                                                                                                                                    ၎င်းတွင် အခြားနေရာတစ်ခုမှနေ၍ အလုပ်လုပ်ကိုင်ခြင်း၊ အသစ်တည်ဆောက်ထားသည့် ဆေးခန်းများ၊ ရုတ်ချည်းဖန်တီးထားသည့် ဆေးရုံများ၊ အရေးပေါ်စီစဉ်ထားသည့် နေရာများနှင့် အိမ်ကိုအခြေခံသည့်-စောင့်ရှောက်ရေး၌ ပြောင်းလဲမှုများတို့ပါဝင်သည်။ အခြားတစ်နေရာမှနေ၍ အလုပ်လုပ်ခြင်းသည် သင့်တင့်လျောက်ပတ်စွာ လက်တွေ့ကျကျ ဖြစ်မဖြစ်မှာ အလုပ်ခွင်၏ အသေးစိတ်များ၊ အလုပ်သမားများအတွက် ရရှိနိုင်သော အဆောက်အအုံများနှင့် အလုပ်သမားများအတွက် မိမိတို့၏ အလုပ်ကို ဘေးကင်းလုံခြုံစွာ လုပ်ကိုင်ရန် အရည်အချင်းတို့အပေါ် မူတည်ပါသည်။

                                                                                                                                    အလုပ်သမားများအနေဖြင့် အခြား တည်နေရာတစ်ခုမှ အလုပ် လုပ်သင့် မလုပ်သင့် ဆိုသည့်ဆုံးဖြတ်ချက်များ ချမှတ်သည့်အခါ အလုပ်ရှင်များသည် အလုပ်သမားများနှင့် HSRs (အကယ်၍ ရှိလျှင်) တို့နှင့် ဆွေးနွေးရမည့်အပြင် အောက်ပါတို့ ပါဝင်သင့်သည် -

                                                                                                                                    • မြင့်မားသော ထိတွေ့မှု အန္တရာယ်ရှိသည့်နေရာများသို့ အလုပ်တာဝန် မချထားပေးမီ အလုပ်သမားတစ်ဦးသည် ကိုရိုနာဗိုင်းရတ်စ် (COVID-19) ကူးစက်မှု၏ မြင့်မားသော အန္တရာယ် ရှိမရှိ သို့မဟုတ် ဆက်နွှယ်သည့် နောက်ဆက်တွဲ ပြဿနာများ ကြုံတွေ့နေရခြင်း ရှိမရှိ စဉ်းစားသင့်သည်။
                                                                                                                                      • အခြားတစ်နေရာမှနေ၍ အလုပ်လုပ်ခြင်းသည် လက်ဖြင့်လုပ်ကိုင်ရသည့် ဘေးအန္တရာယ်နှင့် ဆက်နွှယ်သည့် အန္တရာယ်များ သို့မဟုတ် အထီးကျန်နေရခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ အန္တရာယ်များကဲ့သို့ ထပ်ဆင့်အန္တရာယ်များ ဖြစ်စေခြင်းရှိမရှိ စဉ်းစားသင့်သည်။
                                                                                                                                        • ကိုရိုနာဗိုင်းရတ်စ် (COVID-19) အန္တရာယ်များနှင့် ထိုက်သင့်သော ထိန်းချုပ်ရေးဆိုင်ရာ အရေးယူလုပ်ဆောင်ချက်များနှင့်ပတ်သက်သည့် အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်များကို ထားရှိသင့်သည်။
                                                                                                                                          • သင့်အခြေအနေများနှင့် သီးခြားသက်ဆိုင်သည့် အကြံဉာဏ်ကို တောင်းခံနိုင်သည်၊ DHHS သို့မဟုတ် အခြား အစိုးရ အေဂျင်စီရုံးများနှင့် ဥပဒေ အကြံပေးဌာနတို့က ထုတ်ပြန်သည့် တရားဝင် အကြံပေးချက်တို့အပါအဝင် ဖြစ်သည်။ အချို့သော အလုပ်သမားများနှင့် အလုပ်ရှင် အဖွဲ့အစည်းများသည်လည်း လမ်းညွှန်ချက် ထုတ်ပြန်ကောင်း ထုတ်ပြန်နိုင်သည်။
                                                                                                                                            • အလုပ်လုပ်ကိုင်ရာ အစီအမံများနှင့်ပတ်သက်၍ အလုပ်သမားများထံသို့ သတင်းအချက်အလက်များ ဖြန့်ဖြူးပေးရေးအတွက် ဆက်သွယ်ရေး စနစ်များကို ထူထောင်သင့်သည်။
                                                                                                                                              • အလုပ်လုပ်ကိုင်သည့် အချိန်နာရီများကို ဖြစ်နိုင်ပါက စောင့်ကြပ်ကြည့်ရှုပြီး ပြောင်းလွယ်ပြင်လွယ်ရှိစေရန် သေချာဆောင်ရွက်သင့်သည်။
                                                                                                                                                • IT ၊ ကိရိယာနှင့် ကိုယ်ရေးကိုယ်တာ လိုအပ်မှုများအတွက် ပံ့ပိုးရေး စနစ်များကို နေရာတကျ သတ်မှတ်ထားနိုင်အောင် သေချာဆောင်ရွက်ပါ။

                                                                                                                                                  ပုံမှန်အလုပ်လုပ်ကိုင်ရာ နေရာအစား အခြားနေရာသို့ ပြောင်းရွှေ့၍နေရာချပေးခံရမည့် အလုပ်သမားများအား လုံလောက်သည့် လုပ်ငန်းဝင်သင်တန်းနှင့် အလုပ်နှင့်သီးခြားသက်ဆိုင်သည့် သင်တန်းတို့ကိုလည်း အလုပ်ရှင်များက ပံ့ပိုးပေးရမည်။

                                                                                                                                                  ဥပဒေဆိုင်ရာ တာဝန်များ

                                                                                                                                                  အလုပ်ရှင်များတွင် အလုပ်ခွင် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး အက်ဥပဒေ ၂၀၀၄ ခုနှစ် (Occupational Health and Safety Act 2004 (OHS Act)) အရ တာဝန်များရှိသည်၊ ၎င်းအရ အလုပ်ရှင်များသည် လက်ရှိအချိန်အထိ သင့်တင့်လျောက်ပတ်စွာဖြင့် လက်တွေ့ကျနိုင်သမျှ အောက်ပါတို့ကို လုပ်ရမည် -

                                                                                                                                                  • အလုပ်သမားများနှင့် ကန်ထရိုက်ဖြင့် သီးခြားလုပ်သူများ၏ ကျန်းမာရေးအပေါ် ဘေးကင်းလုံခြုံပြီး အန္တရာယ်များ မရှိစေသော အလုပ်လုပ်ကိုင်ရာ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးပြီး ထိန်းသိမ်းထားရမည်။
                                                                                                                                                    • အလုပ်သမားများနှင့် သီးခြားကန်ထရိုက်ဖြင့်လုပ်သူများ၏ သာယာဝဖြိုးရေးအတွက် လုံလောက်သော အသုံးအဆောင်ပစ္စည်းများ ပံ့ပိုးပေးရမည်။
                                                                                                                                                      • အလုပ်သမားများနှင့် ကန်ထရိုက်ဖြင့်လုပ်သူများအတွက် ကျန်းမာရေးအပေါ် ဘေးကင်းလုံခြုံပြီး အန္တရာယ် မရှိစေသော နည်းလမ်းဖြင့် မိမိတို့၏ အလုပ်ကို ထမ်းဆောင်နိုင်ရန် လိုအပ်သမျှ သတင်းအချက်အလက်များ၊ ညွှန်ကြားချက်များ၊ လေ့ကျင့်သင်တန်းများ သို့မဟုတ် ကြီးကြပ်ပေးမှုများ ပံ့ပိုးပေးရမည်။
                                                                                                                                                        • အလုပ်သမားများ၏ ကျန်းမာရေးကို စောင့်ကြပ်ကြည့်ရှုရမည်။
                                                                                                                                                          • အလုပ်ရှင်၏ စီမံအုပ်ချုပ်ရေးနှင့် ထိန်းချုပ်မှု အောက်၌ရှိသော မည်သည့်အလုပ်ခွင် အခြေအနေများကိုမဆို စောင့်ကြပ်ကြည့်ရှုရမည်။
                                                                                                                                                            • အလုပ်သမားများအား ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးတို့နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ (သင့်တော်သလို) အင်္ဂလိပ်စာမှလွဲ၍ အခြားဘာသာစာများဖြင့် အပါအဝင် ပေးအပ်ရမည်။
                                                                                                                                                              • အလုပ်ရှင်၏ အလုပ်သမားများ မဟုတ်သော အခြားသူများမှာ ၎င်းတို့၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအပေါ် အလုပ်ရှင်၏ တာဝန်ယူဆောင်ရွက်သည့် လုပ်ရပ်တစ်ခုမှ ပေါ်ပေါက်လာသော အန္တရာယ်များ မကျရောက်စေရန် သေချာရမည်။ အလုပ်သမားများနှင့် HSRs (အကယ်၍ ရှိလျှင်) တို့နှင့် ၎င်းသူတို့အား တိုက်ရိုက် ထိခိုက်စေမည့် သို့မဟုတ် တိုက်ရိုက် ထိခိုက်စေနိုင်ဖွယ်ရှိသည့် ကျန်းမာရေး သို့မဟုတ် ဘေးကင်းလုံခြုံရေးတို့နှင့်ပတ်သက်သော အကြောင်းအရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးတိုင်ပင်ရမည်။

                                                                                                                                                                အလုပ်ခွင်ကို စီမံရသူ သို့မဟုတ် ထိန်းချုပ်ရသူ လူတစ်ဦးသည် အလုပ်ခွင်နှင့် အလုပ်ခွင်သို့ ဝင်ရောက်ခြင်းနှင့် ထွက်ခွာခြင်း နည်းလမ်းများမှာ ဘေးကင်းလုံခြုံပြီး ကျန်းမာရေးကို အန္တရာယ် မရှိစေကြောင်း လက်ရှိအချိန်အထိ သင့်တင့်လျောက်ပတ်စွာ လက်တွေ့ကျနိုင်သမျှ သေချာဆောင်ရွက်ရမည်။

                                                                                                                                                                အလုပ်သမားများတွင်လည်း အဆိုပါ အက်ဥပဒေ (OHS Act) အရ တာဝန်များ ရှိသည်၊ ၎င်းအရ အလုပ်သမားများ လုပ်ရမည်မှာ -

                                                                                                                                                                • အလုပ်ခွင်၌ အလုပ်သမား၏ လုပ်ရပ်များ သို့မဟုတ် ပျက်ကွက်မှုများကြောင့် မိမိကိုယ်တိုင်၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအပြင် ထိခိုက်နိုင်ဖွယ်ရှိသည့်သူများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် သင့်တော်သလို ဂရုစိုက်ရမည်။
                                                                                                                                                                  • အဆိုပါ အက်ဥပဒေ (OHS Act) ပြဌာန်းချက်ကြောင့် သို့မဟုတ် အက်ဥဒေအရ သတ်မှတ်ချက်တစ်ခုကို လိုက်နာလုပ်ဆောင်ရန်အတွက် အလုပ်ရှင်မှ လုပ်ဆောင်သည့် လုပ်ရပ်တစ်ခုခုနှင့်ပတ်သက်၍ မိမိတို့၏ အလုပ်ရှင်နှင့် ပူးပေါင်းလုပ်ဆောင်ရမည်။

                                                                                                                                                                    အဆိုပါ OHS အက်ဥပဒေသည် HSRs အား မည်သည့် OHS ပြဿနာများကိုမဆို အလုပ်ရှင်ထံတင်ပြပြီး အလုပ်ရှင်နှင့်ဖြေရှင်းရန် လုပ်ပိုင်ခွင့်ပေးထားပြီး အကယ်၍ လိုအပ်လျှင် ပြဿနာများအား ထပ်ဆင့် ဆောင်ရွက်ရန် အာဏာပေးထားပါသည်။