ဝန်ထမ်းများအတွက် COVID-19 အချက်အလက်များ

သင်၏အလုပ်ခွင်တွင် COVID-19 အကြောင်းနှင့် လုပ်ငန်းခွင်ကျန်းမာရေးနှင့် ဘေးကင်းရေးအကြောင်း မေးလေ့မေးထရှိသည့် မေးခွန်းများ။

Shape

ဤအချက်အလက်များသည် ထုတ်ဝေချိန်တွင် မှန်ကန်ပါသည်။

COVID-19 နှင့်ပတ်သက်၍ နောက်ဆုံးရအချက်အလက်များအတွက် coronavirus.vic.gov.au တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

သင့်လုပ်ငန်းဆိုင်ရာ သီးသန့်အချက်အလက်များနှင့် လိုအပ်ချက်များအကြောင်း သင့်အလုပ်ရှင်နှင့် ဆွေးနွေးပါ။

coronavirus.vic.gov.au

သင့်ကို COVID-19 အန္တရာယ်များမှ ကာကွယ်ပေးရန်အတွက် သင့်အလုပ်ရှင်မှ ပြုလုပ်ရန်လိုအပ်သည့်အရာများ

ဗစ်တိုးရီးယားပြည်နယ်၏ လုပ်ငန်းခွင် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဥပဒေအရ သင့်အလုပ်ရှင်သည် ကြောင်းကျိုးညီပြီး လက်တွေ့ကျနိုင်သမျှဘေးကင်းလုံခြုံပြီး မိမိတို့ဝန်ထမ်းများ၏ ကျန်းမာရေးကို အန္တရာယ်မဖြစ်စေသော အလုပ်ပတ်ဝန်းကျင်တစ်ခု ပေးကာ ထိန်းသိမ်းထားရမည်ဖြစ်သည်။ ၎င်းတွင် လုပ်ငန်းခွင်၌ COVID-19 နှင့် ထိတွေ့နိုင်သော အန္တရာယ်ကို ကာကွယ်ပေးရမည့် လုပ်ဆောင်ချက်များ ပါဝင်ပါသည်။

သင့်အလုပ်ရှင်သည် မိမိတို့လုပ်ငန်းခွင်ရှိ ဝန်ထမ်းများ သို့မဟုတ် အခြားလူများတွင် COVID-19 နှင့် ဆက်စပ်နေသော ကျန်းမာရေးအန္တရာယ်ရှိမရှိ ရှာဖွေဖော်ထုတ်ရမည်။ ၎င်းတို့သည် ကြောင်းကျိုးညီပြီး လက်တွေ့ကျနိုင်သမျှ အောက်ပါတို့ကို ဆောင်ရွက်ရမည် -

  • ဤအန္တရာယ်များကို ဖယ်ရှားရန် သို့မဟုတ် လျှော့ချရန် သင့်လျော်သော ထိန်းချုပ်ရေးအစီအမံများ အသုံးပြုရမည်
  • အန္တရာယ်များ ရှာဖွေဖော်ထုတ်ခြင်းနှင့် ၎င်းတို့ကို မည်သို့ထိန်းချုပ်ရမည်ကို ဆုံးဖြတ်ခြင်းတို့ကဲ့သို့ ကိစ္စရပ်တစ်ခုခု လုပ်ဆောင်ပါက ဝန်ထမ်းများနှင့် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး ကိုယ်စားလှယ်များ (HSRs) နှင့် ဆွေးနွေးရမည်
  • ဝန်ထမ်းများအား ၎င်းတို့၏အလုပ်ကို ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော အချက်အလက်များ၊ ညွှန်ကြားချက်များ၊ သင်တန်း သို့မဟုတ် ကြီးကြပ်မှုများ ပံ့ပိုးရမည်
  • ဝန်ထမ်းများအား လုပ်ငန်းခွင်အတွင်း ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်ရေးနှင့်ပတ်သက်သော အချက်အလက်များကို သင့်လျော်သော ဘာသာစကားများဖြင့် ပံ့ပိုးပေးရမည်။

သင့်အလုပ်ရှင်သည်လည်း COVID-19 နှင့်ပတ်သက်သည့် အစိုးရလမ်းညွှန်ချက်များ၊ ဉပမာအားဖြင့် ဗစ်တိုးရီးယား ကျန်းမာရေးဝန်ကြီး၏ ကမ္ဘာ့ကပ်ရောဂါဆိုင်ရာအမိန့်များကို လိုက်နာရမည်။

သင့်အလုပ်ရှင်သည် COVID-19 နှင့်ပတ်သက်၍ အစိုးရညွှန်ကြားချက်များကိုလည်း လိုက်နာရမည်။ ဥပမာ - ဗစ်တိုးရီးယားပြည်နယ် ကျန်းမာရေးအရာရှိချုပ်ထံမှ။

COVID-19 ရောဂါထိတွေ့မှု အန္တရာယ်ကို စီမံခန့်ခွဲရန် သင့်အလုပ်ရှင် ပြုလုပ်သင့်သည့်အရာများသည် အောက်ပါတို့ပေါ်တွင် မူတည်ပါသည် -

  • သင်လုပ်သည့် အလုပ်အမျိုးအစား
  • အလုပ်နှင့်ဆက်စပ်နေသည့် အန္တရာယ်အတိုင်းအတာ
  • ထောက်ပံ့ရေးပစ္စည်းများ ရရှိနိုင်မှုအပါအဝင် အလုပ်တာဝန်နှင့် ဆက်စပ်အန္တရာယ်များအတွက် ကြောင်းကျိုးသင့်စွာ လက်တွေ့လုပ်ဆောင်နိုင်သည့်အရာ
  • ဗစ်တိုးရီးယား ကျန်းမာရေးဝန်ကြီးထံမှ လက်ရှိ ကမ္ဘာ့ကပ်ရောဂါနှင့်ပတ်သက်သည့် အမိန့်များ သို့မဟုတ် အစိုးရ အကြံပြုချက်များ၊ ဥပမာ ကျန်းမာရေးဌာနမှ လမ်းညွှန်ချက်။

ထိန်းချုပ်ရေးအစီအမံများ

COVID-19 ရောဂါထိတွေ့မှု အန္တရာယ်ကို စီမံခန့်ခွဲရန် သင့်လျော်သော ထိန်းချုပ်ရေးအစီအမံများအတွက် နမူနာအချို့မှာ -

  • ဖြစ်နိုင်ပါက အချင်းချင်းအကွာအဝေးခြားထားခြင်း
  • အခြားသူများနှင့် ထိတွေ့မှုကိုလျှော့ချရန် အလုပ်အလေ့အထများ ပြောင်းလဲခြင်း
  • ဝန်ထမ်းများအား အိမ်မှာကဲ့သို့ အခြားနေရာမှ အလုပ်လုပ်ခွင့်ပေးခြင်း
  • အစုလိုက်ရောဂါဖြစ်ပွားခြင်း သို့မဟုတ် အသိုက်အဝန်းတွင်း ကူးစက်မှုတစ်ခု ဖြစ်ခဲ့ပါက COVID-19 ကူးစက်ပြန့်ပွားမှု အနည်းဆုံးဖြစ်စေရန် လုပ်သားအင်အား အဖွဲ့များ ဖန်တီးခြင်း (ဥပမာ - အလုပ်နေရာတစ်ခုတွင် တူညီသော အဆိုင်းတစ်ခုဖြင့် ဝန်ထမ်းအုပ်စုများ ဖွဲ့ထားခြင်း)
  • အလုပ်ခွင်တွင် လေဝင်လေထွက် ကောင်းမွန်ရမည်
  • လုပ်ငန်းခွင်တွင် အထူးသဖြင့် အသုံးများသော ဧရိယာများ၌ သန့်ရှင်းရေးနှင့် ပိုးသတ်ခြင်းကို တိုးမြှင့်လုပ်ဆောင်ခြင်း
  • ဖုန်းများ၊ စားပွဲများနှင့် ကိရိယာများကို အတူတကွအသုံးပြုခြင်းကို ရှောင်ရှားခြင်း
  • လုပ်ငန်းခွင်ရှိ လူတိုင်းအား တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထကောင်းများကို ကျင့်သုံးရန် အားပေးပြီး လက်ဆေးရာနေရာများနှင့် လက်သန့်ဆေးများကဲ့သို့ ပစ္စည်းများ ပံ့ပိုးခြင်း
  • ဝန်ထမ်းများ နေမကောင်းဖြစ်နေပါက အလုပ်မတက်စေရန်နှင့် ဝန်ထမ်းတစ်ဦး လုပ်ငန်းခွင်၌ရှိနေစဉ် ရောဂါလက္ခဏာများ ပြလာပါက ပြုလုပ်နိုင်မည့် အစီအစဉ်များ ကြိုတင်ထားရှိခြင်း
  • တစ်ကိုယ်ရေသန့်ရှင်းရေး လုပ်ထုံးလုပ်နည်းများကို လိုက်နာရန် ခေတ္တနားချိန်ပိုပေးခြင်း
  • လုပ်ငန်းခွင်သို့ လာရောက်သည့် အလုပ်သမားများနှင့် ဧည့်သည်များ၏ မှတ်တမ်းများ ထားရှိခြင်း
  • လိုအပ်ပါက တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံ (PPE) များ ထုတ်ပေးပြီး မည်သည့်အတွက်ကြောင့် PPE လိုအပ်သည်နှင့် မည်သို့ဘေးကင်းစွာအသုံးပြုရမည်တို့နှင့်ပတ်သက်၍ သိရှိစေပြီး သင်တန်းများပေးခြင်း။

သင်သည် သင့်လုပ်ငန်းခွင်တွင် COVID-19 အန္တရာယ်များကို စီမံခန့်ခွဲပုံနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ပါက

သင်သည် အလုပ်တွင်ဘေးအန္တရာယ်ကင်းစွာ အလုပ်လုပ်နိုင်ခွင့်ရှိသည်။ သင်သည် သင့်လုပ်ငန်းခွင်၏ COVID-19 အန္တရာယ် စီမံခန့်ခွဲပုံနှင့်ပတ်သက်၍ စိုးရိမ်ပူပန်နေပါက စီစဉ်ထားသည့် ထိန်းချုပ်မှုများအကြောင်း သင့်အလုပ်ရှင် သို့မဟုတ် (သင်တို့တွင် HSR တစ်ဦးရှိပါက) HSR နှင့် စကားပြောနိုင်သည်။

သင်၏ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်နေဆဲဖြစ်ပါက သင်သည် -

  • သင့်လုပ်ငန်းခွင်၏ ပြဿနာဖြေရှင်းရေး လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ပါ
  • WorkSafe အကြံပေးအဖွဲ့ ဖုန်း 1800 136 089 ကို ဆက်သွယ်ပါ
  • အလုပ်သမား အဖွဲ့အစည်းများ၊ ဥပဒေရေးရာ ပံ့ပိုးသူများ သို့မဟုတ် ကျန်းမာရေးဌာန သို့မဟုတ် အခြားအစိုးရအေဂျင်စီများမှ ထုတ်ပြန်သော တရားဝင်အကြံဉာဏ်များ အပါအဝင် သင့်အခြေအနေနှင့် တိုက်ရိုက်သက်ဆိုင်သော အကြံဉာဏ်များရရှိရန် ကြိုးစားပါ။

သင့်ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး တာဝန်များ

ဝန်ထမ်းတစ်ဦးအနေဖြင့် သင့်တွင် အောက်ပါတို့အတွက် တာဝန်ရှိသည် -

  • သင်၏ တစ်ကိုယ်ရေကျန်းမာရေးနှင့် လုပ်ငန်းခွင်အတွင်း ဘေးကင်းလုံခြုံရေးကို ကြောင်းကျိုးညီညွတ်စွာ စောင့်ရှောက်ရမည်
  • အခြားသူများ၏ တစ်ကိုယ်ရေကျန်းမာရေးနှင့် လုပ်ငန်းခွင်အတွင်း ဘေးကင်းလုံခြုံရေးကို ကြောင်းကျိုးညီညွတ်စွာ စောင့်ရှောက်ရမည်
  • OHS အက်ဥပဒေအရ လိုအပ်ချက်ကို လိုက်နာရန်အလို့ငှာ ၎င်းတို့ဆောင်ရွက်သော လုပ်ဆောင်ချက်တိုင်းအတွက် သင့်အလုပ်ရှင်နှင့် ပူးပေါင်းဆောင်ရွက်ရမည်။

၎င်း၏အဓိပ္ပါယ်မှာ သင်သည် အိမ်မှအလုပ်လုပ်နေလျှင်ပင် COVID-19 အန္တရာယ်များ လျှော့ချရန်အတွက် သင့်အလုပ်ရှင်၏ ကြောင်းကျိုးညီသော မူဝါဒများ သို့မဟုတ် ညွှန်ကြားချက်များအညီ သင်ပူးပေါင်းဆောင်ရွက်ရမည်ဟု ဆိုလိုသည်။

အခြားသူများကို ကာကွယ်ရန် သင်သည် နေမကောင်းလျှင် သို့မဟုတ် သင်သည် အနီးကပ်ထိတွေ့သူတစ်ဦးဖြစ်နိုင်သည်ဟု ထင်လျှင် အောက်ပါအဆင့်များကို လိုက်နာသင့်သည်။

ကျွန်ုပ်နေမကောင်းပါက မည်သို့ပြုလုပ်ရမည်နည်း

သတိထားရမည့် COVID-19 လက္ခဏာများမှာ -

  • အဖျားတက်ခြင်း
  • ချမ်းတုန်ခြင်း သို့မဟုတ် ချွေးထွက်ခြင်း
  • ချောင်းဆိုးခြင်း
  • လည်ချောင်းနာခြင်း
  • အသက်ရှူကျပ်ခြင်း
  • နှာစေးခြင်း
  • အနံ့ သို့မဟုတ် အရသာ ပျောက်ဆုံးခြင်း သို့မဟုတ် ပြောင်းလဲခြင်း။

အချို့လူများသည် ခေါင်းကိုက်ခြင်း၊ ကြွက်သားနာခြင်း၊ နှာခေါင်းပိတ်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်းနှင့် ဝမ်းပျက်ခြင်းတို့ကိုလည်း ခံစားရနိုင်ပါသည်။

COVID-19 လက္ခဏာတစ်ခုခု သင့်တွင် ရှိပါက၊ လက္ခဏာ မပြင်းထန်စေကာမူ ချက်ချင်း သီးခြား ခွဲနေသင့်ပြီး စမ်းသပ်စစ်ဆေးမှု ရယူပြီး လိုအပ်လျှင် သင့်၏ဆရာဝန်ထံမှ အကြံဉာဏ် ရယူပါ

သို့မဟုတ် ဗစ်တိုးရီးယား ကိုရိုနာဗိုင်းရပ်စ် အရေးပေါ် ဆက်သွယ်ရမည့် ဖုန်းအမှတ် 1800 675 398 သို့ ခေါ်ဆိုပါ။

ရောဂါစစ်ဆေးမှုခံယူခြင်းနှင့်ပတ်သက်၍ ပိုမိုလေ့လာပါ။

သင်သည် အောက်ပါတို့ကိုလည်း ပြုလုပ်သင့်သည် -

  • သင့်အလုပ်ရှင်ကို တတ်နိုင်သမျှအမြန်ဆုံးပြောပြပါ
  • သင့်လုပ်ငန်းခွင်၏ ပြဿနာဖြေရှင်းရေးဆိုင်ရာ လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ပါ
  • အခြေအနေပြောင်းလဲပါက ဥပမာ သင့်တွင် COVID-19 ရောဂါပိုးရှိကြောင်း သိရှိရလျှင် သင့်အလုပ်ရှင်ကို ပြောပြပါ။

COVID-19 ရှိသူ တစ်ဦးဦးနှင့် ထိတွေ့မှုရှိခဲ့လျှင် လုပ်ရမည့်အရာ

COVID-19 ရှိသူ တစ်ဦးဦးနှင့် ထိတွေ့မှုရှိခဲ့လျှင် ကျန်းမာရေးဝန်ကြီးဌာန လုပ်ထုံးလုပ်နည်းများကို လိုက်နာသင့်သည်။

သင့်အနေဖြင့် သီးခြားခွဲနေရန် လိုအပ်လျှင် သင့် အလုပ်ရှင်ကို အမြန်ဆုံး ပြောပြသင့်ပြီး အခြေအနေပြောင်းလဲလျှင်၊ ဥပမာအားဖြင့် COVID-19 ပိုးတွေ့စစ်ဆေးအဖြေရရှိလျှင် အလုပ်ရှင်ကို အကြောင်းကြားပါ။

သင့်ဘာသာစကားဖြင့် အချက်အလက်များ

သင့်ဘာသာစကားဖြင့် WorkSafe အကြောင်း အချက်အလက်များရယူရန်အတွက် ကျွန်ုပ်တို့၏ ဘာသာပြန်နှင့် စကားပြန်ဝန်ဆောင်မှု (TIS National) ဖုန်း 131 450 သို့ ဆက်သွယ်ပါ။